စစ်တွေဆေးရုံကြီးမှ ကိုဗစ်ပျောက်ကင်းသွားသူ ၆၀ကျော် ယနေ့ ဆေးရုံကဆင်းခွင့်ရ

စစ်တွေဆေးရုံကြီးရှိ ကိုဗစ်လူနာများထဲမှ ပျောက်ကင်းသွားသူ ၆၀ ကျော် ယနေ့ ဆေးရုံကဆင်းပြီ

ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ယနေ့ စက်တင်ဘာလ ၈ ရက်က Covid-19 ရောဂါပျောက် ကင်းသွားသူ လူအယောက် ၆၀ ကျော် ဆေးရုံက ဆင်းပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရှိ စစ်တွေဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေသူဦးရေ ၃၀၀ ခန့် ရှိပြီး ယင်းတို့ထဲတွင် ရောဂါခံရှိသူ ရ၂ ဦးခန့်နှင့် ရောဂါအနည်းငယ် ပြင်းထန်သူ ၆ ဦးခန့် ရှိသော်လည်း ICU တင်ရလောက်သည်ထိ ရောဂါလက္ခဏာ ပြင်းထန်သူ တစ်ဦးမျှမရှိကြောင်းလည်း ယင်းကဆိုသည်။

“ ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ အများစုက ကျန်းမာရေးကောင်းပါ တယ်။ အသက်ကြီးတယ်၊ ရောဂါ အခံရှိတဲ့ သူတွေကိုတော့ ပိုပြီးတော့ ဂရုစိုက်ရတယ်။ သူတို့ထဲမှာ ICU တင်ရတဲ့သူ တစ်ယောက်မှ မရှိပါ ဘူး။ ဒီနေ့ဆိုရင် ဆေးကုသမှုခံယူပြီး ရောဂါပျောက်ကင်းသွားလို့ ၆၀ ကျော် ဆေးရုံက ဆင်းခွင့်ရတယ် ” ဟု ဒေါက်တာ စိုးဝင်းပိုင်က ဆိုသည်။

တစ်ကျော့ပြန်ဖြစ်ပွားခဲ့သော Covid-19 ရောဂါကြောင့် စစ်တွေမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသူများထဲမှ ပြီးခဲ့သည့် စက် တင်ဘာလ ၅ ရက်က ၁၀ ဦး၊စက်တင်ဘာလ ၆ ရက်က ၄ ဦးဆေး ရုံက ဆင်းခွင့်ရရှိခဲ့ ကြကြောင်းလည်း စစ်တွေမြို့နယ် ကျန်းမာရေးမှူးအဆင့် (၁) ဦးအေးသန်းက ပြောသည်။ Crd ; Pyi Myanmar

Unicode … စစ်တွေဆေးရုံကြီးရ ကိုဗစ်လူနာများထဲမ ပျောက်ကင်းသွားသူ ၆၀ ကျော် ယနေ့ ဆေးရုံကဆင်းပြီ

ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ယနေ့ စက်တင်ဘာလ ၈ ရက်က Covid-19 ရောဂါပျောက် ကင်းသွားသူ လူအယောက် ၆၀ ကျော် ဆေးရုံက ဆင်းပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရ စစ်တွေဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမ ခံယူနေသူဦးရေ ၃၀၀ ခန့် ရပြီး ယင်းတို့ထဲတွင် ရောဂါခံရသူ ရ၂ ဦးခန့်နင့် ရောဂါအနည်းငယ် ပြင်းထန်သူ ၆ ဦးခန့် ရသော်လည်း ICU တင်ရလောက်သည်ထိ ရောဂါလက္ခဏာ ပြင်းထန်သူ တစ်ဦးမျမရကြောင်းလည်း ယင်းကဆိုသည်။

“ ဆေးရုံမာ တက်ရောက် ကုသနေတဲ့ အများစုက ကျန်းမာရေးကောင်းပါ တယ်။ အသက်ကြီးတယ်၊ ရောဂါ အခံရတဲ့ သူတွေကိုတော့ ပိုပြီးတော့ ဂရုစိုက်ရတယ်။ သူတို့ထဲမာ ICU တင်ရတဲ့သူ တစ်ယောက်မ မရပါ ဘူး။ ဒီနေ့ဆိုရင် ဆေးကုသမခံယူပြီး ရောဂါပျောက်ကင်းသွားလို့ ၆၀ ကျော် ဆေးရုံက ဆင်းခွင့်ရတယ် ” ဟု ဒေါက်တာ စိုးဝင်းပိုင်က ဆိုသည်။

တစ်ကျော့ပြန်ဖြစ်ပွားခဲ့သော Covid-19 ရောဂါကြောင့် စစ်တွေမြို့ဆေးရုံတွင် ဆေးကုသမ ခံယူနေကြသူများထဲမ ပြီးခဲ့သည့် စက် တင်ဘာလ ၅ ရက်က ၁၀ ဦး၊စက်တင်ဘာလ ၆ ရက်က ၄ ဦးဆေး ရုံက ဆင်းခွင့်ရရခဲ့ ကြကြောင်းလည်း စစ်တွေမြို့နယ် ကျန်းမာရေးမးအဆင့် (၁) ဦးအေးသန်းက ပြောသည်။ Crd ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *