တတိယအကြိမ်အဖြစ် အစိုးရမှ အခြေခံ လူတန်းစားများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထပ်မံထောက်ပံ့မည်

တတိယအကြိမ်အဖြစ် အစိုးရမှ အခြေခံ လူတန်းစားများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထပ်မံထောက်ပံ့မည်

ကိုဗစ်ကာလတွင် အခြေခံ လူတန်းစားများ စားဝတ်နေရေးများ အဆင်ပြေစေရန် အစိုးရက အိမ်ထောင်စု ၅ ဒသမ ၆ သန်းကို တစ်အိမ်ထောင်လျှင် ၂ သောင်းနှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

“ အိမ်ထောင်စု ၅ ဒသမ ၆ သန်း ၂ဝဝဝ၀ နှုန်းနဲ့ ထောက်ပံ့မယ်။ ထောက်ပံ့မယ့် ကာလကတော့ ပြီးခဲ့တဲ့ဟာတွေ ထောက်ပံ့တဲ့နှုန်းတွေ အဲအနေအထား ကြည့်ပြီးတော့ ထွေအုပ်နဲ့ ကျွန်တော်တို့ ပြန်ညှိပြီး ထောက်ပံ့မှာဖြစ်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ ထောက်ပံ့ရခြင်းသည် ကိုဗစ်၁၉ ရောဂါ ပျံ့ပွားမှုကို ထိန်းချုပ်ရန်အတွက် အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကာ ကြပ်မတ်ဆောင်ရွက်နေရသည့် အချိန်ဖြစ်သည့်အတွက် အခြေခံ လူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေရန် ထောက်ပံ့ရခြင်းဖြစ်ပြီး လိုအပ်မှုများရှိလာလျှင် ထောက်ပံ့မှုများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

“ ကျွန်တော်တို့ နိုင်ငံတွင်းမှာ နံပါတ် ၁က ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားမှု အနေအထားပေါ့။ အဲအနေအထားမှာ ကျွန်တော်တို့က နံပါတ်၂က ဒီပျံ့ပွားမှုအနေအထားပေါ်မူတည်ပြီးတော့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ရတဲ့ အနေအထားကို ချိန်ပါတယ်။ ဥပမာ Stay Home တွေ ကြပ်မတ်လိုက်တယ်။ Stay Home တွေကြပ်မတ်လိုက်ရတဲ့ အချိန်အခါမှာ ခုနပြောတဲ့ လူတန်းစားတွေက ဒုက္ခရောက်တယ်ပေါ့။

ဒုက္ခရောက်တော့ သူတို့အတွက် စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့ထက် ကိုယ့်ရဲ့ ဝမ်းဝရေးပေါ့။ စားဝတ်နေရေးက အဓိကကျတယ်။ အဲတာကျတော့ ဒီကိုဗစ်ကိုကူးမှာလည်း သူတို့စိတ်ထဲမှာ မရှိတော့ဘူးပေါ့။ အဲအတွက် အပြင်ထွက်ပြီး မဖြစ်မနေအလုပ်လုပ်ရတဲ့ သဘောတွေရှိတယ်။ အဲတာမျိုးတွေကို လျော့ကျအောင်လို့ တမင်ထောက်ပံ့တာဖြစ်တယ်။ ဒီအပေါ်မှာတော့ နံပါတ် ၁ ကိုဗစ်အခြေအနေ နံပါတ် ၂ ကတော့ အစိုးရကနေပြီးတော့ စည်းမျဉ်းစည်းကမ်းသတ်မှတ်တဲ့ အခြေအနေပေါ့။

နံပါတ် ၃ကတော့ သူတို့ရဲ့ စားဝတ်နေရေး အခြေအနေအပေါ် မူတည်ပြီးတော့ ထောက်ပံ့တာဖြစ်ပါတယ်။ အဲတော့ လိုအပ်ရင် လိုအပ်သလို ထောက်ပံ့သွားမယ်။ အခုတော့ တတိယအကြိမ်ပေါ့။ ၂သောင်း ကျွန်တော်တို့ ထောက်ပံ့ဖို့ရှိတယ်။ ဒါကတော့ မထောက်ပံ့ရသေးဘူး။ ဒါထောက်ပံ့မယ်။ ထောက်ပံ့ပြီးရင် ခုနကပြောတဲ့ ရောဂါ အခြေအနေတွေ ထောက်ရှုပြီးမှ လူကြီးတွေ ဆုံးဖြတ်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများကို ပထမအကြိမ် ရိက္ခာ ၅ မျိုး အတွက် လူဦးရေ ၅ ဒသမ ၃ သန်းကို ၇၁ ဒသမ ၁ဝ၃ ဘီလီယံ၊ ဒုတိယ အကြိမ်အဖြစ် အိမ်ထောင်စုပေါင်း ၅ ဒသမ ၄သန်းကို ၂သောင်း ၂ ကြိမ် ၄သောင်း ဖြင့် ၂၁၈ ဒသမ ၁၁၂ ဘီလီယံ နှင့် ယခု တတိအကြိမ် ထောက်ပံ့မှုအနေဖြင့် ၁၁၃ ဒသမ ၅၃၅ ဘီလီယံ အကုန်ကျခံကာ ထောက်ပံ့သွားမည် ဖြစ်ကြောင်း တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။ Source ; Khin Thit Media

Add a Comment

Your email address will not be published. Required fields are marked *