ကြောင်လျှာသီးစားသုံးခြင်းမှ ရရှိနိုင်တဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ

ကြောင်လျှာသီးစားသုံးခြင်းမှ ရရှိနိုင်တဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ

ဈေးထဲမှာတွေ့နေရတဲ့ ပျော့ပျော့ပြောင်းပြောင်း ရှည်ရှည်နဲ့ အစိမ်းရောင် ဒါမှမဟုတ် အညိုရောင် ရှိတဲ့ ကြောင်လျှာသီးကို မီးဖုတ်ပြီးစားစား၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ် စားစား၊ ပဲမှုန့်၊ ဆီချက်တို့နဲ့လည်း သုပ်စားစား လူကြိုက်များတဲ့အသီးပါပဲနော်။

သူ့ရဲ့အရသာကတော့ ခါးသက်သက် ပူရှိန်းရှိန်းလေးတော့ ရှိပါတယ်။ ဒီလိုလူကြိုက်များတဲ့ ကြောင်လျှာသီးဟာ အပွင့်၊ အရွက်၊အသီး ကအစအကုန် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာရရှိနိုင်ပါတယ်။

ခါးသက်သက်အရသာလေးနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကြောင်လျှာသီးဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။ ခန္ဓာကိုယ်ကိုလည်း ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

ကြောင်လျှာသီးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မရှိအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။

ကိုယ်တွင်းက အဆိပ်အတောက် တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါတင် မကသေးပါဘူး။ နာတာရှည် ရောင်ရမ်းတာကို သက်သာစေဖို့နဲ့ အဆစ်နာသူတွေအတွက် သင့်တော်တဲ့ သဘာဝဆေး တစ်မျိုးပါ။ အသည်းရောဂါ သမားတွေအတွက် ထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

ကျောက်ကပ် ကျန်းမာစေဖို့အတွက်လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ကြောင်လျှာသီးမှာ ဖလေဗာနွိုက် ပါဝင်နေပြီး ကျောက်ကပ်က အဆိပ်အတောက် တွေကို ဖယ်ရှားပေးလို့ ကျောက်ကပ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ကြောင်လျှာသီးကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့ပါ စားပေးလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြောင်လျှာသီးကို စားသုံးခြင်းဟာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အစာခြေ အက်ဆစ်ကို ထိန်းညှိပေး ပြီး ရင်ပူတာ၊ အစာမကြေတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေထိုးလေ အောင့် တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ လူတိုင်းကြောက်ကြတဲ့ ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ် တွေ မပြန့်အောင်လည်း ဟန့်တားပေးနိုင်စွမ်း ရှိပါသေးတယ်။ ကဲကြောင်လျှာသီးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးလေးတွေကို သိသွားပြီဆိုတော့ ကြောင်လျှာသီးကို ကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်နော်။ Crd ; Lin Lin

Add a Comment

Your email address will not be published. Required fields are marked *