တိုင်းတစ်ပါးသို့ ရောက်ရှိနေသော မြန်မာ့သမိုင်းဝင် အဖိုးတန်ပစ္စည်းများ အပိုင်း ( ၂ )

တိုင်းတစ်ပါးသို့ ရောက်ရှိနေသော မြန်မာ့သမိုင်းဝင် အဖိုးတန်ပစ္စည်းများ အပိုင်း ( ၂ )

ပြည်ပရောက် မြန်မာ့သမိုင်းဝင် ပစ္စည်းများ တိုင်းတစ်ပါးသို့ ရောက်ရှိနေသော မြန်မာ့သမိုင်းဝင် ပစ္စည်းများကို တစ်စု တစ်စည်းတည်း ဖော်ပြထားခြင်း အပိုင်း – ၂ ဖစ်ပါတယ်။ Victoria and Albert Museum London ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် တွင် အများဆုံးတည်ရှိနေပါတယ်။

အချက်အလက် ကိုးကားချက်များကို ရှေးမြန်မာ ဗဟုသုတဒိုင်ချက် မြသန်းတင့် ဒေါက်တာသန်းထွန်း ဘာသာပြန်ဆိုသော John Lowry ; Victoria and Albert Museum , Burmese Arts , London Her Majesty’s – Stationary Office , 1974 . Ya Za Ag Myae တို့မှ ရယူထားပါတယ်။

ဗန္ဓုလ သံချပ်အင်္ကျီ

ယခု လန်ဒန်မြို့ ပြတိုက်တွင်ရှိသည်။ ထိုသံချပ်ကာ အင်္ကျီမှာ မြန်မာနိုင်ငံတွင် လုပ်ထားခြင်းမဟုတ်။ သက္ကရာဇ် ၁၀၀၀ ခန့်က အင်ဒိုပါးရှားပြည်များ၌ ပြု့လုပ်သုံးစွဲလေ့ရှိသော အင်္ကျီမျိုးဖြစ်ပြီး အရောင်တင်သတ္တုပြားများနှင့် ဂွန်းထိုးချည်ထိုး အထည်အမျိုးများနှင့် ခိုင်ခန့်စွာ ချုပ်လုပ်ထားသည်။ အရပ် ၅ ပေ ၈ လက်မ အမြင့်အရွယ်ရှိသည်။

မန္တလေးနန်းသုံးယပ်တောင်

အမျိုးအစား – ယပ်တောင် အချိန်ကာလ – ၁၈၈၀ တွေ့ရှိရာနေရာ – မန္တလေးမြို့ ၊ မြန်မာ ပြုလုပ်ပုံနည်းပညာ – သစ်သားချောင်းငယ် လေးများကို အသုံးပြုပြီး ယပ်တောင်ပုံ အရင်ဖော်ယူသည်။ ပြီးနောက် အသင့်အနေတော် ပိုးထည်စ ကပ်သည်။ ပိုးထည်စပေါ်တွင် ရိုးရာကြက်ဥအကာရောထားသည့် ရေဆေး၊ ရွှေနှင့် ငွေရောင် များကိုအသုံးပြုပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ အရွယ်အစား -အရှည် ၃၄ စင်တီမီတာ ၊အကျယ် (ပွင့်လျက်) ၆၆.၆ စင်တီမီတာ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်ပစ္စည်း အမှတ် – IM.292-1921

ဦးသျှောင် ။

သစ်သားကို သစ်စေးကိုင်ပြီး မှန်စီရွှေချ ထားသည်။ ခရစ်တစ်ဆယ့် ကိုးရာစုနှောင်းဖြစ်မည်ဟုယူဆရသည်။ အမြင့် ၃၆.၈ စင်တီ မီတာ (၁၄၁/၂လက်မ) အချင်း ၂၁.၆ စင်တီမီတာ (၈၁/၂လက်မ)ရှိသည် ။ အဆိုပါဦးသျှောင်သည် အမျိုးသမီးငယ်တစ်ဦးပွဲကရန်သို့မဟုတ် ဇာတ်ခင်းသောအခါဆောင်းရန် လုပ်ပေးထားသည်ဟုယူဆရသည်။ အင်မတန်အချိုးအစား ကျနပါတယ်။ ဇမ္ဗုပတိအတွက် ပြုလုပ်ထားသော မကိုဋ်နှင့်ဆင်တူသည်။ စေတီတွေမှာတင်တဲ့ ထီးနှင့်လည်းသဏ္ဍာန်တူပါသည် ။

လည်တုန်

အမျိုးအစား – လည်ဆွဲဘယက် အချိန်ကာလ – ၁၉ ရာစုနှစ် နှစ်လယ် တွေ့ရှိရာနေရာ – တနင်္သာရီ၊ မြန်မာ ပြုလုပ်ပုံနည်းပညာ – ရွှေချည် နဂထာ ကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့် ပြုပ်တယ်၊ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။ အရွယ်အစား – အရှည် ၂၈ စင်တီမီတာ ၊ အကျယ် ၈ စင်တီမီတာ လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်ပစ္စည်း အမှတ် – 123-1852

၁၉ ရာစုအလယ်ပိုင်း မှာ မြန်မာအမျိုးသမီးတွေ သိပ်ဝတ်တဲ့ လည်ဆွဲ ပါ ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ “လည်တုန်” လို့ခေါ်တယ်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားတာမို့ ဝတ်ဆင်သူဟာ အင်မတန် အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကဖြစ်မှာပါ။

စကော့တလန်နိုင်ငံရောက် ရခိုင့်အမြှောက် လက်နက်ကြီး

အမြှောက်ပေါ်တွင် ရေးထိုးထားသည့်စာ အရ (၁၁၄၆)ခု ပြာသိုလပြည့်ကျော်ရံနေ စနေနေ့ည ၄ ချပ်တီးကျော်တရာရိတွင် ဓညဝတီသိပ်ရ) ဟု ရေးထိုးထားတယ် ။ ရခိုင်မဂ္ဂဇင်း (ဓညဝတီခေတ် သမိုင်းစာအုပ်မှာ ) ၁၁၄၆ ခု ပြာသိုလပြည်ကျော် ၇ ရက်နေ့ စနေ နေ့ က ရခိုင်ပြည်သည် ဗမာဘုရင် မိစ္ဆာမောင်ဝိုင်းလက်အောက် ကျရောက်သော နေ့ ဖြစ်သည်။ ယင်းအချိန်တွင် ရခိုင်ဘုရင် မဟာ သမ္မတရာဇာ က သူ၏ ချစ်မြတ်နိုးလှသော မိဖုရားမြသန္တာ နန့်အတူ သားတော် သမီး တော် ရဲဘော် မှုးမတ် များ ကို ခေါ်ယူ ပြီး တိုက်လှေ အစင်း ၄၀ ဖြင့် (ကမ်းသာယာ )ကျွန်းသာယာ ) ဘက်သို့ တိမ်းရှောင် ခဲ့ရသည် ။ အမြှောက် ရဲ့ ရာဇဝင် က ရခိုင် ဘိုး ဖီး လက်ထက်က အမြှောက် ဖြစ်တယ် ။ ဒီအမြှောက်ကို ပေါ်တူကီ နိုင်ငံ က ပိုင်တယ် လို့ပြောကြတယ် ။ အမြှောက် မှာ ရေးထားတဲ့ စာ က ရခိုင် လို ရေးထားတဲ့စာ ။

နောက်ဆုံးတော့ ရခိုင်ဘုရင် မင်းများ ပိုင်ဆိုင် ခဲ့သည့် အမြှောက်ဟု ဗြိတိသျှသမိုင်းသုတေသီများက အတည်ပြု ပြောကြားလာတယ် ။ အင်္ဂလိပ် က မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ဘိုးတော်မောင်ဝိုင်း ရခိုင်က ယူဆောင်လာသော အမြှောက်ကြီးများကို ယူဆောင်လာပြီး မြန်မာကို ဗြိတိသျှတို့ နယ်ချဲ့ပြီးနောက် ဗြိတိသျှအင်ပါယာဖြစ်သော စကော့တလန် ( အီဒင်ဘာ) ရဲ့ (Calton Hill – 1887) မှာ ယနေ့ထိတိုင် ထားရှိနေဆဲလို့ သိရသည်…။

” ဟင်္သာရုပ် ကွမ်းအုတ် ”

ယခင်က ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်မြို့မှာ ရှိခဲ့ပြီး ယခု မြန်မာနိုင်ငံကို ပြန်လှူထားတယ်လို့ သိရပါတယ်။

နန်းတွင်းသုံး ကြေးမောင်းတူရိယာ

ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။

ဝေသာလီခေတ် ဒင်္ဂါပြား

နိတိစန္ဒြမင်း ဒင်္ဂါပြား ( AD_ 520 – 575 ) ရခိုင် ဒင်္ဂါးပြား အမျိုးအစား – နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြား အလေးချိန် – ၇.၃၉၀ ဂရမ် အရွယ်အစား – ၃၁ မီလီမီတာ (mm ) ပြတိုက်ပစ္စည်း အမှတ် – CM 1984-5-10-1 ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း လက်ရှိတည်နေရာ – ဗြိတိသျှ ပြတိုက်၊ လန်ဒန် အချိန်ကာလ – ၆ ရာစု တွေ့ရှိရာနေရာ – မြန်မာ

ကျန်ရှိနေသော ပစ္စည်းများအား အပိုင်း ၃ တွင် ဆက်လက်ဖော်ပြပေးသွာပါမည်။ လေးစားစွာဖြင့် Crd ;

Add a Comment

Your email address will not be published. Required fields are marked *