အင်းစိန်မြို့နယ်မှ အထက်တန်းကျောင်းသား ၁ ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိ
အင်းစိန်မြို့နယ်မှ အထက်တန်းကျောင်းသား ၁ ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိ
သြဂုတ်လ ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စာရင်းထဲမှာ ရန်ကုန် အင်းစိန်မြို့နယ် အောင်ဆန်းဘူတာရုံလမ်းမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် အထက်တန်း ကျောင်းသားတစ်ဦး ပါဝင်ပါတယ်။
အဆိုပါအတည်ပြုလူနာအနေနဲ့ ပြည်တွင်းပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြု လူနာဟောင်းတွေနဲ့လည်း ထိတွေ့ထားတာမရှိဘူးလို့ ဆိုပါတယ်။
သူ့ဟာ သြဂုတ်လ ၂၉ ရက်က ဖျားနာခဲ့တာကြောင့် ဩဂုတ်လ ၃၀ ရက်နေ့မှာ ဆေးရုံတင်လိုက်ပြီး ရောဂါပိုးဓာတ်ခွဲရှာဖွေစစ်ဆေးရာကနေ ကိုဗစ်-၁၉ ကူးစက်ထားကြောင်း တွေ့ရတာဖြစ်တယ်လို့ အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန္တာဆွေက ပြောပါတယ်။
Unicode … အင်းစိန်မြို့နယ်က အထက်တန်းကျောင်းသား ၁ ဦးတွင် ရောဂါပိုးတွေ့ရ
သြဂုတ်လ ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စာရင်းထဲမ ရန်ကုန် အင်းစိန်မြို့နယ် အောင်ဆန်းဘူတာရုံလမ်းမာနေထိုင်တဲ့ အသက် ၁၄ နစ်အရွယ် အထက်တန်း ကျောင်းသားတစ်ဦး ပါဝင်ပါတယ်။
အဆိုပါအတည်ပြုလူနာအနေနဲ့ ပြည်တွင်းပြည်ပခရီးသွားရာဇဝင်မရသလို အတည်ပြု လူနာဟောင်းတွေနဲ့လည်း ထိတွေ့ထားတာမရဘူးလို့ ဆိုပါတယ်။
သူ့ဟာ သြဂုတ်လ ၂၉ ရက်က ဖျားနာခဲ့တာကြောင့် ဩဂုတ်လ ၃၀ ရက်နေ့မာ ဆေးရုံတင်လိုက်ပြီး ရောဂါပိုးဓာတ်ခွဲရာဖွေစစ်ဆေးရာကနေ ကိုဗစ်-၁၉ ကူးစက်ထားကြောင်း တွေ့ရတာဖြစ်တယ်လို့ အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမး ဒေါက်တာသန္တာဆွေက ပြောပါတယ်။
သူနဲ့ထိတွေ့ဆက်စပ်သူတွေကို လက်ရမ စစ်ဆေးနေဆဲလည်း ဖြစ်ပါတယ်။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ သြဂုတ်လ ၃၁ ရက်ညနဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမာ ကိုဗစ်-၁၉ ကူးစက်ခံရသူအတည်ပြုလူနာစုစုပေါင်း ၁၀၀ ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ Crd ; မေစု / ဒီဗွီဘီ Source ; popolay
Add a Comment
Your email address will not be published. Required fields are marked *