ထီပေါက်တဲ့ငွေနဲ့ ဘုရားတည်မယ် မိဘတွေကို အိမ်ဝယ်ပေးမယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲ ကံထူးရှင်
ထီပေါက်တဲ့ငွေနဲ့ ဘုရားတည်မယ် မိဘတွေကို အိမ်ဝယ်ပေးမယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲ ကံထူးရှင်
စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်ရှိလာသည့် (၁၉) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သရက်မြိုင် ရဲရိပ်သာမှ မယမင်းစံက ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ရွှေမြန်မာ နှစ်စောင်တွဲထီလက်မှတ် ပေါက်မဲနံပါတ် ပ-၃ဝ၇၆၆၆ ဖြင့် ကျပ်သိန်းတစ်သောင်းခွဲ ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
လစဉ်တိုင်း နေရာနှစ်နေရာခွဲပြီး ထီထိုးလေ့ ရှိသော်လည်း ယခင်က ထီဆုမပေါက်ဖူးဘဲ ယခုပထမဆုံး အကြိမ်အဖြစ် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်းတစ်သောင်းခွဲ ကံထူးရှင် မယမင်းခိုင်သည် အသက် ၂၅ နှစ် အရွယ်ရှိပြီဖြစ်ပြီး ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သည်။ ၎င်း၏ အစ်မတော်စပ်သူမှာ ရဲဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ရဲရိပ်သာတွင် မိသားစုနှင့် အတူနေထိုင် လျှက်ရှိပြီး ဆုငွေများဖြင့် အလှူအတန်းပြုလုပ်ပြီး မိသားစုနေထိုင်ရန် အိမ်တစ်လုံး ဝယ်သွားရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
” ညီမကတော့ ဘုရားတည်မယ်ရှင့်။ စေတီတည်မယ်ပေါ့နော်။ ပြီးရင် အမေတို့အတွက် အိမ်ဝယ်ပေးမှာပေါ့နော်။ အမေတို့ကိုပဲ အကုန် ပေးမှာဆိုတော့။ ပြီးရင်တော့ အပြင်လုပ်ငန်းတစ်ခု လုပ်မယ်လို့ စဉ်းစားထားတယ်ရှင့်” ဟု မယမင်းခိုင်က ပြောသည်။
ယခုလအတွက် အောင်ဘာလေ ထီဆုထဲတွင် ဆုကြေးအမြင့်ဆုံးထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကျပ်သိန်းတစ်သောင်းဆု  သ- ၈၂၈၇ဝ၉ ကို လားရှိုးမြို့ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဝယ်ယူသွားသည့် ဦးမင်းခိုင် ကဆွတ်ခူးခဲ့ကြောင်းလည်း သိရသည်။
( ၁၉ ) ကြိမ်မြောက် အောင်ဘာလေထီ ထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းချရငွေ၏ ၆ဝ ရာခိုင်နှုန်းနှင့် သတ်မှတ် ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ် သန်း ၂၅ဝ ကို ထည့်သွင်း ကာ ထီဆုများချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ Source ; Mizzima
Unicode … ထီပေါက်တဲ့ငွေနဲ့ ဘုရားတည်မယ် မိဘတွေကို အိမ်ဝယ်ပေးမယ်ဆိုတဲ့ သိန်းတစ်သောင်းခွဲ ကံထူးရင်
စက်တင်ဘာလ ၁ ရက်နေ့တွင် ထွကရလာသည့် (၁၉) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရ သရက်မြိုင် ရဲရိပ်သာမ မယမင်းစံက ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ရွမြန်မာ နစ်စောင်တွဲထီလက်မတ် ပေါက်မဲနံပါတ် ပ-၃ဝ၇၆၆၆ ဖြင့် ကျပ်သိန်းတစ်သောင်းခွဲ ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
ကျပ်သိန်းတစ်သောင်းခွဲ ကံထူးရင် မယမင်းစံက“ အဲ့ဒီနံပါတ်ကို ကြိုက်လို့ ရွေးလိုက်တာပါ။ ညီမတို့ရုံးက မန်နေဂျာ အမဆီကဝယ်တာ။ သူက တစ်ဆင့်ယူလာပြီး ရောင်းပေးတာ။ ထီပေါက်တယ်ပြောတုန်းက ယုံတောင် မယုံနိုင်ဘူး။ အရမ်းပျော်ပါတယ်။ အဖေဆိုရင် မျက်ရည်တောင် ကျပါတယ်” ဟု ပြောသည်။
လစဉ်တိုင်း နေရာနစ်နေရာခွဲပြီး ထီထိုးလေ့ ရသော်လည်း ယခင်က ထီဆုမပေါက်ဖူးဘဲ ယခုပထမဆုံး အကြိမ်အဖြစ် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်းတစ်သောင်းခွဲ ကံထူးရင် မယမင်းခိုင်သည် အသက် ၂၅ နစ် အရွယ်ရပြီဖြစ်ပြီး ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သည်။ ၎င်း၏ အစ်မတော်စပ်သူမာ ရဲဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ရဲရိပ်သာတွင် မိသားစုနင့် အတူနေထိုင် လျက်ရပြီး ဆုငွေများဖြင့် အလအတန်းပြုလုပ်ပြီး မိသားစုနေထိုင်ရန် အိမ်တစ်လုံး ဝယ်သွားရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
” ညီမကတော့ ဘုရားတည်မယ်ရင့်။ စေတီတည်မယ်ပေါ့နော်။ ပြီးရင် အမေတို့အတွက် အိမ်ဝယ်ပေးမာပေါ့နော်။ အမေတို့ကိုပဲ အကုန် ပေးမာဆိုတော့။ ပြီးရင်တော့ အပြင်လုပ်ငန်းတစ်ခု လုပ်မယ်လို့ စဉ်းစားထားတယ်ရင့်” ဟု မယမင်းခိုင်က ပြောသည်။
ယခုလအတွက် အောင်ဘာလေ ထီဆုထဲတွင် ဆုကြေးအမြင့်ဆုံးထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကျပ်သိန်းတစ်သောင်းဆု  သ- ၈၂၈၇ဝ၉ ကို လားရးမြို့ မိုးယံရွလမင်းနင့် မြတ်ဆုကုဋေထီဆိုင်မ ဝယ်ယူသွားသည့် ဦးမင်းခိုင် ကဆွတ်ခူးခဲ့ကြောင်းလည်း သိရသည်။
( ၁၉ ) ကြိမ်မြောက် အောင်ဘာလေထီ ထီဖွင့်ပွဲအတွက် ထီလက်မတ်ရောင်းချရငွေ၏ ၆ဝ ရာခိုင်နန်းနင့် သတ်မတ် ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမ ကျပ် သန်း ၂၅ဝ ကို ထည့်သွင်း ကာ ထီဆုများချီးမြင့်ခဲ့ခြင်း ဖြစ်သည်။ Source ; Mizzima
Add a Comment
Your email address will not be published. Required fields are marked *