အင်းစိန်ရွာမစာသင်တိုက်မှ သံဃာတော် ၇၅ ပါး ကိုဗစ်ပိုတွေ့
|အင်းစိန်ရွာမစာသင်တိုက်မှ သံဃာတော် ၇၅ ပါး ကိုဗစ်ပိုးတွေ့… တပ်မတော်က တာဝန်ယူကုသပေးနေဟုသိရ
စက်တင်ဘာ ၂၄ရက်နေ့ညနေပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ အင်းစိန်ရွာမပရိယတ္တိစာ သင်တိုက်က သံယာ ၇၅ပါးမှာ ကိုဗစ် ၁၉ ပိုးတွေ့ခဲ့တာပါ။
အင်းစိန်ရွာမစာသင်တိုက်ကို စက်တင်ဘာ ၂၄ရက် နေ့မနက်ပိုင်းက မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေ သွားရောက်ခဲ့ပေမယ့် ကျောင်းတိုက်ကို ပိတ်ထားပြီး တပ်မတော်က တာဝန်ယူစောင့်ရှောက်နေ တာတွေ့ရတယ်လို့ အင်းစိန်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စား လှယ်ဦးဝေဖြိုးဟန်က ပြောပါတယ်။
“ ဆရာတော်တွေက ကျောင်းကို ပိတ်ထားတယ်။ အဝင် အထွက်လုံးဝ မလုပ်ပါဘူး။ ကျွန်တော်တို့ကိုလည်းပေး မဝင်ပါဘူး။ သူတို့ ပြောတာကတော့ တပ်မတော်ဘက်ပဲ ကူညီပေးနေတယ်လို့ပြောတယ်။ သူတို့ ကျန်းမာရေးအတွက် ကျောင်းကိုပိတ်ထားတာတော့ အမှန်ပါပဲဗျ ” လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက သတင်းမှန်ကန်ကြောင်းနဲ့ သံယာတွေကို မှော်ဘီတပ်မတော် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းမှာ ဆေးကုသမှု ပေးနေတယ်လို့ အတည်ပြုပါတယ်။
အင်းစိန်မြို့နယ်မှာ စက်တင်ဘာ ၂၄ ညနေပိုင်း ထုတ်ပြန်ချက်တစ်ခုတည်းမှာ ကိုဗစ် ၁၉ ပိုးတွေ့သူ အတည်ပြု လူနာ ၈၈ ဦး အထိရှိခဲ့တာပါ။ စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းအထိ စာရင်းတွေအရ အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာ ၂၆၄ ဦး အထိရှိလာ တယ်လို့ အင်းစိန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အတည်ပြု ထားပါတယ်။ ခရက်ဒစ်