နေပြည်တော်တွင် သတ်မှတ်စည်းကမ်း မလိုက်နာသည့် စားသောက်ဆိုင်တစ်ဆိုင်ကို သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေဖြင့်တရားစွဲဆို
|နေပြည်တော်တွင် သတ်မှတ်စည်းကမ်း မလိုက်နာသည့် စားသောက်ဆိုင်တစ်ဆိုင်ကို သဘာဝဘေးအန္တရယ်ဆိုင်ရာ ဥပဒေဖြင့်တရားစွဲဆို
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာBar အပါအဝင် စင်တင်များလည်းပါဝင်ကာ ဖွင့်လှစ်ခဲ့သည့်အတွက် သတ်မှတ် ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ ဖွင့်လှစ်သောကြောင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် ပထမဆုံး အမှုဖွင့် တရားစွဲထားကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၏ ပြောပြချက်အရ သိရသည်။
စားသောက်ဆိုင်များကို ဆိုင်ထိုင် စနစ်အစား ပါဆယ်စနစ်ဖြင့်ပြောင်းလဲ ဆောင်ရွက်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က နေပြည်တော်ကောင်စီရုံးမှ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အဆိုပါ ညွှန်ကြားချက်များအရ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွင် အဆိုပါစား သောက်ဆိုင်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရပါသည်။
“ ဆိုင်က ဇဗ္ဗူသီရိမြို့နယ်က ဆိုင်တစ်ဆိုင်ပါ။စင်တင်တီးဝိုင်းတွေ နဲ့ ဘားတွေနဲ့ Night Club သဖွယ် ဖွင့်လှစ်ပြီး လူစုလူဝေး တွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာမှုမရှိတဲ့အတွက် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သဘာဝဘေး ဥပဒေနဲ့ ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး တရားစွဲဆိုထားတာပါ” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပြသည်။
အလားတူ နေပြည်တော် ပျဉ်းမနာမြို့နယ်အတွင်းရှိ Bar ဆိုင်ပါဝင်သည့် စားသောက်ဆိုင်တစ်ဆိုင်မှာလည်း ကိုဗစ်ကာလအတွင် စည်းကမ်းလိုက်နာမှုမရှိပဲ ဖွင့်လှစ်ခဲ့သည့်အတွက် အရေးယူမှုရှိခဲ့သော်လည်း ယခုလို သဘာဝဘေအန္တရယ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူခြင်းမှာ ဇမ္ဗူသီရိ မြို့နယ်ရှိ စားသောက်ဆိုင်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည် ။
လက်ရှိတွင် စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ရောင်းချခြင်း မရှိစေရန် သက်ဆိုင်ရာအဖွဲ့များနှင့် လိုက်လံစစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးနေစဉ် စည်းကမ်းများမလိုက်နာမှုများ ရှိပါကလည်း အဆျုပါ စည်းကမ်းမလိုက်နာသည့်ဆိုင်ကို ပထမအကြိမ် သတိပေးပြီး ဝန်ခံကတိ ရေးထိုးခိုင်းကာ ဒုတိယတစ်ကြိမ်တွင် ဆိုင်ကို ၃ ရက်ပိတ် အရေးယူကြောင်း တတိယအကြိမ်တွင် ဆိုင်ကို အပြီးပိတ်သိမ်းကြောင်း ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၏ ပြောပြချက်အရ သိရပါသည်။ Source ; MyanmaPlatform