ပုသိမ် ငွေဆောင် ကားလမ်းဘေးရှိ သလပ်ခွာဈေးတွင် ဂတ်စ်မီးဖိုဖြင့် ဟင်းအိုးတည်ရာမှမီးလောင်ပြီး ဆိုင်ခန်း ၁၀ခန်း ပျက်စီးဆုံးရှုံး
ပုသိမ် ငွေဆောင် ကားလမ်းဘေးရှိ သလပ်ခွာဈေးတွင် ဂတ်စ်မီးဖိုဖြင့် ဟင်းအိုးတည်ရာမှမီးလောင်ပြီး ဆိုင်ခန်း ၁၀ခန်း ပျက်စီးဆုံးရှုံး
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ် ငွေဆောင် ကားလမ်းဘေး သလပ်ခွာကျေးရွာ ဈေးတန်း၌ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ဈေးဆိုင်တစ်ဆိုင်တွင် ဂတ်စ်မီးဖိုဖြင့် ဟင်းအိုးတည်ရာမှ မီးလောင်ပြီး ဆိုင်ခန်း ၁၀ ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်းမှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး မီးသတ်ကား အ ရောက်နောက်ကျသဖြင့် သလပ်ခွာကျေးရွာ ဒေသခံများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီး လူနှင့်တရိစ္ဆာန် သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု့ မရှိခဲ့ကြောင်း ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
” ဈေးဆိုင် ၁ ဆိုင်က ဂတ်စ်မီးဖိုနဲ့ ဟင်းအိုးတည်ရာကနေ စလောင်တာ၊ လောင်တဲ့ ဆိုင်ခန်းတွေ ထရံနဲ့သစ်သား အဆောက်အဦးတွေ ဖြစ်တော့ မီးလောင်လွယ်တဲ့အတွက် လောင်အားကောင်းပြီး ၁၀ ခန်းလောက် ပါသွားပါတယ်၊ ခရီးအကွာအဝေး လှမ်းတော့ ပြည်သူတွေဘက်က ရောက်တာ ကြာတယ်လို့ မြင်သွားနိုင်ပါတယ်”ဟု ပုသိမ်ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်သူရက ပြောသည်။
ခရီးအကွာအဝေးကြောင့် မီးလောင်သည့် နေရာကိုရောက်တာ ကြာသွားခဲ့သလို သတင်းရရခြင်း မီးသတ်ကားများကို စေလွှတ်ခဲ့သော်လည်း မီးလောင်သည့် ဆိုင်ခန်းများမှာ ထရံကာပြီး သစ်သားဖြင့် ဆောက်လုပ်ထားသဖြင့် မီးလောင်အား ကောင်းသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မီးလောင်ခဲ့သည့် ဆိုင်ခန်းများ၏ ပိုင်ရှင်တွေကို ငွေဆောင်မြို့တွင် နေထိုင်နေသူ သလပ်ခွာဇာတိ ဦးလေးဆိုင်မိသားစုက ဆိုင်ခန်း ၁ ခန်းကို ၅ သောင်းကျပ်နှုန်း စီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Unicode … ပုသိမ် ငွေဆောင် ကားလမ်းဘေးရ သလပ်ခွာဈေးတွင် ဂတ်စ်မီးဖိုဖြင့် ဟင်းအိုးတည်ရာမမီးလောင်ပြီး ဆိုင်ခန်း ၁၀ခန်း ပျက်စီးဆုံးရး
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ် ငွေဆောင် ကားလမ်းဘေး သလပ်ခွာကျေးရွာ ဈေးတန်း၌ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ဈေးဆိုင်တစ်ဆိုင်တွင် ဂတ်စ်မီးဖိုဖြင့် ဟင်းအိုးတည်ရာမ မီးလောင်ပြီး ဆိုင်ခန်း ၁၀ ခန်း ပျက်စီးဆုံးရခဲ့ကြောင်း သတင်းရရသည်။
မီးလောင်ကျွမ်းမမာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး မီးသတ်ကား အ ရောက်နောက်ကျသဖြင့် သလပ်ခွာကျေးရွာ ဒေသခံများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီး လူနင့်တရိစ္ဆာန် သေဆုံး ထိခိုက်ဒဏ်ရာရရမ မရခဲ့ကြောင်း ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနမ သိရသည်။
” ဈေးဆိုင် ၁ ဆိုင်က ဂတ်စ်မီးဖိုနဲ့ ဟင်းအိုးတည်ရာကနေ စလောင်တာ၊ လောင်တဲ့ ဆိုင်ခန်းတွေ ထရံနဲ့သစ်သား အဆောက်အဦးတွေ ဖြစ်တော့ မီးလောင်လွယ်တဲ့အတွက် လောင်အားကောင်းပြီး ၁၀ ခန်းလောက် ပါသွားပါတယ်၊ ခရီးအကွာအဝေး လမ်းတော့ ပြည်သူတွေဘက်က ရောက်တာ ကြာတယ်လို့ မြင်သွားနိုင်ပါတယ်”ဟု ပုသိမ်ခရိုင်မီးသတ် ဦးစီးမး ဦးကျော်သူရက ပြောသည်။
ခရီးအကွာအဝေးကြောင့် မီးလောင်သည့် နေရာကိုရောက်တာ ကြာသွားခဲ့သလို သတင်းရရခြင်း မီးသတ်ကားများကို စေလွတ်ခဲ့သော်လည်း မီးလောင်သည့် ဆိုင်ခန်းများမာ ထရံကာပြီး သစ်သားဖြင့် ဆောက်လုပ်ထားသဖြင့် မီးလောင်အား ကောင်းသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မီးလောင်ခဲ့သည့် ဆိုင်ခန်းများ၏ ပိုင်ရင်တွေကို ငွေဆောင်မြို့တွင် နေထိုင်နေသူ သလပ်ခွာဇာတိ ဦးလေးဆိုင်မိသားစုက ဆိုင်ခန်း ၁ ခန်းကို ၅ သောင်းကျပ်နန်း စီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
“သတင်းကြားတာနဲ့ ကျွန်တော်တို့ ရောက်သွားပါတယ်၊ မီးကတော့မိနစ် ၃၀ လောက်ကြာမယ် လောင်တာ၊ လူသေတာတို့ ဒဏ်ရာရတာမျိုးတွေတော့ မရပါဘူး၊ အားလုံးဝိုင်းငြိမ်းတော့ ၁၀ ခန်းလောက်တော့ မီးထဲပါသွားပါတယ်”ဟု ငွေဆောင်မြို့ အုပ်ချုပ်ရေးမး ဦးဝဏ္ဏဝင်း ကပြောသည်။ မီးစတင်လောင်ကျွမ်းခဲ့သည့် ဈေးဆိုင်ခန်းပိုင်ရင်ကို သလပ်ခွာနယ်မြေရဲစခန်းမ တာဝန်ရသူက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမဖွင့်စစ်ဆေးမများ ပြုလုပ်နေကြောင်း သိရသည်။ Source ; Ayeyarwaddy Time
Add a Comment
Your email address will not be published. Required fields are marked *