မန္တလေးဆေးရုံကို ဖျားပြီးရောက်လာကာ နာရီပိုင်းအကြာမှာ သေဆုံးသွားခဲ့သည့် လူနာကိုစစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိ
|မန္တလေးဆေးရုံကို ဖျားပြီးရောက်လာကာ နာရီပိုင်းအကြာမှာ သေဆုံးသွားခဲ့သည့် လူနာကိုစစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိ
အဲဒီနောက် သေဆုံးတဲ့သူကို သံသယလူနာအဖြစ် ဆေးစစ်ကြည့်ခဲ့ရာမှာ ပိုးတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ လူနာဟာ ဖျားနေတာဟာ ၇ရက်ခန့် ရှိနေပြီး ဆေးရုံကို ရောက်ရှိလာချိန်မှာတော့ အတော်ပြင်းထန်နေပြီလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အခုလို သေဆုံးမှုဟာ မန္တလေးမှာ ဒုတိယမြောက် ဖြစ်လာပါပြီ။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မဟာအောင်မြေ မြို့နယ်က အသက် ၈၀ နှစ်အရွယ်ရှိ ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦးလည်း သေဆုံး ခဲ့ပါသေးတယ်။ လက်ရှိမှာ မန္တလေးက မြို့နယ် သုံးမြို့နယ်ကို Stay at Home ပြုလုပ်ထားပြီး ပိုးတွေ့လူနာတွေအတွေ့ များလာတဲ့ အောင်မြေသာစံ မြို့နယ်ကရပ်ကွက်နဲ့ လမ်းအချို့ကိုလည်း Semi Lockdown ပြုလုပ်ထားပါသေးတယ်။ မန္တလေးခရိုင်အတွင်းမှာ ပိုးတွေ့လူနာ ၁၀၂ ဦးကတော့ ဆေးရုံတက်ကုသလျက်ရှိနေပါတယ်။ Source ; 7 Day TV
Unicode … မန္တလေးဆေးရုံကို ဖျားပြီးရောက်လာကာ နာရီပိုင်းအကြာမာ သေဆုံးသွားခဲ့သည့် လူနာကိုစစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရ
မန္တလေး အောင်မြေသာစံမြို့နယ်က အသက် ၇၀ကျော်အရွယ် ကိုဗစ်လူနာ အမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။ အောင်မြေသာစံမြို့နယ်မာ နေထိုင်တဲ့ အသက် ၇၆ နစ်အရွယ် အမျိုးသားကြီးဟာ ဖျားပြီးနောက် မန္တလေးဆေးရုံကြီးကို အောက်တိုဘာလ ၃ ရက်ည ၁ နာရီက ရောက်ရလာပြီး နာရီပိုင်းအကြာမာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောပါတယ်။
အဲဒီနောက် သေဆုံးတဲ့သူကို သံသယလူနာအဖြစ် ဆေးစစ်ကြည့်ခဲ့ရာမာ ပိုးတွေ့ရခဲ့တာပဲ ဖြစ်ပါတယ်။ လူနာဟာ ဖျားနေတာဟာ ၇ရက်ခန့် ရနေပြီး ဆေးရုံကို ရောက်ရလာချိန်မာတော့ အတော်ပြင်းထန်နေပြီလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အခုလို သေဆုံးမဟာ မန္တလေးမာ ဒုတိယမြောက် ဖြစ်လာပါပြီ။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မဟာအောင်မြေ မြို့နယ်က အသက် ၈၀ နစ်အရွယ်ရ ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦးလည်း သေဆုံး ခဲ့ပါသေးတယ်။ လက်ရမာ မန္တလေးက မြို့နယ် သုံးမြို့နယ်ကို Stay at Home ပြုလုပ်ထားပြီး ပိုးတွေ့လူနာတွေအတွေ့ များလာတဲ့ အောင်မြေသာစံ မြို့နယ်ကရပ်ကွက်နဲ့ လမ်းအချို့ကိုလည်း Semi Lockdown ပြုလုပ်ထားပါသေးတယ်။ မန္တလေးခရိုင်အတွင်းမ ပိုးတွေ့လူနာ ၁၀၂ ဦးကတော့ ဆေးရုံတက်ကုသလျက်ရနေပါတယ်။ Source ; 7 Day TV