လူနာလည်းသယ်ရ မြွေလည်းဖမ်းရ ဆိုပြီး သူရဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်

လူနာလည်းသယ်ရ မြွေလည်းဖမ်းရ ဆိုပြီး သူရဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်

ပရိသတ်အချစ်တော် ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာ လူအားငွေအားနဲ့ အင်တိုက်အားတိုက် ပါဝင်လေ့ရှိသူပါပဲနော် ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကာကွယ်ကုသရေး လုပ်ငန်းတွေစတင်ကတည်းက အိမ်တောင်မပြန်တော့ဘဲ ဖိဖိစီးစီးနဲ့ ကူညီဆောင်ရွက်ပေးနေတာလည်း ယနေ့အချိန်ထိပဲလို့ ဆိုရမှာပါ။

အဓိကအားဖြင့် ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာတွေကို သယ်ယူပို့ဆောင် ရေး၊ ဆေးဖြန်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေသလို ကိုဗစ်ပိုးနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်များကိုလည်း အချိန်နဲ့တပြေးညီ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေပေးလျက် ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ လူနာလည်း သယ်၊ မြွေလည်းဖမ်းခဲ့ရတဲ့ နေ့ လေးတစ်နေ့ အကြောင်းကို မျှဝေလာပါတယ်။

“ COVID 19 လူနာတွေလည်း သယ်ရ မြွေလည်း ဖမ်းရတယ်ဗျ … သကောင့်သားက ကျတော့အခန်းထဲက PPE ထည့်တဲ့ကတ်ထူပုံးတွေ ကြားထဲမှာ ငြိမ့်နေတာလေ… PPE ယူတဲ့သူက အမြီးမြင်လိုက်တော့ ကင်းလိပ်ချောလို့ ထင်လိုက်တာတဲ့ … သေချာ ကြည့်မှ မြွေမှန်းသိတာ … အဲ့ဒီကျတော့ ကျွန်တော်ကဖမ်းပြီး လွတ် ရာမှာ သွားလွှတ်ပေးလိုက်ပါတယ် ” ဆိုပြီး မျှဝေခဲ့ပါတယ်။

ဝေဠုကျော်ကတော့ ဖမ်းမိခဲ့တဲ့မြွေလေးကို လွှတ်ပေးခဲ့တဲ့အပြင် သတ္တဝါတွေအားလုံး ဘေးရန်ကင်းရှင်းစေဖို့လည်း ဆုတောင်းမေတ္တာပို့ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ။ ကိုယ်ကျိုးစွန့်ပြီး ပရဟိတလုပ်နေသူတွေ အကုန်လုံး ဘေးအန္တရာယ်တွေ ကင်းရှင်းပြီး အများအကျိုး ကို စိတ်ဖြောင့်ဖြောင့်လုပ်နိုင်ဖို့ ပရိသတ်ကြီးလည်း ဆုတောင်း မေတ္တာ ပို့ပေးကြပါဦးနော်။ ခရက်ဒစ်

Unicode … လူနာလည်းသယ်ရ မြွေလည်းဖမ်းရ ဆိုပြီး သူရဲ့ အတွေ့အကြုံကို မျဝေလာတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်

ပရိသတ်အချစ်တော် ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးပြု ပရဟိတလုပ်ငန်းတွေမာ လူအားငွေအားနဲ့ အင်တိုက်အားတိုက် ပါဝင်လေ့ရသူပါပဲနော် ။ မြန်မာနိုင်ငံမာ ကိုဗစ်ပိုးကာကွယ်ကုသရေး လုပ်ငန်းတွေစတင်ကတည်းက အိမ်တောင်မပြန်တော့ဘဲ ဖိဖိစီးစီးနဲ့ ကူညီဆောင်ရွက်ပေးနေတာလည်း ယနေ့အချိန်ထိပဲလို့ ဆိုရမာပါ။

အဓိကအားဖြင့် ကိုဗစ်ပိုးတွေ့ရတဲ့ လူနာတွေကို သယ်ယူပို့ဆောင် ရေး၊ ဆေးဖြန်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေသလို ကိုဗစ်ပိုးနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်များကိုလည်း အချိန်နဲ့တပြေးညီ သူ့ရဲ့လူမကွန်ရက် စာမျက်နာမာ မျဝေပေးလျက် ရပါတယ်။ ဒီတစ်ခေါက်မာတော့ လူနာလည်း သယ်၊ မြွေလည်းဖမ်းခဲ့ရတဲ့ နေ့ လေးတစ်နေ့ အကြောင်းကို မျဝေလာပါတယ်။

“ COVID 19 လူနာတွေလည်း သယ်ရ မြွေလည်း ဖမ်းရတယ်ဗျ … သကောင့်သားက ကျတော့အခန်းထဲက PPE ထည့်တဲ့ကတ်ထူပုံးတွေ ကြားထဲမာ ငြိမ့်နေတာလေ… PPE ယူတဲ့သူက အမြီးမြင်လိုက်တော့ ကင်းလိပ်ချောလို့ ထင်လိုက်တာတဲ့ … သေချာ ကြည့်မ မြွေမန်းသိတာ … အဲ့ဒီကျတော့ ကျွန်တော်ကဖမ်းပြီး လွတ် ရာမာ သွားလွတ်ပေးလိုက်ပါတယ် ” ဆိုပြီး မျဝေခဲ့ပါတယ်။

ဝေဠုကျော်ကတော့ ဖမ်းမိခဲ့တဲ့မြွေလေးကို လွတ်ပေးခဲ့တဲ့အပြင် သတ္တဝါတွေအားလုံး ဘေးရန်ကင်းရင်းစေဖို့လည်း ဆုတောင်းမေတ္တာပို့ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ။ ကိုယ်ကျိုးစွန့်ပြီး ပရဟိတလုပ်နေသူတွေ အကုန်လုံး ဘေးအန္တရာယ်တွေ ကင်းရင်းပြီး အများအကျိုး ကို စိတ်ဖြောင့်ဖြောင့်လုပ်နိုင်ဖို့ ပရိသတ်ကြီးလည်း ဆုတောင်း မေတ္တာ ပို့ပေးကြပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *