ကာကွယ်ထားတဲ့ကြားက ကူးစက်ခံလိုက်ရတဲ့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရဲ့ ကိုဗစ်ကူးစက်မှု ဖြစ်စဉ် နဲ့ လက်ရှိ အခြေအနေ

ကာကွယ်ထားတဲ့ကြားက ကူးစက်ခံလိုက်ရတဲ့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရဲ့ ကိုဗစ်ကူးစက်မှု ဖြစ်စဉ် နဲ့ လက်ရှိ အခြေအနေ

ကာကွယ်ထားတဲ့ကြားက ကူးသွားတာတဲ့။ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက်ကြီးမှာ သံဃာငါးရာကျော် ရှိတယ်။ ကိုဗစ်ကာလ တလျှောက်လုံး (ကိုဗစ် ပထမ လှိုင်းကနေ အခုထိ) ဆွမ်းခံ မထွက်ခိုင်းပဲ ကျောင်းမှာပဲ ချက်ကျွေးတယ်။

အထဲက သံဃာတွေကို အပြင်ထွက်ခွင့် လုံးဝမပေးသလို အပြင်လူလည်း လုံးဝ ဝင်ခွင့် မပေးဘူး။ စာချနာယကတွေ ကိုယ်တိုင် ကျောင်းဝမှာ စောင့်ကြပ်ပြီးတော့ စာချစာသင် အလုပ်တစ်ခုကိုပဲ ဖိဖိစီးစီး လုပ်ကြတယ်။ (၂- နှစ်ဆက် ပထမကျော် ထွက်ထားသော ကျောင်းတိုက်ဖြစ်သည်)

ဆွမ်းကပ်ချင်ရင် ဘဏ်စနစ်နဲ့ပဲ လက်ခံတယ်။ ကျောင်းကို လာခွင့် မပေးဘူး။ ဟင်းချက် ပစ္စည်းတွေကို ပါဆယ်နဲ့ ထုတ်ပြီး ကျောင်းအပြင်က ခုံတွေမှာပဲ ချခိုင်းတယ်။ အထဲကို မဝင်ခိုင်းဘူး။

ဈေးဝယ်လူတွေ နဲ့ အထိအတွေ့မရှိဘူး ။ ကျောင်းတွင်းကလူက ဈေးဝယ်ပစ္စည်းတွေကို ကျောင်းရှေ့မှာ ထွက်ယူတယ်။ နှစ်ဦးသား မျက်နှာချင်း ဆိုင်စရာ မလိုအောင် စီမံထားတယ်။ တိုက်ပေါက်ကို နာယကတွေကိုယ်တိုင် ကြီးကြပ်စောင့်ရှောက်တယ်။

၂၁-ရက်နေ့က ကိုရင်နှစ်ပါး အနံ့ပျောက် တယ်။ (၂၂) ရက်နေ့ မှာ ဆွမ်းစားကျောင်းအတူ ဘုန်းပေးစနစ်ကို ဖျက်လိုက်တယ်။ ကိုယ့်ကျောင်းမှာ ကိုယ် ဘုန်းပေးဖို့ စီမံလိုက်တယ်။ ကိုရင်နှစ်ပါးအပါအဝင် ထိတွေ့ ကိုရင် (၁၃) ပါးကို အာခေါင်တို့ဖတ်စ ယူပြီး စစ်ဆေးတယ်။ (၁၂)ပါး ပိုးတွေ့တယ်။

ဒီကိုရင် (၁၂) ပါးနဲ့ ထိတွေ့တဲ့ အခြား ဦးဇင်း, ကိုရင် (၁၂၂) ပါးကို ထပ်ပြီး ပိုးစစ်တယ်။ (၆၃) ပါး ထပ်ပြီး ပိုးတွေ့တယ်။ စာချဆရာတော် (၂) ပါးပါ ပိုးထိသွားတယ်။ ကျောင်းနေ သံဃာနဲ့ ကပ္ပိယအားလုံးကို အာခေါင်တို့ဖတ်စ နမူနာ ယူပြီးစစ်လိုက်တော့ စုစုပေါင်း ၃၅၄ ဦး ပိုးတွေ့ပါတယ်။

ပိုးလာတဲ့ လမ်းကြောင်းကို ဘယ်လိုမှ မစဉ်းစားတတ်ကြဘူးလို့ ဆိုတယ်။ လူတွေနဲ့ထိတွေ့ဖွယ် မလိုအောင် ပစ္စည်းတင်စရာ ခုံတန်းလျားထားပြီး “ပစ္စည်းထား လူပြန်” “ပစ္စည်းကျန် လူယူ” စနစ် ကျင့်သုံးထားတဲ့ ကြားထဲက ပိုးထိသွားတဲ့အတွက် နားမလည်နိုင်အောင် ဖြစ်နေကြတုန်းပဲလို့ ဆိုတယ်။

သေချာတာကတော့ ပိုးပျံ့နှုန်း က သိပ်မြန်နေတယ်။ သိစေချင်တာက သံဃာတွေ အားအားယားယား လျှောက်သွားနေလို့ ဆွမ်းခံ ထွက်ရလို့ ရောဂါပိုး ကူးစက်လာတာ မဟုတ်သလို။ တာဝန်ရှိ ဆရာတော်တွေ မျက်နှာလွှဲခဲပစ် လုပ်လို့ ကူးတာလည်း မဟုတ်ဘူး။ ပေါ့ဆနေသေးတဲ့ ကျောင်းတွေကလည်း တို့နဲ့ နီးပြီလို့ တွေးကြဖို့ လိုအပ်ပါတယ်။ ပိုးဟာ တွက်ထားတာထက် ပိုပြီး မြန်နေတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *