Unicode … သူများတွေ အသံတောင်မကြားချင်တဲ့ ကိုဗစ်ကို သူကတော့ ခုတုံးလုပ်ပီး ဆရာ ဆရာမတွေကို ဒုက္ခလာပေးတဲ့ ကိုဗစ်လူနာ အတု
ကိုဗစ်လူနာ အတု ကတော့ သိပ်ကြားဖူမယ်… မထင်။ လူကြည့်တော့ အကောင်းကြီး ။ ဆေးရုံက ဆရာဝန် … ဆရာမတွေ ထက်တောင် လန်းဆန်းနေပုံ ရသေး။ ကွန်ပလိန်းက အနံ့ မရတော့လို့တဲ့။ ပြီးခဲ့တဲ့ သုံးရက်လောက်က လည်ချောင်းနာပြီး ဖျားသေးတယ်တဲ့ ။ တာဝန်အရ … ဟိုဟိုဒီဒီ သွားထားတာလည်း ရသတဲ့ ။
ဆေးရုံ ဝန်ထမ်းတွေ ပြာပြီလေ … ဟာ… ကိုကိုဗစ် လားဟပေါ့။ဒီလိုနဲ့ PUI ဖြစ်… ဆေးရုံတက် … Swab ယူ … ထမင်းဟင်းတွေ ဆေးရုံက ချက်ကြွေးရ … အဖြေကတော့ နက်ဂတစ် ။
ကိုယ်တော်ချောက အနံ့မရဘူးတာပြောတာ … ပို့ပေးတဲ့ ထမင်းဟင်းကျတော့ မီးခိုးနံ့ရလို့ စားမကောင်းဘူး ပြောသေး။ အမန်တော့ အနံ့လည်း ရတဲ့ကောင် ။
သူ့ကို သူ့ဌာနက အရေးပေါ်တာဝန်နဲ့ အဝေးတစ်နေရာ ကို ခေတ္တသွားရောက် တာဝန်ထမ်းဖို့ အမိန့်ချတာ ကိုမသွားချင်လို့ … ရုတ်တရက် အနံ့ပျောက်ပြီး ကိုဗစ် လူနာ အတု ဖြစ်လာတဲ့ဗျာ ။ Crd ဒေါက်တာ တေဇကျော် ( ပြင်ဦးလွင်မြို့)
Tags:
Add a Comment
Your email address will not be published. Required fields are marked *