ကိုဗစ်ရောဂါကြောင့် ဆေးရုံ(သို့)ကုသရေးစင်တာသို့ ရောက်နေကြသူများအတွက် အတွေ့အကြုံတွေဝေမျှပေးလာတဲ့ သရုပ်ဆောင် မောင်

ကိုဗစ်ရောဂါကြောင့် ဆေးရုံ (သို့) ကုသရေးစင်တာသို့ ရောက်နေကြသူများအတွက် အတွေ့အကြုံတွေဝေမျှပေးလာတဲ့ သရုပ်ဆောင် မောင်

လက်ရှိတွင် ကိုဗစ်ရောဂါပိုး ပျောက်ကင်းသွားပြီဖြစ်တဲ့ သရုပ်ဆောင်မောင်က ကိုဗစ်ရောဂါကြောင့် ဆေးရုံ (သို့) ကုသရေးစင်တာသို့ ရောက်နေကြသူများအတွက် သူကိုယ်တိုင် ဆေးကုသမှုခံယူခဲ့စဉ်က တွေ့ကြုံခဲ့ရသည့် အခြေအနေများကို ပြန်လည် ဝေမျှပေးလာခဲ့ပါတယ်။

” ကိုဗစ်ရောဂါပိုးကြောင့် ဧရာဝတီစင်တာတွင် ဆေးကုသမှုခံခဲ့စဉ်က ကြုံတွေ့ရတာလေးတွေပါ … တာဝန်ရှိသူတွေက အင်းတိုက်အားတိုက် ဆောင်ရွက်ပေးကြတဲ့အပေါ် လူနာတွေဘက်ကလည်း စည်းကမ်းလိုက်နာမှု့ လေးတွေရှိမယ်ဆို ကူညီရာရောက်ပါတယ် …

အစားအသောက်ကိစ္စ

စင်တာတွေမှာ လူနာတွေကို တနေ့ ထမင်း ၃ နပ်အပြင် ရေသန့်နဲ့ မုန့်တွေပါ ပေးပါတယ် … ထမင်းဆိုလည်း တစ်ယောက်စာကိုဝဝလင်လင် စားလို့ရအောင်လုံလောက်အောင်ပေးပါတယ် .. လူနာနဲ့ စေတနာဝန်ထမ်း တွေထိတွေ့မှု့နည်းအောင် အရှေ့စားပွဲပေါ်မှာပဲ လူအရေတွက်နဲ့ ချပေးခဲ့တာပါ …

အဲ့လိုအခါမျိုးမှာ ကိုယ့်တစ်ယောက်စာကိုပဲ ယူပေးစေချင်ပါတယ် … ကိုယ်ကဦးလို့ပဲဆိုပြီး လောဘနဲ့ နေ့ဖို့ညစာတွေ ပိုယူတဲ့အခါကျ နောက်လူတွေ မရတာမျိုးဖြစ်ရပါတယ် … အဲ့လိုအခါမျိုးတွေမှာဆို အပြင်ကလူတွေဆီထပ်တောင်းရ … PPE တခါဝတ်ရ … နောက်တခါလာ ထက်ပေးရတာတွေဟာ တော်တော်ကို အလုပ်ပိုစေတယ်လို့မြင်မိပါတယ် …

အမှိုက်ကိစ္စ

Positive လူနာတွေဆီက ထွက်လာတဲ့အမှိုက်တွေက အန္တရာယ်အရမ်းများပါတယ် … ဒါတွေကို စေတနာဝန်ထမ်းတွေကသိမ်းပေး ပြစ်ပေးရတာပါ … အမှိုက်တွေကိုဖြစ်သလို ပစ်တာမျိုးမလုပ်ဘဲ သပ်သပ်ရပ်ရပ်ထုတ်ပိုးပြီး ပစ်ပေးသင့်ပါတယ် … maskတွေလက်အိတ်တွေ …စားကြွင်းစားကျန်ဆိုလည်း အဖုံးလေးသေချာပိတ်ပြီး အမှိုက်အိတ်နဲ့လုံအောင်ထုတ်ပိုးပြီး ပစ်ပေးမယ်ဆို သိမ်းရတဲ့တွေအတွက် အရမ်းကိုအဆင်ပြေမှာပါ …

အညစ်အကြေးစွန့်တဲ့ကိစ္စ

ကျွန်တော် အထဲမှာ မြင်တွေ့ခဲ့ရသလောက် အမျိုးသားတွေက ညဘက်ဆီးသွားချင်ရင် ရေသန့်ဘူးနဲ့အလွယ်သွားတတ်ကြတယ်… ဘာကြောင့်လဲဆိုတော့ စုပေါင်းအိမ်သာက အဆောင်ရဲ့အပြင်ဘက်အဝေးမှာရောက်နေလို့ပါ …ဒါပေမယ့်စွန့်ပစ်တဲ့အခါမှာ အိမ်သာထဲမှာ သေချာသွန်ပြီးဆေးကြောသင့်ပါတယ် ..အမှိုက်ထဲ ဆီးဘူးတွေပစ်တော့ သိမ်းရတဲ့သူတွေကို အားနာဖို့ကောင်းသလို မတော်တဆ မှောက်ကျ ဖိတ်ကျခဲ့ရင်လည်း တော်တော်စိတ်ပျက်စရာကောင်းပါတယ်..

အခန်းရှင်းတဲ့ကိစ္စ

ဘယ်သူကမှတာဝန်မပေးထားပေမယ့် ကိုယ်ပြန်တဲ့အခါ ကိုယ့်အခန်းလေးကိုလာခဲ့စဉ်ကအတိုင်း ပြန်ရှင်းပေးခဲ့မယ်ဆို တခြားသူတွေအတွက်အလုပ်ရှုတ်တော်တော်သက်သာသွားမှာပါ..ကျွန်တော်တို့တုန်းကတော့ ပြန်သွားတဲ့သူတွေရဲ့အခန်းတွေကို ကျန်ခဲ့တဲ့သူတွေစုရှင်းခဲ့ပါတယ်..မဟုတ်ရင်တော့ Volunteerတွေက PPE ဝတ်ပြီးလာရှင်းရမှာပါ…တယောက်ချင်းဆီက ကိုယ့်တာဝန်ကိုယ်ယူတာကတော့ အကောင်းဆုံးပါပဲ..

လူနာချင်းရိုင်းပင်းခြင်းကိစ္စ

ကိုဗစ်လူနာတွေမှာ လူနာစောင့်မရှိပါဘူး..အားလုံးကိုယ်ထူကိုယ်ထပါပဲ…အဲ့တော့နေကောင်းကျန်းမာနေတဲ့ သူက ဖျားနာနေတဲ့သူ မောနေတဲ့လူနာတွေကို ပြန်ကူညီပေးဖို့လိုပါတယ် …

အစိုးရကရော အလှူရှင်တွေကရော အကုန်ပူးပေါင်းပြီး ကိုဗစ်ကိုတိုက်ထုတ်တဲ့နေရာမှာ လူနာတွေကလည်း ပါဝင်ပေးမှရမှာပါ … ငါကလူနာပဲဆိုပြီ အပြစ်ထိုင်တင်ပြီး အခန့်သားနေလို့မရပါဘူး … စည်းကမ်းလိုက်နာမှရပါမယ် ” လို့ ရေးသားမျှဝေထားပါတယ်။Credit ; SEIN PHYO & YI Personal Blog

Add a Comment

Your email address will not be published. Required fields are marked *