Qဝင်မည့်သူများအား မှတ်တမ်းဓါတ်ပုံရိုက်သည့် ရာအိမ်မှူး ဝိုင်းရိုက်ခံရ

Qဝင်မည့်သူများအား မှတ်တမ်းဓါတ်ပုံရိုက်သည့် ရာအိမ်မှူး ဝိုင်းရိုက်ခံရ

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့သည့်သူနဲ့ ထိတွေ့ခဲ့သည့် အမျိုးသမီး နှစ်ဦးအား Quarantine ဝင်ရန် သွားရောက် ခေါ်ယူစဉ် မှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့သည့် ရပ်ကွက်ရာအိမ်မှူး ဦးလှနိုင်အား ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ င ရပ်ကွက်မှာ စက်တင်ဘာ ၂၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့သဖြင့် Quarantine ဝင်ရန်အတွက် သွားရောက် ခေါ်ရာမှာ ဓာတ်ပုံ ရိုက်သည့်အတွက် မကျေနပ်သဖြင့် ရာအိမ်မှူးအား ဝိုင်းဝန်းရိုက်နက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့သည့်သူနဲ့ ထိတွေ့ခဲ့သည့် အမျိုးသမီး နှစ်ဦးအား လူမှုကူညီရေး အသင်းတစ်ခုနဲ့ အတူ ရပ်ကွက်ရာအိမ်မှူး ဦးလှနိုင်က သွားရောက်ခေါ်စဉ် မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ရာက မိသားစုဝင်များက မကျေနပ်ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက် ခဲ့ကြတယ်လို့ ဆိုပါတယ်။

Quarantine ဝင်မည့် အမျိုးသမီးအား ခေါ်ဆောင်လာခဲ့စဉ် ဗိုလ်ဗထူးလမ်းနှင့် အောင်ဆန်းလမ်းကြား၊ လမ်းသွယ် ၈ ရောက်သောအခါတွင် မိသားစုဝင် ၅ ဦးလိုက်လာပြီး ဓာတ်ပုံရိုက်သည့် ကိစ္စအား မကျေနပ်ဟုဆို ကာ ညစ်ညမ်းစွာဆဲဆိုပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရပါတယ်။

ထိုသို့  ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့ခြင်းကြောင့် ဦးလှနိုင်သည် ဦး ခေါင်း ဖောရောင်နာကျင်ဒဏ်ရာ ကျောကုန်းနာကျင် ဒဏ်ရာ ပါးဖုယောင်ဒဏ်ရာနှင့် မေးစေ့နာကျင် ဒဏ်ရာတို့ ရရှိခဲ့ကာ ထို ၅ ဦးကို မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥမဒေပုဒ်မ ၂၉၄ / ၃၂၃ / ၁၁၄အရ အမှုဖွင့်ထားကြောင်း သိရပါသည် ။ Crd ; Myanmaplatform

Add a Comment

Your email address will not be published. Required fields are marked *