လစာနဲ့လူမှုဖူလုံရေးကြေး အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို
လစာနဲ့လူမှုဖူလုံရေးကြေး အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို
COVID-19 ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားရချိန် စက်တင်ဘာလအတွက် အလုပ်သမားတွေရဲ့ လုပ်ခလစာအလျှင်အမြန် ထုတ်ပေးဖို့နဲ့ လူမှုဖူရေးက ထောက်ပံ့ကြေးကို အလျှင်အမြန် ထုတ်ပေးဖို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ Stay at home အစီအစဉ် အရ စက်ရုံ၊ အလုပ်ရုံတွေကို စက်တင်ဘာ (၂၁) ရက်က စတင်ရပ်နားခဲ့ရအတွက် အဲဒီလရဲ့ လုပ်ခလစာကို မရသေးတာကြောင့်အဆောင် တွေ၊ အိမ်ငှားနေထိုင်တဲ့ အလုပ် သမားတွေအတွက် နေထိုင်စားသောက်အရေးအတွက် အခက်အခဲဖြစ်နေတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်က အောက်တိုဘာ (၆) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်သမား အဖွဲ့ချုပ်က အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကလည်း အလုပ်ပိတ်ထားတဲ့ ကာလအတွင်း အလုပ်သမားတွေရဲ့ လုပ်ခလစာကို အစိုးရနဲ့အလုပ်ရှင် မျှဝေဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာကိုလဲ အခုလိုပြောပါတယ်။
” အခုဘဲ ဒီအလုပ်သမားတွေအတွက် (၉)လပိုင်းလစာ ကျွန်တော်တို့ မရသေးတဲ့အခါကျတော့ အဆောင်ပိုင်ရှင်တွေကလည်းတစ်ချို့ အလုပ်သမားတွေကို အဝင်မခံတော့ဘူး။ တစ်ချို့အလုပ်သမာတွေကို နှင်ထုတ်တော့ မယ်ဆိုတာတွေ ကျွန်တော်တို့ ကြားနေရတာပေါ့။ ကျွန်တော်တို့အနေနဲ့က ဒီလိုကိစ္စရပ်တွေ ဖြစ်လာခဲ့မယ်ဆိုရင် တော့ နိုင်ငံရဲ့ ပုံရိပ်လည်းကျသလို အလုပ်သမားတွေ အတွက်လည်း အင်မတန်မှ အခက်အခဲဖြစ်စေမယ့်ကိစ္စရပ် တွေအများကြီးပေါ် ပေါက်လာမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ကတော့ လုပ်ခလစာကို လျင်လျင် မြန်မြန်ထုတ်ပးဖို့အတွက် အစိုးရအနေနဲ့ ညွှန်ကြားချက်တစ်စုံတစ်ရာထုတ်ပြန်ဖို့သင့်တယ်လို့ မြင်ပါတယ်” လို့ ကိုသက်နှင်းအောင်ကပြောပါတယ်။
အလုပ်သမားတွေအားလုံးကို လူမှုဖူလုံရေးကြေးပေးဖို့အတွက် သက်ဆိုင်ရာမြို့နယ်ထွေအုပ်တွေက စာရင်းပြုစု နေကြပြီး လူမှုဖူလုံရေးထောက်ပံ့မယ့်အစီအစဉ်မှာမပါဝင်တဲ့ နေ့စား၊ ယာယီ၊ ပုတ်ပြတ်အလုပ်သမားတွေလည်း ထောက်ပံ့မှုကိုရရှိအောင်ဆောင်ရွက်ပေးဖို့ (CTUM) က သူ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
Unicode … လစာနဲ့လူမဖူလုံရေးကြေး အမြန်ဆုံးရရအောင် ဆောင်ရွက်ပေးရန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို
COVID-19 ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားရချိန် စက်တင်ဘာလအတွက် အလုပ်သမားတွေရဲ့ လုပ်ခလစာအလျင်အမြန် ထုတ်ပေးဖို့နဲ့ လူမဖူရေးက ထောက်ပံ့ကြေးကို အလျင်အမြန် ထုတ်ပေးဖို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ Stay at home အစီအစဉ် အရ စက်ရုံ၊ အလုပ်ရုံတွေကို စက်တင်ဘာ (၂၁) ရက်က စတင်ရပ်နားခဲ့ရအတွက် အဲဒီလရဲ့ လုပ်ခလစာကို မရသေးတာကြောင့္အဆောင် တွေ၊ အိမ်ငးနေထိုင်တဲ့ အလုပ် သမားတွေအတွက် နေထိုင်စားသောက်အရေးအတွက် အခက်အခဲဖြစ်နေတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်က အောက်တိုဘာ (၆) ရက်မာ ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်သမား အဖွဲ့ချုပ်က အတွင်းရေးမးချုပ် ကိုသက်နင်းအောင်ကလည်း အလုပ်ပိတ်ထားတဲ့ ကာလအတွင်း အလုပ်သမားတွေရဲ့ လုပ်ခလစာကို အစိုးရနဲ့အလုပ်ရင် မျဝေဖြေရင်းပေးဖို့ တောင်းဆိုခဲ့တာကိုလဲ အခုလိုပြောပါတယ်။
” အခုဘဲ ဒီအလုပ်သမားတွေအတွက် (၉)လပိုင်းလစာကျွန်တော်တို့ မရသေးတဲ့အခါကျတော့ အဆောင်ပိုင်ရင်တွေကလည်းတစ်ချို့ အလုပ်သမားတွေကို အဝင်မခံတော့ဘူး။ တစ်ချို့အလုပ်သမာတွေကို နင်ထုတ်တော့ မယ်ဆိုတာတွေ ကျွန်တော်တို့ ကြားနေရတာပေါ့။ ကျွန်တော်တို့အနေနဲ့က ဒီလိုကိစ္စရပ်တွေ ဖြစ်လာခဲ့မယ်ဆိုရင် တော့ နိုင်ငံရဲ့ ပုံရိပ်လည်းကျသလို အလုပ်သမားတွေ အတွက်လည်း အင်မတန်မ အခက်အခဲဖြစ်စေမယ့်ကိစ္စရပ် တွေအများကြီးပေါ် ပေါက်လာမာဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ကတော့ လုပ်ခလစာကို လျင်လျင် မြန်မြန်ထုတ်ပးဖို့အတွက် အစိုးရအနေနဲ့ ညွန်ကြားချက်တစ်စုံတစ်ရာထုတ်ပြန်ဖို့သင့်တယ်လို့ မြင်ပါတယ်” လို့ ကိုသက်နင်းအောင်ကပြောပါတယ်။
အလုပ်သမားတွေအားလုံးကို လူမဖူလုံရေးကြေးပေးဖို့အတွက် သက်ဆိုင်ရာမြို့နယ်ထွေအုပ်တွေက စာရင်းပြုစု နေကြပြီး လူမဖူလုံရေးထောက်ပံ့မယ့်အစီအစဉ်မာမပါဝင်တဲ့ နေ့စား၊ ယာယီ၊ ပုတ်ပြတ်အလုပ်သမားတွေလည်း ထောက်ပံ့မကိုရရအောင်ဆောင်ရွက်ပေးဖို့ (CTUM) က သူ့ထုတ်ပြန်ချက်မာ ထည့်သွင်းဖော်ပြထားပါတယ်။
ကျန်းမာရေးနင့်အားကစားဝန်ကြီးဌာက COVD-19 ရောဂါကိုထိန်းချုပ်နိုင်ဖို့အတွက် CMP စက်ရုံ၊ အလုပ်ရုံတွေမာ တာဝန်ထမ်းဆောင်မယ့်သူတွေကို အောက်တိုဘာ ၂၁ ရက်အထိ လုပ်ငန်းခွင်ကိုသွား ရောက်ခြင်းမပြုဖို့ အောက်တိုဘာ (၅) ရက်ကထုတ်ပြန်ခဲ့ပါတယ်။ Source ; One News Myanmar
Add a Comment
Your email address will not be published. Required fields are marked *