ကိုဗစ်ကာလအတွင်းမှာ အလုပ်ဖြစ်နေတဲ့ အိန္ဒိယမှ ဗေဒင်ဆရာများ

ကိုဗစ်ကာလအတွင်းမှာ အလုပ်ဖြစ်နေတဲ့ အိန္ဒိယမှ ဗေဒင်ဆရာများ

ကိုဗစ်ကာလမှာ အခက်အခဲ ဆိုးတွေနဲ့ ကြုံတွေ့နေရပြီး သူတို့ရဲ့ အနာဂတ် အခြေအနေတွေကို သိချင်နေကြတဲ့ သူတွေနဲ့ ဗေဒင်ဆရာ ဆန်ဂျေးရှာမား တစ်ယောက် အလုပ်ရူပ်နေပါတယ်။

ကိုဗစ် – ၁၉ ကပ်ရောဂါကာလမှာ ကျန်းမာရေးနဲ့ စီးပွားရေး အကျပ် အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ အိန္ဒိယ နိုင်ငံက ပြည်သူတွေဟာ ဗေဒင်ဆရာတွေ တားရော့ကတ် ကြည့်ပေးသူတွေနဲ့ အကြားအမြင်ရ ဆရာတွေဆီကို စုပြုံရောက်ရှိ နေကြပါတယ်။

” အခုချိန်မှာ လူတွေက အနာဂတ်မှာသူတို့ ဘာတွေဖြစ်မလဲ ဆိုတာ စိုးရိမ်နေကြတယ်၊ သူတို့ ဆက်လက် ရှင်သန်နိုင်ကြမလား၊သူတို့ အလုပ်အကိုင်တွေဆုံးရူံးမှာလား၊ သူတို့လုပ်ငန်းတွေ ဆက်လက်ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြရမလဲဆိုတာ သူတို့ သိပ်သိချင်နေကြတယ်” လို့ အခန်းထဲမှာ အမွေးတိုင်ရနံ့တွေ ပျံ့လွင့်နေပြီး သူ့ရှေ့က စားပွဲပေါ်မှာ အက်ပဲလ် လက်တော့ပ်တစ်လုံးတင်ထားတဲ့ နာမည်ကျော် ဗေဒင်ဆရာတစ်ဦးဖြစ်တဲ့ ဆန်ဂျေးရှာမားက ပြောပါတယ် ။

ဗိုင်းရပ်ကူးစက်သူ အရေအတွက် ၃.၃ သန်း သေဆုံးသူ ၆၀၀၀၀၀ ကျော်ရှိနေပြီး ကူးစက်သူ အရေအတွက် တတိယ အများဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံက ပြည်သူတွေဟာ ဗေဒင်ဆရာတွေ တားရော့ကတ် ကြည့်ပေးသူတွေနဲ့ အကြားအမြင်ရ ဆရာတွေဆီမှာ သူတို့ ရဲ့ ကျန်းမာရေး အခြေအနေ၊ငွေရေးကြေးရေး အခြေအနေ ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေရမှုတွေကို အဖြေရှာချင် နေကြပါတယ်။

” အချိန်တိုင်း ကျွန်မတို့ စိတ်အနှောင့်အယှက် ဖြစ်နေတယ်၊စိုးရိမ် နေကြတယ် ၊ ဒါကြောင့် ဒီကို လာတာပါ၊” လို့ အသက် ၂၅ နှစ်အရွယ် အန်ဂျုးဒေ၀ီ ကပြောပါတယ်။ သူမ ရှာမားကို မေးမယ့်အကြောင်းကတော့ သူ့သားရဲ့ စီးပွားရေး အလားအလာနဲ့ မင်္ဂလာဆောင်တောမယ့် သူ့သမီးရဲ့ အခြေအနေတွေကို သိချင်တာကြောင့်ဖြစ်ပါတယ်။

သူမ သားနဲ့သမီးနှစ်ယောက်လုံး စိတ်ကျရောဂါ ခံစားနေကြရပြီး ဆေးတွေလည်း သောက်နေရကြောင်း ၊ သူတို့ကို စိတ်ဓာတ်မြှင့်တင်အားပေးလိုတာကြောင့် ဒီနေရာကို လာခဲ့ရတာဖြစ်ပြီး ဒီအခြေအနေဆိုးတွေကနေ လွတ်မြောက်ဖို့ အကူအညီ တောင်းတာပါလို့ ဆိုပါတယ်။

နိုင်ငံရေးသမားတွေ ၊ ဘောလိဝုဒ် ရုပ်ရှင်စတားတွေနဲ့ ၊ နာမည်ကျော် ခရစ်ကတ် အားကစားသမားတွေကြားမှာ ကျော်ကြားလှတဲ့ နက္ခတ်ဗေဒင်နဲ့ ၀ိညာဏ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ အာဂျေးဘမ်ဘီက ကိုဗစ်ဖြစ်ကတည်းက သူ့ဝင်ငွေဟာ ၄၀ ရာခိုင်နူန်းကျော် တိုးလာတယ်လို့ ဆိုပါတယ်။

အနာဂတ်မှာ သင်အသက်ရှင်သန်ဖို့ မျှော်လင့်ချက် ရှိနေတယ်ဆိုရင်တော့ အနာဂတ်မှာ ဘာတွေလုပ်ရမယ်ဆိုတာလဲ တိတိကျကျ သိရမှာပါ၊ အလင်းတန်းလေး တစ်ခုပဲ မြင်ရပါစေ သူတို့အတွက် ပန်းချီကားတစ်ချပ် ကျွန်တော် ဖန်တီးပေးနိုင်ပါတယ်လို့ နက္ခတ်ဗေဒင်နဲ့ ၀ိညာဏ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ အာဂျေးဘမ်ဘီက ပြောပါတယ် Ref ; The Jakata Post

Add a Comment

Your email address will not be published. Required fields are marked *