ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တက်ရောက်နိုင်ခဲ့ပြီး ဂင်းနက်စ်စံချိန်တင်ခဲ့သည့် အမျိုးသားကွယ်လွန်
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့ပြီး ဂင်းနက်စ် စံချိန်တင်ခဲ့တဲ့ နာမည်ကျော် နီပေါတောင်တက်လမ်းပြ အန်းရီတာဟာ အသက် ၇၂ နှစ်အရွယ်မှာ ကာလရှည်နာမကျန်ဖြစ်ပြီး တနလာင်္နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
အန်းရီတာဟာ ၁၉၈၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း အမြင့်ပေ ၂၉၀၃၅ ပေမြင့်တဲ့ ဧဝရက်တောင်ထိပ်ကို အကြိမ်ကြိမ် တက်နိုင်ခဲ့ပြီးသူ့ရဲ့တောင်တက်ကျွမ်းကျင်မှုကြောင့် “Snow Leopard ” လို့ အမည်တွင် ခဲ့ပါတယ်။ အန်းရီတာဟာ ၁၉၈၃ ခုနှစ်က ဧဝရက်တောင်ထိပ်ကို အောက်ဆီဂျင်ဘူး မပါဘဲ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ တာပါ။
သူဟာ ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပေါ်မှ တစ်ဦးတည်းသော တောင်တက်သမားအဖြစ် ၂၀၁၇ ခုနှစ်မှာ ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ အချိန်အထိလည်း သူ့စံချိန်ကို ဘယ်သူမှ လိုက်မမီသေးပါဘူး။
အန်းရီတာဟာ ၁၉၈၇ ခုနှစ်က အောက်ဆီဂျင် အပိုမပါဘဲ အမြင့်ပေ ၂၉၀၂၈ ပေ မြင့်တဲ့ ဧဝရက်တောင်ကို ဆောင်းရာသီမှာ ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ တောင်တက်သမားအဖြစ်လည်း စံချိန်တင်ထားသူပါ။ သူ့ရဲ့ တောင်တက်စွမ်းရည်ကြောင့် အန်းရီတာကို နှင်းကျားသစ်လို့ ချစ်စနိုးနဲ့ ခေါ်ကြတာဖြစ်ပါတယ်။
အန်းရီတာဟာ ဟိမဝန္တာ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲစုံလင်မှု ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေသူပါ။ အန်းရီတာဟာ စက်တင်ဘာလ ၂၁ ရက်က ခတ္တမန္ဒူမြို့ မှာ ကွယ်လွန်သွားခဲ့တာလို့ ကျန်ရစ်သူ မိသားစုက ပြောပါတယ်။
အန်းရီတာဟာ ဦးနှောက်နဲ့အသည်းရောဂါတွေ ခံစားခဲ့ရသူပါ။ သူ ကွယ်လွန်သွားတာဟာ နီပေါနိုင်ငံနဲ့ တောင်တက်သူများ အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှု တစ်ရပ်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ တောင်တက်ခြင်းကဏ္ဍမှာ အန်းရီတာရဲ့ ထည့်ဝင်ပံ့ပိုးမှုတွေကို ထာဝရ အမှတ်ရနေမယ်လို့ နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ခရက်ဒစ်
Unicode … ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသားကွယ်လွန်
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့ပြီး ဂင်းနက်စ် စံချိန်တင်ခဲ့တဲ့ နာမည်ကျော် နီပေါတောင်တက်လမ်းပြ အန်းရီတာဟာ အသက် ၇၂ နစ်အရွယ်မာ ကာလရည်နာမကျန်ဖြစ်ပြီး တနလာၤနေ့က ကွယ်လွန်သွားခဲ့ပါတယ်။
အန်းရီတာဟာ ၁၉၈၃ ခုနစ်ကနေ ၁၉၉၆ ခုနစ်အတွင်း အမြင့်ပေ ၂၉၀၃၅ ပေမြင့်တဲ့ ဧဝရက်တောင်ထိပ်ကို အကြိမ်ကြိမ် တက်နိုင်ခဲ့ပြီးသူ့ရဲ့တောင်တက်ကျွမ်းကျင်မကြောင့် “Snow Leopard ” လို့ အမည်တွင် ခဲ့ပါတယ်။ အန်းရီတာဟာ ၁၉၈၃ ခုနစ်က ဧဝရက်တောင်ထိပ်ကို အောက်ဆီဂျင်ဘူး မပါဘဲ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ တာပါ။
သူဟာ ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပေါ်မ တစ်ဦးတည်းသော တောင်တက်သမားအဖြစ် ၂၀၁၇ ခုနစ်မာ ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ အချိန်အထိလည်း သူ့စံချိန်ကို ဘယ်သူမ လိုက်မမီသေးပါဘူး။
အန်းရီတာဟာ ၁၉၈၇ ခုနစ်က အောက်ဆီဂျင် အပိုမပါဘဲ အမြင့်ပေ ၂၉၀၂၈ ပေ မြင့်တဲ့ ဧဝရက်တောင်ကို ဆောင်းရာသီမာ ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ တောင်တက်သမားအဖြစ်လည်း စံချိန်တင်ထားသူပါ။ သူ့ရဲ့ တောင်တက်စွမ်းရည်ကြောင့် အန်းရီတာကို နင်းကျားသစ်လို့ ချစ်စနိုးနဲ့ ခေါ်ကြတာဖြစ်ပါတယ်။
အန်းရီတာဟာ ဟိမဝန္တာ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲစုံလင်မ ကာကွယ်စောင့်ရာက်ရေး စီမံကိန်းတွေမာ ပါဝင်ဆောင်ရွက်ပေးနေသူပါ။ အန်းရီတာဟာ စက်တင်ဘာလ ၂၁ ရက်က ခတ္တမန္ဒူမြို့ မာ ကွယ်လွန်သွားခဲ့တာလို့ ကျန်ရစ်သူ မိသားစုက ပြောပါတယ်။
အန်းရီတာဟာ ဦးနာက်နဲ့အသည်းရောဂါတွေ ခံစားခဲ့ရသူပါ။ သူ ကွယ်လွန်သွားတာဟာ နီပေါနိုင်ငံနဲ့ တောင်တက်သူများ အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ဆုံးရးမ တစ်ရပ်ဖြစ်တယ်လို့ မတ်ချက်ပေးခဲ့ကြပါတယ်။ တောင်တက်ခြင်းကဏ္ဍမာ အန်းရီတာရဲ့ ထည့်ဝင်ပံ့ပိုးမတွေကို ထာဝရ အမတ်ရနေမယ်လို့ နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ခရက်ဒစ်