ကိုဗစ်ပျောက်ကင်းသူတွေအနေနဲ့ သွေးရည်ကြည်များ ပြန်လှူပေးဖို့ တိုက်တွန်းလိုက်တဲ့ မျိုးကြီး ( ရုပ်သံ )
|ကိုဗစ်ပျောက်ကင်းသူတွေအနေနဲ့ သွေးရည်ကြည်များ ပြန်လှူပေးဖို့ တိုက်တွန်းလိုက်တဲ့ မျိုးကြီး ( ရုပ်သံ )
အဆိုတော် မျိုးကြီးဟာ ကိုဗစ် ပထမလှိုင်းမှာ Covid -19 Positive ကနေ Negative နှစ်ကြိမ်ပြကာ ဆေးရုံက ဆင်းခွင့်ရခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အခုလို ကိုဗစ် ဒုတိယလှိုင်းမှာ လူနာ လူဦးရေတွေ များပြားလာချိန် ကိုဗစ်ရောဂါကနေ ပြန်လည်ပျောက်ကင်းသွားသူတွေရဲ့ Plasma သွေးရည် ကြည် အများအပြား လိုအပ်လျက် ရှိတာကြောင့် အဆိုတော် မျိုးကြီးက သွေးရည်ကြည်များ ပြန်လည် လှူဒါန်းဖို့အတွက် တိုက်တွန်း နှိုးဆော်ထားတာတွေ့ရပါတယ်။
သို့ဖြစ်ပါ၍ သွေးရည်ကြည်လှူဒါန်းရန် ဆန္ဒရှိသူများ အောက်ပါ ဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဆက်သွယ်ရန်ဖုန်း ….095130418 ၊ 09 5402098 ” ဆိုပြီး စက်တင်ာ (၂၆) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဗီဒီယိုနဲ့တကွ ပြောပြထားတာတွေ့ရပါတယ်။
အကယ်၍ ကိုဗစ်ပျောက်ကင်း လူနာများအနေနဲ့ သွေးရည်ကြည်များ ပြန်လည်လှူဒါန်းချင်ပါက နာမည်နဲ့ Casesနံပါတ်များကို ပြောပြဖို့ လိုအပ်ကြောင်းနဲ့ သွေးရည်ကြည် အလှူရှင်တွေက အနည်းဆုံး အသက် (၁၈) နှစ်ကနေအများဆုံး (၅၅) နှစ်အထိ ဖြစ်ဖို့လိုအပ်ပြီး ပေါင်ချိန်အနည်းဆုံး (၁၂၀) ရှိဖို့ လိုအပ်ကြောင်း ကိုလည်း မျိုးကြီးက သူ့ရဲ့ ဗီဒီယိုထဲမှာပြောထားပါတယ်။
သူကိုယ်တိုင်လည်း ကိုဗစ်လူနာတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရအောင် သူ့ရဲ့ သွေးရည်ကြည်များကို ပြန်လည်လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။ သူ့လိုပဲ ကိုဗစ်ရောဂါကနေ ပြန်လည် ပျောက်ကင်းသွားသူတွေဟာ မြန်မာနိုင်ငံမှာ နှစ်ထောင်ကျော် ရှိလို့နေပါပြီ။
ဒါကြောင့် ကိုဗစ်ပျောက်ကင်း လူနာတွေအနေနဲ့ မိမိတို့ရဲ့သွေးရည်ကြည်ကနေ ကိုဗစ်လူနာများကို ကုသနိုင်ဖို့ ဒီအစီ အစဉ်လေးမှာ ပါဝင်ကြဖို့ကိုလည်း အဆိုတော် မျိုးကြီးက ဆက်လက်ပြောပြထားပါသေးတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၉၉၉၁ ဦးရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၂၆၈၁ ဦးနဲ့ သေဆုံးသူ ၁၉၈ ဦး တိတိ ရှိလို့နေတယ်လို့ သိရပါတယ်။ ခရက်ဒစ်
ရုပ်သံကြည့်ရန် >>>
လက်ရှိ COVID အရေးပေါ် လူနာများအတွက် Plasma သွေးရည်ကြည် အများအပြားလိုအပ်လျက်ရှိပါသည်။ ယခင် COVID ရောဂါခံစားရပြီး…
Posted by Myo Gyi on Saturday, September 26, 2020