လူမရှိသည့်လှည်းတန်းသို့ စာကလေးရောင်းရန် နေ့စဉ်လာနေရဦးမည် အသက်၆၀အရွယ် စာကလေးရောင်းသူ ဦးစိန်မြင့်
|လူမရှိသည့်လှည်းတန်းသို့ စာကလေးရောင်းရန် နေ့စဉ်လာနေရဦးမည် အသက် ၆၀အရွယ် စာကလေးရောင်းသူ ဦးစိန်မြင့်
ကိုဗစ် ၁၉ ဒုတိယလှိုင်းကြောင့် Stay at Home လုပ်ထားသည့် ရန်ကုန်မြို့မှာ တိတ်ဆိတ်ပြီး လူမရှိသော်လည်း အသက် ၆၀ အရွယ် စာကလေး ရောင်းသူ ဦးစိန်မြင့်ကတော့ ဈေးထွက်နေရဆဲ ။
စားသောက်ကုန်ဆိုင်အချို ဝယ်သူမရှိ ပိတ်ထားချိန် လှည်းတန်းဦးထွန်းလင်းခြံ လမ်းထိပ်ကို နံနက် ၉ နာရီခန့် အရောက်လာပြီးတခါတရံ ညနေစောင်းအထိ ဈေးဦး မပေါက်ပေမယ့် ဦးစိန်မြင့် အတွက် စာကလေးရောင်းခြင်း ကလွှဲ၍ အခြားရွေးစရာ မရှိ။ဤလမ်းတွင် စာကလေးရောင်းသည်မှာ ၅ နှစ်ခန့် ရှိပေမယ့် လမ်းထဲမှ လမ်းထိပ်သို့ နေရာပြောင်း ရောင်းခြင်းမှ လွှဲ၍ တခြား အလုပ် ပြောင်းဖို့ သူမစဉ်းစားတတ်။
တကောင်၅၀၀ ကျပ်ဖြင့် ရောင်းသော ငှက်များက အရင် တနေ့အ ကောင် ၈၀ ခန့် ကုန်ကာ ငွေတသောင်းခွဲခန့် ဝင်သော်လည်း အခုအခါ ၁၀ ကောင် ၁၅ ကောင်သာ ရောင်းရပြီး ငွေကျပ် ၃ ထောင်ခန့်ဖြင်သာ အိမ်ပြန်ရသဖြင့် ဒလမှလာသည့် သူ့အတွက် အသွားအပြန် စရိတ်နှုတ်ပါက စားဖို့ပင် မလောက်။ ထို့အတွက် သမုဒ္ဒရာ ဝမ်းတထွာကြောင့် တားမြစ်မိန့်ကို လစ်လျူရှု့ကာ မြို့နယ်အသီးသီးကို ဖြတ်၍ လှည်းတန်းသို့ သူလာရသည်။
၁၉၈၀ ကျော်ကာလက ၁၀ တန်းအောင်ကာ အစိုးရလေကြောင်းလိုင်းတွင် စာရေးအဖြစ် အသက်မွေးခဲ့သည့် ဦးစိန်မြင့် မှာ ယခုအခါ တသိန်းကျော်သာ တန်သည့် အိမ်ပင် ဆောက်ရန် ငွေမရှိ၊ ရပ်ဆွေရပ်မျိုးများက ဆောက်ပေး၍သာ နေခွင့်ရပြီး၊ အိမ်သာပင်သူများနှင့်ရှယ်ကာ သုံးနေရသည်ဟု ဆိုသည်။
ပူပေါင်းအရုပ်များ လုပ်ကာ ရောင်းသည့် ဇနီးသည်ကလည်း ကိုဗစ် ကြောင့် အလုပ်ရပ်ထားရသဖြင့် တအိမ်လုံး ထမင်း နပ်မှန်ဖို့ အရေးက သူ့ပခုံးပေါ် ရောက်လာသည်။ ဆရာမဖြစ်လိုသည့် ၁၁ နှစ်သမီးငယ်နှင့် မင်းသားဖြစ်လိုသည့် ၁၃ နှစ် အရွယ်သားကို ပညာဆုံးခန်းတိုင်အောင် ကျောင်းထားပေးချင်သေးသည်။
သူ့၏ နေစဉ်ဝင်ငွေများ ရပ်တန့်သွားမည်ကို COVID-19 ရောဂါ ကူးစက်ခံရမည်ထက် ကြောက်သဖြင့် နေ့စဉ် ဒလမှ လှည်းတန်းသို့ သူလာသည်။ ထို့အတွက် လူမရှိသည့် လှည်းတန်းသို့ ဦးစိန်မြင့် စာကလေးရောင်းရန် နေ့စဉ် လာနေဦးမည်ဖြစ်သည်။Source ; ဧရာဝတီ
Unicode … လူမရသည့်လည်းတန်းသို့ စာကလေးရောင်းရန် နေ့စဉ်လာနေရဦးမည် အသက် ၆၀အရွယ် စာကလေးရောင်းသူ ဦးစိန်မြင့်
ကိုဗစ် ၁၉ ဒုတိယလင်းကြောင့် Stay at Home လုပ်ထားသည့် ရန်ကုန်မြို့မာ တိတ်ဆိတ်ပြီး လူမရသော်လည်း အသက် ၆၀ အရွယ် စာကလေး ရောင်းသူ ဦးစိန်မြင့်ကတော့ ဈေးထွက်နေရဆဲ ။
စားသောက်ကုန်ဆိုင်အချို ဝယ်သူမရ ပိတ်ထားချိန် လည်းတန်းဦးထွန်းလင်းခြံ လမ်းထိပ်ကို နံနက် ၉ နာရီခန့် အရောက်လာပြီးတခါတရံ ညနေစောင်းအထိ ဈေးဦး မပေါက်ပေမယ့် ဦးစိန်မြင့် အတွက် စာကလေးရောင်းခြင်း ကလွ၍ အခြားရွေးစရာ မရ။ဤလမ်းတွင် စာကလေးရောင်းသည်မာ ၅ နစ်ခန့် ရပေမယ့် လမ်းထဲမ လမ်းထိပ်သို့ နေရာပြောင်း ရောင်းခြင်းမ လွ၍ တခြား အလုပ် ပြောင်းဖို့ သူမစဉ်းစားတတ်။
တကောင်၅၀၀ ကျပ်ဖြင့် ရောင်းသော ငက်များက အရင် တနေ့အ ကောင် ၈၀ ခန့် ကုန်ကာ ငွေတသောင်းခွဲခန့် ဝင်သော်လည်း အခုအခါ ၁၀ ကောင် ၁၅ ကောင်သာ ရောင်းရပြီး ငွေကျပ် ၃ ထောင်ခန့်ဖြင်သာ အိမ်ပြန်ရသဖြင့် ဒလမလာသည့် သူ့အတွက် အသွားအပြန် စရိတ်နတ်ပါက စားဖို့ပင် မလောက်။ ထို့အတွက် သမုဒ္ဒရာ ဝမ်းတထွာကြောင့် တားမြစ်မိန့်ကို လစ်လျူရကာ မြို့နယ်အသီးသီးကို ဖြတ်၍ လည်းတန်းသို့ သူလာရသည်။
၁၉၈၀ ကျော်ကာလက ၁၀ တန်းအောင်ကာ အစိုးရလေကြောင်းလိုင်းတွင် စာရေးအဖြစ် အသက်မွေးခဲ့သည့် ဦးစိန်မြင့် မာ ယခုအခါ တသိန်းကျော်သာ တန်သည့် အိမ်ပင် ဆောက်ရန် ငွေမရ၊ ရပ်ဆွေရပ်မျိုးများက ဆောက်ပေး၍သာ နေခွင့်ရပြီး၊ အိမ်သာပင်သူများနင့်ရယ်ကာ သုံးနေရသည်ဟု ဆိုသည်။
ပူပေါင်းအရုပ်များ လုပ်ကာ ရောင်းသည့် ဇနီးသည်ကလည်း ကိုဗစ် ကြောင့် အလုပ်ရပ်ထားရသဖြင့် တအိမ်လုံး ထမင်း နပ်မန်ဖို့ အရေးက သူ့ပခုံးပေါ် ရောက်လာသည်။ ဆရာမဖြစ်လိုသည့် ၁၁ နစ်သမီးငယ်နင့် မင်းသားဖြစ်လိုသည့် ၁၃ နစ် အရွယ်သားကို ပညာဆုံးခန်းတိုင်အောင် ကျောင်းထားပေးချင်သေးသည်။
သူ့၏ နေစဉ်ဝင်ငွေများ ရပ်တန့်သွားမည်ကို COVID-19 ရောဂါ ကူးစက်ခံရမည်ထက် ကြောက်သဖြင့် နေ့စဉ် ဒလမ လည်းတန်းသို့ သူလာသည်။ ထို့အတွက် လူမရသည့် လည်းတန်းသို့ ဦးစိန်မြင့် စာကလေးရောင်းရန် နေ့စဉ် လာနေဦးမည်ဖြစ်သည်။Source ; ဧရာဝတီ