စပွန်ဆာရှိလားဆိုတဲ့ မေးခွန်းအပေါ် စပွန်ဆာတွေအများကြီး ရှိပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ဖြေကြားလာတဲ့ အလှမယ်သင်းသင်

စပွန်ဆာရှိလားဆိုတဲ့ မေးခွန်းကို စပွန်ဆာတွေအများကြီး ရှိပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ဖြေကြားလာတဲ့ အလှမယ် သင်းသင်း

အလှမယ် သင်းသင်းနဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ရဲ့သတင်းဟာ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး သတင်းဖြစ်ခဲ့ပါတယ်။သင်းသင်း တစ်ယောက် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲခဲ့သလို လက်ရှိမှာလည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီအမှုရင်ဆိုင်နေရဆဲ ကာလတွေမှာ သူမကို စပွန်ဆာတွေ အများကြီး ရှိနေတယ်လို့ ပြောဆို ဝေဖန်နေကြတဲ့အပေါ် သူမမှာ စပွန်ဆာတွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် ညသွားအိပ်ရတဲ့ စပွန်ဆာ တစ်ယောက်မှ မရှိပါဘူးလို့ ပြန်လည်တုံ့ပြန် လာခဲ့တာပါ ။

“ စပွန်ဆာရှိလားလို့ မေးတဲ့အပေါ်မှာ က စပွန်ဆာ ရှိတယ်လေ ဒါ ပေမယ့် သင်းခံယူထားတဲ့ စပွန်ဆာက ဘယ်လိုစပွန်ဆာ လဲဆိုတော့ သင်းအပေါ်မှာ ပခုလက်ရှိမှာ ကူညီပံ့ပိုးပေးနေတဲ့ သူတွေအကုန်လုံးက သွားပြီးတော့ ညအိပ်တဲ့လူတွေ တစ်ယောက်မှမရှိဘူးလေ ။ အဲ့ဒီအတွက်ကိုယ်က ခင်ပွန်းကြီးဆယ်ပါး ထဲမှာပါတဲ့ ကျေးဇူးရှင်တွေ အကုန်လုံးပဲပေါ့ ။

အဲ့ဒါကြောင့် သင်းခံယူထားတယ် သင်းမှာ စပွန်ဆာတွေ အများကြီးရှိပါတယ် ။ မိန်းမတွေရော ယောကျာ်းတွေရောပေါ့ ။ သင်းသိတဲ့ စပွန်ဆာက ညသွားအိပ်တဲ့ စပွန်ဆာမဟုတ်ပါဘူး ။ လူတစ်ယောက်ရဲ့ ခက်ခဲနေတဲ့အချိန်မှာ ကူညီပေးတဲ့သူတွေပါ ။ စပွန်ဆာပေးချင်လို့ ဆိုပြီး ကြားပွဲစားတွေနဲ့ ချိတ်ဆက် လာတာရော သင်းရဲ့ Viber ဖုန်းနံပါတ်ကတဆင့် ဆက်သွယ်လာတာတွေရော အများကြီးရှိပါတယ် ။

အဲ့ဒီတော့ သင်းပြောချင်တာက ဆက်ပြီးတော့ပေါ့နော် နှမချင်းစာ နာတယ် သားသမီးချင်း ကိုယ်ချင်းစာတယ်ဆိုရင် ဆက်ပြီးမပြောဖို့ သင်းက တောင်းဆိုပါရစေ ။ ဘာလို့တောင်းဆို ရသလဲဆိုတော့ သင်းဖုန်းနံပါတ်နဲ့တကွ Facebook ပေါ်မှာ မတင်ပေးချင်ပါဘူး ။ တကယ်လို့ သင်းဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားနိုင်မယ့်သူမျိုးဆိုရင်လဲ သင်းကို မုန်းတဲ့ ချစ်တဲ့ ပရိသတ်တွေ အကုန်လုံးကို ချပြသွားမှာပါ ” လို့ ဆိုသွား ခဲ့တာဖြစ်ပါတယ်။

သင်းသင်းကတော့ တိတ်တိတ်ပုန်း စပွန်ဆာပေးချင်တယ် ဆိုပြီးဆက်သွယ် လာကြတဲ့သူတွေအပေါ် အခုလို တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သင်းသင်းအပေါ် အမြင်လေးကိုလည်း မျှ ဝေခဲ့ကြပါအုန်းနော်။ ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးများကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။ ပရိတ်သတ်ကြီးများအားလုံး သာယာသော နေလေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေနော်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *