ပုသိမ်တွင် ကိုဗစ်လူနာများလာသဖြင့် အရေးပေါ်ဆေးရုံ ကို ၁ ပတ်အတွင်း အပြီးဆောက်လုပ်မည်
|ပုသိမ်တွင် ကိုဗစ်လူနာများလာသဖြင့် အရေးပေါ်ဆေးရုံ ကို ၁ ပတ်အတွင်း အပြီးဆောက်လုပ်မည်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာမယ များလာသဖြင့် အရေးပေါ်ဆေးရုံကို ၁ ပတ်အတွင်း အပြီးဆောက်လုပ်မည်ဖြစ်ကြောင်း ပုသိမ်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က သူ့ရဲ လူမှုကွန်ရက် စာမျက်နှာပါ ရေးသားထားပါတယ်။
ပုသိမ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၁၂ ဦးထိရှိလာတဲ့နောက်ပိုင်း ဆေးရုံအုပ်ကြီးက ပလန်-ဒီ အနေနဲ့ ကိုဗစ်အရေးပေါ် ဆေးရုံကို ဆောက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
” Plan D အနေနဲ့ လူနာ (၈၈) ဦး ဆံ့မယ့် ကိုးသိန်း အမက အရေးပေါ် ကိုဗစ်ဆေးရုံ တည်ထောင်မယ့် လုပ်ငန်းများ နက်ဖန် စတင် ပါတော့မည်။ တစ်ပတ်အတွင်း အပြီးတည်ဆောက်မည် ” ဟု သူ့ရဲ လူမှုကွန်ရက်စာမျက်နှာပါ ရေးသားထားပါတယ်။
ကိုးသိန်းအခြေခံပညာမူလတန်းကျောင်းမှာ တည်ဆောက်မယ့် ကိုဗစ်အရေးပေါ်ဆေးရုံကို အောက်တိုဘာလ ၃ ရက်နေ့မှစတင်ကာဆောက်လုပ်သွားဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၃၀၀ နဲ့ ၄၀၀ ကြား ရှိနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၇၇၅ ဦးလောက်ကုသနိုင်ဖို့အတွက် နေရာ ၁၅ နေရာ ပြင်ဆင်ထားပြီး လိုအပ်ရင် တိုးချဲ့တာတွေလုပ်သွားမယ်လို့ ပြောဆို ထားပါတယ်။
လက်ရှိအချိန်ထိ ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၂ ဦးရှိခဲ့ပြီး အဲ့အထဲက ကျန်းမာရေး ကောင်းလို့ ဆေးရုံဆင်းခွင့်ရသူ ၅၃ ဦးရှိပြီး ဆက်လက်ဆေးကုသမှုခံယူနေရသူ ပုသိမ်ပြည်သူ့ဆေးရုံ ကြီးမှာ ၂၈ ဦးနဲ့ တိုင်းရင်း ကျန်းမာရေးဆေးရုံမှာ ၄၈ ဦး စုစုပေါင်း ၇၆ ဦးထိ ဆေးကုသမှုခံယူနေကြောင်း
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာဖို့ မလိုအပ်ဘဲ ဆေးရုံ ဆေးခန်းတွေမလာဖို့ အပြင်မထွက်ဖို့ လူစုလူဝေးရှောင်ရှားဖို့နဲ့ လိုအပ်လို့အပြင် ထွက်ရင် Mask တပ်ပြီးသွားလာဖို့နဲ့ လက်ခဏခဏ ဆေးဖို့ မေတ္တာရပ်ခံထားပါတယ်။ crd ; ဓာတ်ပုံ-Dr Than Min Htut / Source ; Ayeyarwaddy Times