ချစ်သူသက်တမ်း ၇ နှစ်ပြည့်နေ့လေးမှာ Q ဝင်နေရတာကြောင့် ချစ်သူအတွက် ဘာမှလုပ်မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ မောင်

ချစ်သူသက်တမ်း ၇ နှစ်ပြည့်နေ့လေးမှာ Q ဝင်နေရတာကြောင့် ချစ်သူအတွက် ဘာမှလုပ်မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ မောင်

သရုပ်ဆောင် မောင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူ တို့ကိုတော့ မသ တဲ့သူမရှိသလို အထူးတလည် မိတ်ဆက်ပေးစရာ မလိုဘူးလို့ ထင်ပါတယ်နော်။ သူတို့ချစ်သူနှစ်ဦးဟာ အနုပညာ အလုပ်များ ရပ်နားထားပြီး သာမန်ပြည်သူတွေကို အလုပ်လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်း ပြုနေကြပါတယ်။

မောင် နဲ့ ရီရီပွင့်ဖြူတို့ဟာ အနုပညာနယ်ပယ်မှာ အသီးသီး အောင်မြင်မှူများ အတော်အသင့် ရရှိထားသူနှစ်ဦးပဲ ဖြစ်ပါတယ်။ သူတို့ ချစ်သူနှစ်ဦးဟာ ချက်သူသက်တမ်း ၇ နှစ်ကြာမြင့်သည်အထိ ရေရှည် တွဲလက်များ ခိုင်မာနေကြပါတယ်။ အတူတူလက်တွဲတာ နှစ်တွေ ကြာလာသည်နှင့်အမျှ တစ်ဦးနဲ့တစ်ဦးလည်း အချစ်တွေပိုကာ အရမ်းလည်းဂရုတစိုက် ရှိကြပါတယ်။

ပြည်သူချစ် အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့မောင်နဲ့ ရီရီပွင့်ဖြူတို့ချစ်သူစုံတွဲလေးကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပီးသားဖြစ်မယ်ထင်ပါတယ်။ သူတို့ချစ်သူစုံတွဲလေးဟာဆိုရင် ပြီးခဲ့တဲ့စက်တင်ဘာလ (၂၀) ရက်နေ့ကချစ်သူသက်တမ်း (၇) နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့လေးကတော့ သူတို့ချစ်သူနှစ်ယောက်အတွက် တန်ဖိုးရှိလှတဲ့အမှတ်တရနေ့ရက်လေးဖြစ်ခဲ့ပေမယ့် မောင်ဟာတူ၊တူမလေးတွေနဲ့အတူ Quarantineဝင်နေရတာကြောင့် ချစ်သူလေးနဲ့တူ ပျော်ရွှင်စရာအချိန်လေးတွေကိုမဖြတ်သန်းခဲ့ရပါဘူး။ ချစ်သူသက်တမ်း(၇) နှစ်ပြည့်မှာ ချစ်သူလေးအတွက်ဘာမှလုပ်မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်မိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရင်ဖွင့်ထားခဲ့ပါတယ်။

”Happy 7th Anniversary ပါ ဘေဘီ ။September 20, 2013 ကစခဲ့တဲ့ ဇာတ်လမ်းက အခုဆို ၇ နှစ် ပြည့်ခဲ့ပြီ။ Anniversary မှာ Video တွေတင်မယ် ပန်းစီးလေး ကိုယ်တိုင်လုပ်ပြီးပေးမယ်၊ ဘေဘီစားချင်နေတဲ့ King Crab ဘေဘီမသိအောင် ခိုးချက်ပြီး Suprise လုပ်မယ်ဆိုပြီးစီစဉ်ထားပင်မဲ့ အခုလို COVID ကြောင့် Quarantine ဝင်နေရတော့ မတွေ့နိုင်တော့လို့ ဘာမှမလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။

စကြိုက်ကာစ အစောပိုင်းနှစ်တွေမှာ မရင့်ကျက်သေးတဲ့ ကိုယ့်ကို နားလည် သီးခံခွင့်လွှတ်ပေးခဲ့လို့ ကိုယ်တို့အခုလို ရေရှည်လက်တွဲမြဲခဲ့တယ်ဆိုတာ ဘေဘီမပြောပင်မဲ့ ကိုယ်သိပါတယ်။ အဲ့ဒါတွေအတွက်လဲ ကျေးဇူးအများကြီး တင်ပါတယ်။ I Love You So Much ပါ။ P.S. အချစ်ကလေး အရမ်းတွေ့ချင်နေတယ်ဆိုရင်‌တော့ ဝတ်ဖြူစင်ကြယ်တွေနဲ့ ကားလွှတ်ပေးလို့‌တော့ ရပါတယ် ။” ဆိုပြီး ရေးသားရင်ဖွင့်ထားခဲ့တာဖြစ်ပါတယ်။

မောင်တစ်ယောက် ချစ်သူသက်တမ်း (၇) နှစ်ပြည့်မှာ ချစ်သူလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်ခဲ့ပေမယ့် နောက်လာမည့် နေ့ရက်တိုင်းမှာ ချစ်သူလေးနဲ့အတူ ပျော်ရွှင်စရာ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှူ့သူပရိသတ်ကြီး ကျန်းမာ ချမ်းသာ တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစ။ Source ; SeinPhyo&Yi

Add a Comment

Your email address will not be published. Required fields are marked *