တိုင်းတစ်ပါးသို့ ရောက်ရှိနေသော မြန်မာ့သမိုင်းဝင် အဖိုးတန်အမွေအနှစ် ပစ္စည်းများအကြောင်း
|တိုင်းတစ်ပါးသို့ ရောက်ရှိနေသော မြန်မာ့သမိုင်းဝင် အဖိုးတန်အမွေအနှစ် ပစ္စည်းများအကြောင်း
ပြည်ပရောက် မြန်မာ့သမိုင်းဝင်ပစ္စည်းများ တိုင်းတစ်ပါးသို့ ရောက်ရှိနေသော မြန်မာ့သမိုင်းဝင် ပစ္စည်းများကို တစ်စု တစ်စည်းတည်း ဖော်ပြထားခြင်း ဖြစ်ပါတယ်။ Victoria and Albert Museum London ဗစ်တိုးရိးယား နဲ့ အယ်ဘာတ်ပြတိုက်၊ လန်ဒန် တွင် အများဆုံး တည်ရှိနေပါတယ်။
အချက်အလက် ကိုးကားချက်များကို ရှေးမြန်မာ ဗဟုသုတဒိုင်ချက် မြသန်းတင့် ဒေါက်တာသန်းထွန်း ဘာသာပြန်ဆိုသော John Lowry ; Victoria and Albert Museum , Burmese Arts , London Her Majesty’s – Stationary Office , 1974 . Ya Za Ag Myae တို့မှ ရယူ ထားပါတယ်။
ပတ္တမြား ခေါင်းဘီး
အမျိုးအစား – ပတ္တမြား ခေါင်းဘီး အချိန်ကာလ – ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ် (၁၇၇၅-၁၈၀၀) တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ ပြုလုပ်ပုံနည်းပညာ – သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။ အရွယ်အစား – အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်ပစ္စည်း အမှတ် – IS.2-1902
ဓါး အမည် ရတနာသိင်္ဃ
ဓါး ပုံစံ ငှက်ကြီးတောင် ဓါးအမျိုးအစား နန်းဓါး ဓါးရိုး မင်းရိုး ဓါးအိမ် ဇာတ်တော်ဖွဲ့သရုပ်ပါ ပါဝင် သံ သံ ၇ပါး လက်ရာ ကုန်းဘောင်ခေတ်နှောင်း ပြီးစီးသည့်နှစ် မသိ တည်ရှိသည့်နေရာ လန်ဒန် မြို့တော် ဟားဘတ်စ် ပြတိုက် အင်္ဂလန်
ကင်းဝန်မင်းကြီးဦးကောင်း၏ ဝတ်ရုံ
အမျိုးအစား – ကင်းဝန်မင်းကြီးဦးကောင်း၏ ဝတ်ရုံ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ် တွေ့ရှိရာနေရာ – မန္တလေး ၊ မြန်မာ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။ အတိုင်းအတာ အပေါ်ဖုံးဝတ်ရုံ / အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ – ၁၁၂ စင်တီမီတတာ လက်အရှည် – ၅၀ စင်တီမီတာ ဘေးအကျယ် – ၅၁ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် ) ပုဆိုး / ပုဆိုး အနံ – ၂၃၉ စင်တီမီတာ ပုဆိုး ကွင်းအကျယ် – ၄၄ စင်တီမီတာ အတွင်းခံ အင်္ကျီဖြူ /အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ – ၁၀၉ စင်တီမီတာ လက်အရှည် – ၈၇ စင်တီမီတာ ဘေးအကျယ် – ၄၆ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် ) ခေါင်းစီး / ခေါင်းပေါင်း ခေါင်းစီးကြိုး အလျား – ၅၀ စင်တီမီတာ ခေါင်းပေါင်း အတွင်းကျယ် – ၁၆.၅ စင်တီမီတာ ခေါင်းပေါင်း အမြင့် – ၂၆.၅ စင်တီမီတာ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်ပစ္စည်း အမှတ် – IM.43 to D-1912
ပတ္တမြားငမောက်
ဝိတိုရိယဘုရင်မကြီး၏ သရဖူမှ ပတ္တမြားငမောက်သည် မြန်မာနန်းစဉ်ရတနာဖြစ်သည်။ ထိုပတ္တမြားငမောက်အား (၁၈၈၅ခု၊ နိုင်ဝင်ဘာလ ၂၉ ) နေ့တွင် မြန်မာနိုင်ငံမှ စလေဒင်က ယူဆောင်ပြီး ဆက်သထားခြင်းဖြစ်သည်။
ဧကရီဘုရင်မကြီးထံ ပေးပို့သည့် ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယသရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီးတစ်ချောင်းတို့ ပါသည်။
ရွှေပေလွှာ
အလောင်းမင်းတရားကြီးဦးအောင်ဇေယျမှ ဂျော့စ်ဘုရင် ၂ ထံ ပေးပို့သော ချစ်ကြည်ရေးရွှေပေလွှာနှင့် မြစေတီကျောက်စာတို့အား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနစ်အဖြစ် ယခုနှစ်ပိုင်းတွင် သတ်မှတ်ခဲ့သည်။
နဂါးလက်ကောက် လည်ဆွဲလက်ကောက်
အမျိုးအစား – လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ အချိန်ကာလ – ၁၉ ရာစု (၁၈၅၀) တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ ပြုလုပ်ပုံနည်းပညာ – ကျစ်ဆံမြှီးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။ အရွယ်အစား – အရှည်(အလျား) ၇ လက်မ၊ အနံ ၀.၂၅ လက်မ ။ အရှည် (အလျား) ၆ စင်တီမီတာ ( ပုံပါအတိုင်း) အနံ ၆.၂ စင်တီမီတာ( ပုံပါအတိုင်း) အထူ (ထူ) ၁.၁ စင်တီမီတာ( ပုံပါအတိုင်း) လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်ပစ္စည်း အမှတ် – M.39-1939
၁၈၅၄ ခုနှစ်ကပန်းချီကား
အမျိုးအစား – ၁၈၅၄ ခုနှစ်ကပန်းချီကား အချိန်ကာလ – ၁၉ ရာစု တွေ့ရှိရာနေရာ – ကာလကတ္တား ပြုလုပ်ပုံနည်းပညာ – ရေဆေးပန်းချီ အရွယ်အစား – အမြင့် ၄၃ . ၅ စင်တီမီတာ အကျယ် ၃၅ စင်တီမီတာ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား အယ်ဘာတ်ပြတိုက် လန်ဒန် ။ ပြတိုက်ပစ္စည်းအမှတ် – IS . 108 – 1950 IS . 179 – 195 IS . 181 – 1950 ၁၈၅၂ ခုနှစ်က အင်္ဂလိပ် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းနှင့် ရခိုင်ကိုပါ အင်္ဂလိပ်တို့က သိမ်းယူလိုက်ကြပါတယ် ။
၁၈၅၄ ကုန်ခါနီးမှာ မြန်မာဘုရင် မင်းတုန်းမင်း ( ၁၈၅၃ – ၁၈၇၈ ) အရှေ့နန်းမတော် ဘုရားဝန်မင်းကြီး ဦးဆောင်တဲ့ အဖွဲ့ကို အိန္ဒိယဘုရင်ခံချုပ်လော့ဒလဟိုစီ နဲ့ တွေ့ဖို့ရာ ကာလကတ္တားကို သွားပါတယ် ။ ဆာအာသာဖယ်ရာက ဒီခရီးစဉ်မှာ စကားပြန်အဖြစ်နဲ့ လိုက်ခဲ့တာပါ။ ဆာအာသာဖယ်ရာ ရဲ့ တူမက ပြတိုက်ကို လှူဒါန်းခဲ့တာပါ ။ အတူပါလာတဲ့ နန်းတွင်းပန်းချီ ပညာရှင်က မှတ်တမ်းတင် ရေးဆွဲထားတဲ့ ဒီပန်းချီကား သုံးချပ်လုံးမှာ မြန်မာသံအမတ်များရဲ့ ခမ်းနားထည်ဝါမူတွေကို လေ့လာခွင့်ရခဲ့ပါတယ် ။
ကျန်ရှိနေသော ပစ္စည်းများအား အပိုင်း ၂ အနေဖြင့် ဆက်လက်ဖော်ပြပါမည်။ လေးစားစွာဖြင့် Credit ; Yan Naing