ဓာတ်ခွဲအတည်ပြုလူနာ ၃ ဦးအား သွားရောက် ခေါ်ဆောင်သည့် လူနာတင်ယာဉ် မီးလောင်မှု သတင်းအပြည့်အစုံ
|ဓာတ်ခွဲအတည်ပြုလူနာ ၃ ဦးအား သွားရောက် ခေါ်ဆောင်သည့် လူနာတင်ယာဉ် မီးလောင်မှု သတင်းအပြည့်အစုံ
COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၃ ဦး အား သွားရောက် ခေါ်ဆောင်သည့် ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး (လူငယ်) အသင်းပိုင်ကားသည် ယနေ့ မွန်တည့် ၁၂ နာရီ အချိန်တွင် အပူချိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါအသင်းမှ ထုတ်ပြန်ထားသည်။
ပိုရွီပြင်ကျေးရွာမှ စက်လှေဖြင့် ပုဏ္ဏားကျွန်း ဆေးရုံသို့ ယူဆောင်လာသော လူနာအမှတ်စဉ် (၉၀၈၊ ၉၀၉၊ ၉၁၀) တို့အား ကွန်းတောင် ကျေးရွာဆိပ်ကမ်းမှ ကူညီခေါ်ဆောင်ရန် သွားရောက်စဉ် အပူချိန်လွန်ကဲမှူကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုဗစ်လူနာ တင်ဆောင်ရန် ထွက်ခွာသွားသော ယာဉ်မောင်း မှာ PPE ဝတ်စုံ အပြည့် ဝတ်ဆင်ထားကာ Aircon အသုံးပြုရာမှ နေအပူချိန် လွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်တွင် ကားတစ်စီးလုံး မီလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
” ပုဏ္ဏားကျွန်းမြို့နယ်၏ ကျန်းမာရေး ကဏ္ဍတွင် အလွန်အရေးပါလှသော ကားမီးလောင်ကျွမ်းမှု အပေါ် မိမိတို့ အသင်းအနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းနှင့် လက်ရှိဖြစ်ပွားနေသော Covid-19 တိုက်ဖျက်ရေး လုပ်ငန်းများအတွက် လိုအပ်ချက်များစွာရှိနေမည်ကို စိုရိမ်ပူပန်မိပါသည်”ဟု ထုတ်ပြန်ထားသည်။
Unicode … ဓာတ်ခွဲအတည်ပြုလူနာ ၃ ဦးအား သွားရောက် ခေါ်ဆောင်သည့် လူနာတင်ယာဉ် မီးလောင်မ သတင်းအပြည့်အစုံ
COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၃ ဦး အား သွားရောက် ခေါ်ဆောင်သည့် ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး (လူငယ်) အသင်းပိုင်ကားသည် ယနေ့ မွန်တည့် ၁၂ နာရီ အချိန်တွင် အပူချိန်လွန်ကဲ၍ မီးလောင်မဖြစ်ပွားခဲ့ကြောင်း အဆိုပါအသင်းမ ထုတ်ပြန်ထားသည်။
ပိုရွီပြင်ကျေးရွာမ စက်လဖြင့် ပုဏ္ဏားကျွန်း ဆေးရုံသို့ ယူဆောင်လာသော လူနာအမတ်စဉ် (၉၀၈၊ ၉၀၉၊ ၉၁၀) တို့အား ကွန်းတောင် ကျေးရွာဆိပ်ကမ်းမ ကူညီခေါ်ဆောင်ရန် သွားရောက်စဉ် အပူချိန်လွန်ကဲမကြောင့် မီးလောင်ကျွမ်းမ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုဗစ်လူနာ တင်ဆောင်ရန် ထွက်ခွာသွားသော ယာဉ်မောင်း မာ PPE ဝတ်စုံ အပြည့် ဝတ်ဆင်ထားကာ Aircon အသုံးပြုရာမ နေအပူချိန် လွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်တွင် ကားတစ်စီးလုံး မီလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရမတစ်စုံတစ်ရာ မရကြောင်း သိရသည်။
” ပုဏ္ဏားကျွန်းမြို့နယ်၏ ကျန်းမာရေး ကဏ္ဍတွင် အလွန်အရေးပါလသော ကားမီးလောင်ကျွမ်းမ အပေါ် မိမိတို့ အသင်းအနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းနင့် လက်ရဖြစ်ပွားနေသော Covid-19 တိုက်ဖျက်ရေး လုပ်ငန်းများအတွက် လိုအပ်ချက်များစွာရနေမည်ကို စိုရိမ်ပူပန်မိပါသည်”ဟု ထုတ်ပြန်ထားသည်။
မီးလောင်းကျွမ်းမတွင် Mask အထုတ် (20)၊ HYC မ Face Shield အခု (100) ၊ 97-98 ပုဏ္ဏားကျွန်း ကျောင်းသားဟောင်းများ လဒါန်းထားသော အောက်ဆီဂျင်စက် (1)လုံး၊ PPE (3) စုံ၊ Mask (5) ထုတ်၊ သာမိုမီတာအပူတိုင်း (1) ခု၊ Face Shield (8) ခုတို့လည်း ဆုံးရခဲ့ရကြောင်း သိရသည်။ Crd ; သီတာလွင်/စံတော်ချိန်