ငါ့မှာဖြစ်ရင်တော့ သက်သက်သာသာလေးပဲ ဖြစ်မှာပဲလို့ ကိုဗစ်နဲ့ စာချုပ်ချုပ်ထားတာ မဟုတ်တဲ့အတွက် အထူးသတိပြုပါလို့ သတိပေးလိုက်တဲ့ ဒေါက်တာခင်ခင်ကြီး

ငါ့မှာဖြစ်ရင်တော့ သက်သက်သာသာလေးပဲ ဖြစ်မှာပဲလို့ ကိုဗစ်နဲ့ စာချုပ်ချုပ်ထားတာ မဟုတ်တဲ့အတွက် အထူးသတိပြုပါလို့ သတိပေးလိုက်တဲ့ ဒေါက်တာခင်ခင်ကြီး

ငါ့မှာဖြစ်ရင်တော့ သက်သက်သာသာလေးပဲ ဖြစ်မှာပဲလို့ ကိုဗစ်နဲ့ စာချုပ်ချုပ်ထားတာ မဟုတ်တဲ့ အတွက် အထူးသတိပြုပါလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်။

ဒေါက်တာ ခင်ခင်ကြီးက “ သေဆုံးရတဲ့အဓိက အကြောင်းရင်းမှာလည်း ဆေးရုံ အရောက်နောက်ကျတာ တချို့ဆိုသေပြီးမှ အလောင်းအဖြစ်နဲ့ ဆေးရုံရောက်ရာက ဓာတ်ခွဲနမူနာယူပြီး စစ်လို့သာ ပို့ တွေ့မှန်း သိရတာဖြစ်ပါတယ်။ ဒီနေရာမှာ သေသူအားလုံးဟာ အသက်ကြီးသူတွေ နောက်ခံ ရောဂါရှိသူတွေပဲ မဟုတ်ကြပါ ဘာမှရောဂါမရှိတဲ့ အသက်ငယ်သူတွေလဲ သေနေကြတာ တွေ့နေရပါတယ်။

ဒီတော့ကာ ငါ့မှာဖြစ်ရင်တော့ သက်သက်သာသာလေးပဲ ဖြစ်မှာပဲလို့ ကိုဗစ်နဲ့ စာချုပ်ချုပ်ထားတာ မဟုတ်တဲ့အကြောင်း အထူးသတိပြု စေချင်ပါတယ်။ ဒီတော့ကာ ပြည်သူတွေကို မေတ္တာနဲ့ သတိပေးလိုတာကတော့ မိမိရဲ့မိဘဘိုးဘွားတွေကို ချစ်ခင်တယ် မြတ်နိုးတယ် တန်ဖိုးထားတယ်ဆိုရင် မိမိတို့ကိုယ်တိုင်က ရောဂါကူးစက်ခြင်းမခံရလေအောင် ပြုမူနေထိုင်ဖို့ အထူးအရေးကြီးလှပါတယ်” လို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုတွင် ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဟာ နှိုင်းယှဉ်လိုက်ရင် အဆ ၉၀ ကွာပါတယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်ခင်ကြီးက “ ပထမလှိုင်းမှာ လူနာ စတွေ့သည့် မတ်လ ၂၃ မှ လူနာ ၃၇၄ ယောက်ဖြစ်ဖို့ ၂၁ ပတ်ကြာပါတယ် ။ တစ်ပတ်ကို ၁၆ ယောက် နှုန်းဖြစ်ပါတယ်။သို့သော် ဒုတိယလှိုင်းစတင်သည့် လူနာ ၃၇၅ မှ ၉၉၉၁ ဖြစ်ဖို့ ၆ ပတ်ပဲကြာပါတယ် ။ တစ်ပတ်ကို ၁,၆၀၃ ယောက် ပိုးတွေ့ပါတယ် ။ ဒါဆိုအဆ ၉၀ကွာတာသိလောက်ပြီထင်ပါတယ် ။ ထို့နည်းတူ ပထမလှိုင်းမှာ သေသူ ၆ ယောက်ပဲရှိပေမဲ့ ဒုတိယလှိုင်းမှာ ယခုအချိန်အထိ သေသူ ၁၉၂ ယောက်ရှိပါတယ်။

သေသူ စုစုပေါင်း ၁၉၈ ယောက်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်လျှင် ၆၀ အထက် ၁၃၇ ယောက်ရှိပြီး စုစုပေါင်း သေဆုံးသူ၏ ၆၉ % ရှိနေတာကိုတွေ့ရမှာပါ။ အမျိုးသားသေဆုံးမှုက အများဆုံးဖြစ်ပြီး ၁၂၈ ဦးရှိကာ ၆၅ % ရှိပါတယ်။ အမျိုးသမီးသေဆုံးမှုက ၇၀ ဦးရှိပြီး၃၅ % ရှိပါတယ် ကျားမ သေဆုံးမှုအချိုး ၂:၁ ဖြစ်ပါတယ်။

ဒီနေရာမှာ အသက် ၆၀ အထက်သေဆုံးသူတွေဟာ အပြင်ထွက်လို့ အုပ်စုဖွဲ့စားသောက်လို့ social gathering ဆောင်ရွက်လို့မဟုတ်ပဲ မိသားစုဝင်တွေဆီက ကူးစက်ခံရတာ ဖြစ်ကြောင်းလဲ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်” လို့ ထပ်မံပြောပါတယ်။ Ref ; MyanmaPlatform

Add a Comment

Your email address will not be published. Required fields are marked *