ပိုးတွေ့လူနာ ၁၀၀ ကျော်အထိရှိခဲ့သည့် ဗဟိုရ်စည်ဆေးရုံကို စုံစမ်းရေးအဖွဲ့ဖွဲ့၍ စစ်ဆေး
|ပိုးတွေ့လူနာ ၁၀၀ ကျော်အထိရှိခဲ့သည့် ဗဟိုရ်စည်ဆေးရုံကို စုံစမ်းရေးအဖွဲ့ဖွဲ့၍ စစ်ဆေး
ပိုးတွေ့လူနာ ၁၀၀ ကျော်အထိ ရှိသည့် ဗဟိုရ်စည် ဆေးရုံကိုစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စက်တင်ဘာ ၂၁ ရက်က စတင် စစ်ဆေးနေကြောင်း တာဝန်ရှိသူများက ပြောပါသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆေးရုံတည်ရှိရာ မြို့နယ်ဖြစ် သော လမ်းမတော်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကိုကိုက ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် သူနာပြုအရာရှိက အတွင်းရေးမှူး၊ ဒုတိယရဲမှူး၊ ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးစည်ပင် သာယာရေးကော်မတီ အရာရှိများဖြင့် ဖွဲ့စည်းစစ်ဆေးနေခြင်း ဖြစ်သည်။
‘‘ ဘယ်က စဖြစ်တာလဲဆိုတဲ့ စစ်ဆေးမှုတွေလည်းပါတယ်။ နောက် အဓိကက ဆေးရုံမှာလုပ်ထားတဲ့ ရောဂါ ကူးစက်ကာကွယ် မှု စံနှုန်းစည်းကမ်းတွေလည်း စစ်ဆေးမှုထဲမှာပါတယ်’’ ဟု စစ်ဆေး ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကိုကိုက ပြောသည်။
စုံစမ်းစစ်ဆေးမှုအတွက် ဗဟိုရ်စည်ဆေးရုံ ဒါရိုက်တာ အဖွဲ့ဝင်များ နှင့် ဆေးရုံအုပ်တို့ထံမှ မှတ်ချက်ရယူနေဆဲ သာရှိသေးကြောင်း ၎င်းက ရှင်းပြသည်။
စက်တင်ဘာ ၁၀ ရက်က စ၍ ဗဟိုရ်စည် ဆေးရုံနှင့်ဆက်စပ်သော အတည်ပြုခံရသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးကို တွေ့ရှိခဲ့ပြီး၎င်း တို့မှာ လူနာအမှတ် (၁၅၈၇)၊ (၁၆၆၅) နှင့် (၁၇၀၀) တို့ဖြစ်သည်။
ထို့နောက် အဆိုပါဆေးရုံရှိ ဝန်ထမ်း ၄၇ ဦးထံမှ စက်တင်ဘာ ၁၂ ရက်က ဓာတ်ခွဲနမူနာရယူခဲ့ပြီး စစ်ဆေးချက် အဖြေအရ ၃၁ ဦး၌ ရောဂါတွေ့ရှိကြောင်း စက်တင် ဘာ ၁၆ ရက်တွင် သက်ဆိုင်ရာ က ကြေညာခဲ့သည်။
ထပ်မံ၍ စက်တင်ဘာ ၁၄ ရက်က ဓာတ်ခွဲနမူနာယူခဲ့သည့် ဗဟိုရ်စည်ဆေးရုံ ဝန်ထမ်း ၆၈ ဦး ထဲမှ ၁၉ ဦးတွင် ရောဂါရှိကြောင်း စက်တင်ဘာ ၁၇ ရက် ထုတ် ပြန်ချက်တွင်ပါဝင်သည်ဟုဒေါက် တာ အောင်ကိုကိုက ရှင်းပြသည်။ Source ; 7 Day News Journal