ကိုဗစ်ကြောင့် ဝန်ထမ်း ၂၈၀၀၀ခန့် လျှော့ချတော့မည် ကမ္ဘာကျော် ဒစ္စနေးလ်ကုမ္ပဏီ

ကိုဗစ်ကြောင့် ဝန်ထမ်း ၂၈၀၀၀ခန့် လျှော့ချတော့မည် ကမ္ဘာကျော် ဒစ္စနေးလ်ကုမ္ပဏီ

အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ မှုကြောင့် အမေရိကန်ကုမ္ပဏီ ဒစ္စနေးလ်ပိုင် အပန်းဖြေ စခန်းများနှင့် ကစားကွင်းများတွင် စီးပွားရေး ထိခိုက်နစ်နာ မှုများရှိသည့်အတွက် ဒစ္စနေးလ်ကုမ္ပဏီက ၎င်း၏ ဝန်ထမ်းအင်အားကို လျှော့ချရန် စီစဉ်လျက်ရှိကြောင်း ယနေ့သတင်းများအရ သိရသည်။

ဒစ္စနေးလ်ပိုင် အပန်းဖြေစခန်းများနှင့် ကစားကွင်း များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအင်အား တစ်သိန်းကျော် ရှိသည့်အနက် ၂၈၀၀၀ ဦးအား အလုပ်မှ ယာယီ ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း သိရသည်။

အလုပ်ထုတ်ပယ်ခြင်းခံရသည့် ဝန်ထမ်းများအနက် ၆၇ ရာခိုင်နှုန်းသည် အချိန်ပိုင်း ဝန်ထမ်းများဖြစ်သည် ဟု ဒစ္စနေးလ်အပန်းဖြေစခန်း ဥက္ကဋ္ဌ ဂျို့စ်ဒီအာမာရိုက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ယခုနှစ် ဆောင်းဦးရာသီအတွင်း ဒစ္စနေးလ်အပန်းဖြေစခန်းများကို ဆက်လက်ပိတ်သိမ်းထားမည်ဖြစ်သည်။ အပန်းဖြေစခန်း များနှင့် ကစားကွင်းများ ပိတ်ပင်ထားခြင်းကြောင့် ကုမ္ပဏီ ၏ ဝင်ငွေထိခိုက်နစ်နာခဲ့ပြီး ယခုနှစ် ပထမသုံးလတာ ကာလအတွင်း ကုမ္ပဏီ၏ဝင်ငွေဆုံးရှုံးမှုသည် ၉၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဝန်ထမ်းအင်အားသည် ကုမ္ပဏီ၏ ပင်မကျောရိုး ဖြစ်သောကြောင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရသော ဝန်ထမ်း များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒစ္စနေးလ်အပန်းဖြေစခန်း ဥက္ကဋ္ဌ ဂျို့စ်ဒီအာမာရိုက ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း ဒစ္စနေးလ်အပန်းဖြေစခန်းများနှင့် ကစားကွင်းလုပ်ငန်းမှ ဝင်ငွေရရှိမှုသည် ကန်ဒေါ်လာ ၂၆ ဘီလီယံကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ Source ; The Mirror

Unicode … ကိုဗစ်ကြောင့် ဝန်ထမ်း ၂၈၀၀၀ခန့် လျာ့ချတော့မည် ကမ္ဘာကျော် ဒစ္စနေးလ်ကုမ္ပဏီ

အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့န မကြောင့် အမေရိကန်ကုမ္ပဏီ ဒစ္စနေးလ်ပိုင် အပန်းဖြေ စခန်းများနင့် ကစားကွင်းများတွင် စီးပွားရေး ထိခိုက်နစ်နာ မများရသည့်အတွက် ဒစ္စနေးလ်ကုမ္ပဏီက ၎င်း၏ ဝန်ထမ်းအင်အားကို လျာ့ချရန် စီစဉ်လျက်ရကြောင်း ယနေ့သတင်းများအရ သိရသည်။

ဒစ္စနေးလ်ပိုင် အပန်းဖြေစခန်းများနင့် ကစားကွင်း များတွင် တာဝန်ထမ်းဆောင်လျက်ရသော ဝန်ထမ်းအင်အား တစ်သိန်းကျော် ရသည့်အနက် ၂၈၀၀၀ ဦးအား အလုပ်မ ယာယီ ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း သိရသည်။

အလုပ်ထုတ်ပယ်ခြင်းခံရသည့် ဝန်ထမ်းများအနက် ၆၇ ရာခိုင်နန်းသည် အချိန်ပိုင်း ဝန်ထမ်းများဖြစ်သည် ဟု ဒစ္စနေးလ်အပန်းဖြေစခန်း ဥက္ကဋ္ဌ ဂျို့စ်ဒီအာမာရိုက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မများကြောင့် ယခုနစ် ဆောင်းဦးရာသီအတွင်း ဒစ္စနေးလ်အပန်းဖြေစခန်းများကို ဆက်လက်ပိတသိမ်းထားမည်ဖြစ်သည်။ အပန်းဖြေစခန်း များနင့် ကစားကွင်းများ ပိတ်ပင်ထားခြင်းကြောင့် ကုမ္ပဏီ ၏ ဝင်ငွေထိခိုက်နစ်နာခဲ့ပြီး ယခုနစ် ပထမသုံးလတာ ကာလအတွင်း ကုမ္ပဏီ၏ဝင်ငွေဆုံးရးမသည် ၉၁ ရာခိုင်နန်း ရကြောင်း သိရသည်။

ဝန်ထမ်းအင်အားသည် ကုမ္ပဏီ၏ ပင်မကျောရိုး ဖြစ်သောကြောင့် အလုပ်မ ထုတ်ပယ်ခြင်းခံရသော ဝန်ထမ်း များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒစ္စနေးလ်အပန်းဖြေစခန်း ဥက္ကဋ္ဌ ဂျို့စ်ဒီအာမာရိုက ဆိုသည်။

၂၀၁၉ ခုနစ်အတွင်း ဒစ္စနေးလ်အပန်းဖြေစခန်းများနင့် ကစားကွင်းလုပ်ငန်းမ ဝင်ငွေရရမသည် ကန်ဒေါ်လာ ၂၆ ဘီလီယံကျော်အထိ ရခဲ့ကြောင်း သိရသည်။ Source ; The Mirror

Add a Comment

Your email address will not be published. Required fields are marked *