ဧရာဝတီကိုဗစ်ကုသရေး စင်တာတွင်ကုတင် ၇၇၀ အထိ ထားရှိနိုင်ဖို့ ထပ်မံတိုးချဲ့နေ
ဧရာဝတီကိုဗစ်ကုသရေး စင်တာတွင်ကုတင် ၇၇၀ အထိ ထားရှိနိုင်ဖို့ ထပ်မံတိုးချဲ့နေ
Covid-19 လူနာများ လက်ခံကုသနေတဲ့ ဧရာဝတီ စင်တာမှာ စုစုပေါင်း ကုတင် (၇၇၀) အထိ ထားရှိနိုင်ဖို့ တိုးချဲ့နေပြီး သည်လကုန်မှာ ပြီးစီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စတင်ဖွင့်လှစ်ချိန်က စုစုပေါင်း ၄၀၀ ဦးအတွက်သာ ပြင်ဆင်ခဲ့ပေမယ့် Covid-19 Positive တွေ့ရှိသူ များပြားလာတာနဲ့အမျှ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့ ပြည်ထောင်စုဝန်ကြီး ဆရာကြီး ဒေါက်တာမြင့်ထွေး၊ ဆရာကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး ဧရာဝတီစင်တာကို ကုတင် (၇၇၀) ထိ ထားရှိနိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေတာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အသိပေးထားပါတယ်။
တည်ဆောက်ပြီးစီးသွားတဲ့ ဧရာဝတီစင်တာ (A) မှာ (၄၂၅) ကုတင်၊ ထပ်မံတိုးချဲ့မယ့် ဧရာဝတီစင်တာ (B) မှာ ကုတင် (၂၇၀) ၊ ဧရာဝတီစင်တာ (C) ဖြစ်တဲ့ Covid-19 Critical Care Unit မှာတော့ ICU နဲ့ HDU စုစုပေါင်း (၇၅) ကုတင် ပါရှိမှာ ဖြစ်ပါတယ်။
ဦးဇော်ဇော်က ” ယခုလကုန်မှာ ပြီးစီးနိုင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ အခုလို ကာလအတွင်းမှာ အချိန်မီပြီးစီးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေကြတဲ့ အလုပ်သမားများ၊ ဝန်ထမ်းများ၊ စေတနာရှင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်” လိုအသိ ပေးထားပါတယ်။
Unicode … ဧရာဝတီကိုဗစ်ကုသရေး စင်တာတွင်ကုတင် ၇၇၀ အထိ ထားရနိုင်ဖို့ ထပ်မံတိုးချဲ့နေ
Covid-19 လူနာများ လက်ခံကုသနေတဲ့ ဧရာဝတီ စင်တာမာ စုစုပေါင်း ကုတင် (၇၇၀) အထိ ထားရနိုင်ဖို့ တိုးချဲ့နေပြီး သည်လကုန်မာ ပြီးစီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စတင်ဖွင့်လစ်ချိန်က စုစုပေါင်း ၄၀၀ ဦးအတွက်သာ ပြင်ဆင်ခဲ့ပေမယ့် Covid-19 Positive တွေ့ရသူ များပြားလာတာနဲ့အမျ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့ ပြည်ထောင်စုဝန်ကြီး ဆရာကြီး ဒေါက်တာမြင့်ထွေး၊ ဆရာကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး ဧရာဝတီစင်တာကို ကုတင် (၇၇၀) ထိ ထားရနိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေတာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အသိပေးထားပါတယ်။
တည်ဆောက်ပြီးစီးသွားတဲ့ ဧရာဝတီစင်တာ (A) မာ (၄၂၅) ကုတင်၊ ထပ်မံတိုးချဲ့မယ့် ဧရာဝတီစင်တာ (B) မာ ကုတင် (၂၇၀) ၊ ဧရာဝတီစင်တာ (C) ဖြစ်တဲ့ Covid-19 Critical Care Unit မတော့ ICU နဲ့ HDU စုစုပေါင်း (၇၅) ကုတင် ပါရမာ ဖြစ်ပါတယ်။
ဦးဇော်ဇော်က ” ယခုလကုန်မာ ပြီးစီးနိုင်ဖို့ ဆောင်ရွက်လျက် ရပါတယ်။ အခုလို ကာလအတွင်းမာ အချိန်မီပြီးစီးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေကြတဲ့ အလုပ်သမားများ၊ ဝန်ထမ်းများ၊ စေတနာရင်များအားလုံးကို လက်လက်လလ ကျေးဇူးတင်ရပါတယ်” လိုအသိ ပေးထားပါတယ်။
လက်ရ မြန်မာနိုင်ငံမ ကိုဗစ် အတည်ပြုလူနာ (၇,၂၉၂) ဦးရပြီး သေဆုံးသူ (၁၃၀) ဦး ရနေပြီ ဖြစ်ပါတယ်။ ဧရာဝတီစင်တာကို စက်တင်ဘာလ ၁၃ရက်နေ့က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Source ; KUMUDRA
Add a Comment
Your email address will not be published. Required fields are marked *