ဖောင်ကြီးမှာ ဂျူတီဆင်းရတာမှာ စိတ်မကောင်း အဖြစ်ရဆုံးကဆုံးသွားတဲ့ လူနာရဲ့ ဆွေမျိုးတွေကို ဖုန်းဆက် အကြောင်းကြားရတာပါပဲ … ဝေဘာဂီမှာကျတော့ အဲဒီကိစ္စကို ward ထဲကပဲတာဝန်ယူ တော့ ကိုယ်တွေနဲ့ သိပ်မဆိုင်လှဘူး …
ဒီမှာကျတော့ ဆုံးသွားပြီဆိုတဲ့ အကြောင်း လူနာရှင်ကို ဖုန်းဆက်ပြောရတဲ့အခါ အခုဘယ်မှာလဲလို့ အမြဲလိုမေးမိတယ်။ ကျွန်တော်တို့၊ ကျွန်မတို့က Q နေတာပါ၊ P ထွက်လို့ လာခေါ်တာကို စောင့်နေတာပါ ဘယ်မှာနေရမယ် မှန်းတောင် မသိသေးပါဘူး ဆိုတာတွေ ကြားရတဲ့အခါ စိတ်မကောင်း တော်တော်ဖြစ်ရပါတယ် …
အဖေ့ဖုန်းလေးနဲ့ မျက်မှန်လေး သိမ်းထားချင်လို့ Q မ၀င်ရတဲ့ အမျိုးတွေ လွှတ်လိုက်မယ် ပေးလို့ရမလားတဲ့…အလောင်းလာသယ်တဲ့သူတွေကိုတော့ တတ်နိုင်သမျှ ပြောပေးလိုက်တယ်၊ ရမရတော့မသိ … ကိုယ့်မိဘရဲ့ အမှတ်တရ ပစ္စည်းလေးတောင် သိမ်းခွင့် ရ မရ မသေချာတဲ့ဘဝ
နောက်တစ်ခုက အသက်ရှူ ပိုက်ထည့်ဖို့ လူနာရှင်ရဲ့ သဘောတူညီချက် တောင်းရတဲ့အခါ… ဖုန်းထဲကနေ အသက်ရှူပိုက်ထည့်ရင် အ ခြေအနေ ကောင်းလာမှာလားလို့ မေးခံရတဲ့အခါ အမှန်တိုင်းဖြေရတာ တော်တော်ခက်တာပါပဲ … တကယ်ကို မဖြေချင်မိဘူး …
တစ်နေ့တစ်နေ့ ICU ကို ဖုန်းဆက်ပြီး အမေ့ကို၊ အဖေ့ကို၊ အစ်ကို့ကို ဖုန်းဆက်မရလို့၊ ဖုန်းမကိုင်လို့ စိတ်ပူလို့၊ အခြေအနေကောင်းရဲ့လား၊ အခုဘယ် Q center မှာပါ၊ အခု ဘယ်ကို ရွှေ့ရပါပြီ ပြောပေးပါဦး ဆရာမရယ် ဆိုတာတွေကို ပြန်ဖြေရတဲ့အခါ လူနာ အခြေအနေရှင်းပြရင်း၊ သူတို့ပြောပေးတာတွေ ပြန်ပြောပေးပါ့မယ်ဆိုတာ ပြောရင်း နေကောင်းအောင်နေကြနော်၊ ကျန်းမာပါစေဆိုတာလေး အမြဲပြောဖြစ်တယ်…ကိုယ်တတ်နိုင်တာက ဒါပါပဲ ….ဒီကပ်ကြီးကို မြန်မြန်ပြီးစေချင် လှပါပြီ … ခရက်ဒစ် Gardenia
Unicode … ဖောင်ကြီး‌က ကျန်းမာရေးဝန်ထမ်းတွေ မလုပ်ချင်ဆုံး အလုပ်တခု ( ဒီလိုအဖြစ်အပျက်မျိုးတွေ နောက်ထပ်မကြုံစေချင်တော့ဘူး )
ဖောင်ကြီးမာ ဂျူတီဆင်းရတာမာ စိတ်မကောင်း အဖြစ်ရဆုံးကဆုံးသွားတဲ့ လူနာရဲ့ ဆွေမျိုးတွေကို ဖုန်းဆက် အကြောင်းကြားရတာပါပဲ … ဝေဘာဂီမာကျတော့ အဲဒီကိစ္စကို ward ထဲကပဲတာဝန်ယူ တော့ ကိုယ်တွေနဲ့ သိပ်မဆိုင်လဘူး …
ဒီမာကျတော့ ဆုံးသွားပြီဆိုတဲ့ အကြောင်း လူနာရင်ကို ဖုန်းဆက်ပြောရတဲ့အခါ အခုဘယ်မာလဲလို့ အမြဲလိုမေးမိတယ်။ ကျွန်တော်တို့၊ ကျွန်မတို့က Q နေတာပါ၊ P ထွက်လို့ လာခေါ်တာကို စောင့်နေတာပါ ဘယ်မာနေရမယ် မန်းတောင် မသိသေးပါဘူး ဆိုတာတွေ ကြားရတဲ့အခါ စိတ်မကောင်း တော်တော်ဖြစ်ရပါတယ် …
သူတို့မာ ကိုယ့်မိဘသေလို့မ သဂြိုလ်ခွင့်မရတဲ့ ဘ၀ … ။ သဂြိုလ်တဲ့ အခါ ဆွေမျိုးသားချင်း ၃ ယောက် လာခွင့်ပြုတယ်ဆိုလို့ လာမလားလို့ မေးတဲ့အခါ Q ဝင်နေရလို့ လာလို့မရပါဘူး ဆရာမရယ်ဆိုတာမျိုး …
အဖေ့ဖုန်းလေးနဲ့ မျက်မန်လေး သိမ်းထားချင်လို့ Q မဝင်ရတဲ့ အမျိုးတွေ လွတ်လိုက်မယ် ပေးလို့ရမလားတဲ့…အလောင်းလာသယ်တဲ့သူတွေကိုတော့ တတ်နိုင်သမျ ပြောပေးလိုက်တယ်၊ ရမရတော့မသိ … ကိုယ့်မိဘရဲ့ အမတ်တရ ပစ္စည်းလေးတောင် သိမ်းခွင့် ရ မရ မသေချာတဲ့ဘဝ
နောက်တစ်ခုက အသက်ရ ပိုက်ထည့်ဖို့ လူနာရင်ရဲ့ သဘောတူညီချက် တောင်းရတဲ့အခါ… ဖုန်းထဲကနေ အသက်ရပိုက်ထည့်ရင် အ ခြေအနေ ကောင်းလာမာလားလို့ မေးခံရတဲ့အခါ အမန်တိုင်းဖြေရတာ တော်တော်ခက်တာပါပဲ … တကယ်ကို မဖြေချင်မိဘူး …
လူနာတွေ အနားရောက်တဲ့အခါ နေကောင်းအောင်နေဖို့ ၊စိတ်ဓာတ်မကျဖို့၊ နေကောင်းရင် ကပ်ကြီးပြီးရင် တွေ့ကြမယ်နော်လို့ ပြောဖြစ်တယ်…
တစ်နေ့တစ်နေ့ ICU ကို ဖုန်းဆက်ပြီး အမေ့ကို၊ အဖေ့ကို၊ အစ်ကို့ကို ဖုန်းဆက်မရလို့၊ ဖုန်းမကိုင်လို့ စိတ်ပူလို့၊ အခြေအနေကောင်းရဲ့လား၊ အခုဘယ် Q center မာပါ၊ အခု ဘယ်ကို ရွရပါပြီ ပြောပေးပါဦး ဆရာမရယ် ဆိုတာတွေကို ပြန်ဖြေရတဲ့အခါ လူနာ အခြေအနေရင်းပြရင်း၊ သူတို့ပြောပေးတာတွေ ပြန်ပြောပေးပါ့မယ်ဆိုတာ ပြောရင်း နေကောင်းအောင်နေကြနော်၊ ကျန်းမာပါစေဆိုတာလေး အမြဲပြောဖြစ်တယ်…ကိုယ်တတ်နိုင်တာက ဒါပါပဲ ….ဒီကပ်ကြီးကို မြန်မြန်ပြီးစေချင် လပါပြီ … ခရက်ဒစ် Gardenia
Add a Comment
Your email address will not be published. Required fields are marked *