အသည်းရောင်အသားဝါစီပိုးကို အမြစ်ဖြတ်နိုင်မည့်နည်းလမ်းကို ဖော်ထုတ်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင် ၃ ဦးကို ဆေးပညာဆိုင်ရာ နိုဘယ်ဆုချီးမြှင့်

အသည်းရောင်အသားဝါစီပိုးကို အမြစ်ဖြတ်နိုင်မည်နည်လမ်းကို ဖော်ထုတ်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင် ၃ ဦးကို ဆေးပညာဆိုင်ရာ နိုဘယ်ဆုချီးမြှင့်

အသည်းကင်ဆာနဲ့ အသည်းကြွက်သားမျှင်တွေ ရောင်ရမ်း မာကျောစေတဲ့ အသည်းရောင်အသားဝါစီပိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အမေရိကန် သိပ္ပံပညာရှင် နှစ်ယောက်နဲ့ ဗြိတိန် တစ်ယောက်တို့ ၂၀၂၀ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိသွားပါတယ်။

အမေရိကန် သိပ္ပံပညာရှင် ဟာဗေးအော်လ်တာ၊ ချားလ်စ်ရိုက်စ်နဲ့ ဗြိတိန် သိပ္ပံပညာရှင် မိုက်ကယ်ဟို့တွန်တို့ဟာ အသည်းရောင်အ သားဝါ စီဗိုင်းရပ်စ်ကို အပြီးတိုင် ချေမှုန်းနိုင်တဲ့ အခွင့် အရေးကိုရှာ တွေ့ခဲ့လို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁သန်းနဲ့ နိုဘယ်ဆုကို ရသွားပြီလို့ နိုဘယ်ညီလာခံက အောက်တိုဘာ ၅ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ကမ္ဘာတဝန်း အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံ လူနာ ၇၁ သန်း ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO က ခန့်မှန်းထားပြီး ၂၀၁၆ တနှစ်တည်းမှာ စီပိုးကြောင့် သေဆုံးသူ ၃၉၉၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ဆိုက်ရောက်နေပေမယ့် နိုဘယ်ဆုပေးတာကို ခါတိုင်း စီစဉ်ထားတဲ့အတိုင်း ဆက်လက် ကျင်းပမှာပါ။ သမားရိုးကျ အခမ်းအနားပွဲစဉ်တွေကိုတော့ နိုဘယ်ဖောင်ဒေးရှင်းက ဖျက်သိမ်းပြီး ဆုတံဆိပ်နဲ့ ဆုလက်မှတ်တွေ ပေးပုံကို ရုပ်သံကနေ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

ဒီနှစ် ဆုရှင်တွေကို ကပ်ဘေးလျော့ပါးပြီလို့ မှတ်ယူရတဲ့ ၂၀၂၁ ခုနှစ်ကျမှ အဲ့ဒီနှစ်အတွက် ဆုရှင်တွေနဲ့အတူ ဆုပေးပွဲကို ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ နှစ်စဉ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အစောဆုံး ပေးအပ်ပါတယ်။ သိပ္ပံ၊ ငြိမ်းချမ်းရေးနဲ့စာပေအတွက် စွမ်းဆောင်နိုင်သူတွေကို နိုဘယ်ဆု ချီးမြှင့်လာတာ ၁၉၀၁ ခုနှစ်တည်းကပါ။

ဒိုင်းနမိုက်ကို တီထွင်သူနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး အဲဖရဒ်နိုဘယ်ရဲ့ သေတမ်းစာအရ နိုဘယ်ဆုကို ဖန်တီး ချီးမြှင့်နေတာလည်း ဖြစ်ပါတယ်။ Source : DVB

Unicode … အသည်းရောင်အသားဝါစီပိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့ သိပ္ပံပညာရင် ၃ ဦးကို ဆေးပညာဆိုင်ရာ နိုဘယ်ဆုချီးမြင့်

အသည်းကင်ဆာနဲ့ အသည်းကြွက်သားမျင်တွေ ရောင်ရမ်း မာကျောစေတဲ့ အသည်းရောင်အသားဝါစီပိုးကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အမေရိကန် သိပ္ပံပညာရင် နစ်ယောက်နဲ့ ဗြိတိန် တစ်ယောက်တို့ ၂၀၂၀ ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရသွားပါတယ်။

အမေရိကန် သိပ္ပံပညာရင် ဟာဗေးအော်လ်တာ၊ ချားလ်စ်ရိုက်စ်နဲ့ ဗြိတိန် သိပ္ပံပညာရင် မိုက်ကယ်ဟို့တွန်တို့ဟာ အသည်းရောင်အ သားဝါ စီဗိုင်းရပ်စ်ကို အပြီးတိုင် ချေမန်းနိုင်တဲ့ အခွင့် အရေးကိုရာ တွေ့ခဲ့လို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁သန်းနဲ့ နိုဘယ်ဆုကို ရသွားပြီလို့ နိုဘယ်ညီလာခံက အောက်တိုဘာ ၅ ရက်မာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ကမ္ဘာတဝန်း အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံ လူနာ ၇၁ သန်း ရတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO က ခန့်မန်းထားပြီး ၂၀၁၆ တနစ်တည်းမာ စီပိုးကြောင့် သေဆုံးသူ ၃၉၉၀၀၀ ရတယ်လို့ ဆိုပါတယ်။

ဒီနစ်ထဲမာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ဆိုက်ရောက်နေပေမယ့် နိုဘယ်ဆုပေးတာကို ခါတိုင်း စီစဉ်ထားတဲ့အတိုင်း ဆက်လက် ကျင်းပမာပါ။ သမားရိုးကျ အခမ်းအနားပွဲစဉ်တွေကိုတော့ နိုဘယ်ဖောင်ဒေးရင်းက ဖျက်သိမ်းပြီး ဆုတံဆိပ်နဲ့ ဆုလက်မတ်တွေ ပေးပုံကို ရုပ်သံကနေ ထုတ်လွင့်သွားမယ်လို့ ဆိုပါတယ်။

ဒီနစ် ဆုရင်တွေကို ကပ်ဘေးလျော့ပါးပြီလို့ မတ်ယူရတဲ့ ၂၀၂၁ ခုနစ်ကျမ အဲ့ဒီနစ်အတွက် ဆုရင်တွေနဲ့အတူ ဆုပေးပွဲကို ဖိတ်ခေါ်မာ ဖြစ်ပါတယ်။ နစ်စဉ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အစောဆုံး ပေးအပ်ပါတယ်။ သိပ္ပံ၊ ငြိမ်းချမ်းရေးနဲ့စာပေအတွက် စွမ်းဆောင်နိုင်သူတွေကို နိုဘယ်ဆု ချီးမြင့်လာတာ ၁၉၀၁ ခုနစ်တည်းကပါ။

ဒိုင်းနမိုက်ကို တီထွင်သူနဲ့ စီးပွားရေးလုပ်ငန်းရင်ကြီး အဲဖရဒ်နိုဘယ်ရဲ့ သေတမ်းစာအရ နိုဘယ်ဆုကို ဖန်တီး ချီးမြင့်နေတာလည်း ဖြစ်ပါတယ်။ Source : DVB

Add a Comment

Your email address will not be published. Required fields are marked *