

တောင်ကြီးမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွား လာနေသူ အယောက်သုံးရာ ကျော်အား အောက်တိုဘာ ၇ ရက်က ၂၀၀ ကျပ်စီ ဒဏ်ရိုက်ခဲ့သည်ဟု တောင်ကြီးမြို့နယ် Covid-19 ကာကွယ် ၊ ကုသ၊ ထိန်းချုပ်ရေးကော်မတီမှ သိရ သည်။

Mask မတပ်ဘဲ သွားလာနေ သူများကို မြို့နယ် Covid-19 ကော်မတီနှင့် စေတနာ့ဝန်ထမ်း အဖွဲ့တို့မှ ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီး ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည် ဟု စေတနာ့ဝန်ထမ်း ဦးဝင်းနိုင်စိုး ကပြောသည်။


စက်တင်ဘာမှ အောက်တိုဘာ လဆန်းပိုင်းအထိ Mask မတပ်ဘဲ အပြင်သွားလာနေကြ သူများအားသတိပေးခြင်း၊ Covid-19 အသိပညာပေးချက် နားထောင်စေခြင်းတို့ကို ၁၁ ကြိမ် ခန့်ပြုလုပ်ထားပြီး ဒဏ်ငွေရိုက်သည့်အစီအစဉ်ကို အောက်တို ဘာ ၇ ရက်က စတင်လုပ်ဆောင် နေခြင်းဖြစ်သည်ဟု တောင်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဈေးများနှင့် လူစုလူဝေးရှိ သည့်နေရာများသို့ သွားလာသူ များအနေဖြင့် နှာခေါင်းစည်း (Mask) မတပ်ပါက ကျပ် ၂၀၀ ဒဏ်ရိုက် အရေးယူမည်ဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက်တွင် ပြော ကြားထားသည်။ Source ; 7 Day

Unicode … တောင်ကြီးတွင် Mask မတပ်ဘဲ အပြင်ထွက်သူ သုံးရာကျော်ကို ၂၀၀ ကျပ်စီ ဒဏ်တပ်

တောင်ကြီးမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွား လာနေသူ အယောက်သုံးရာ ကျော်အား အောက်တိုဘာ ၇ ရက်က ၂၀၀ ကျပ်စီ ဒဏ်ရိုက်ခဲ့သည်ဟု တောင်ကြီးမြို့နယ် Covid-19 ကာကွယ် ၊ ကုသ၊ ထိန်းချုပ်ရေးကော်မတီမ သိရ သည်။

Mask မတပ်ဘဲ သွားလာနေ သူများကို မြို့နယ် Covid-19 ကော်မတီနင့် စေတနာ့ဝန်ထမ်း အဖွဲ့တို့မ ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီး ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည် ဟု စေတနာ့ဝန်ထမ်း ဦးဝင်းနိုင်စိုး ကပြောသည်။

‘‘ Mask မတပ်သူတွေကို လက်ဆေးခိုင်းတယ်၊နောက်Mask တစ်ခုပေးတယ်၊ ဒဏ်ငွေ ၂၀၀ ရိုက်ပြီးတော့ Covid-19 အသိပညာပေး အစီအစဉ်ကို နား ထောင်ခိုင်းတယ် ’’ ဟု ဦးဝင်းနိုင်စိုး ကပြောသည်။

စက်တင်ဘာမ အောက်တိုဘာ လဆန်းပိုင်းအထိ Mask မတပ်ဘဲ အပြင်သွားလာနေကြ သူများအားသတိပေးခြင်း၊ Covid-19 အသိပညာပေးချက် နားထောင်စေခြင်းတို့ကို ၁၁ ကြိမ် ခန့်ပြုလုပ်ထားပြီး ဒဏ်ငွေရိုက်သည့်အစီအစဉ်ကို အောက်တို ဘာ ၇ ရက်က စတင်လုပ်ဆောင် နေခြင်းဖြစ်သည်ဟု တောင်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမ သိရသည်။

ဈေးများနင့် လူစုလူဝေးရ သည့်နေရာများသို့ သွားလာသူ များအနေဖြင့် နာခေါင်းစည်း (Mask) မတပ်ပါက ကျပ် ၂၀၀ ဒဏ်ရိုက် အရေးယူမည်ဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက်တွင် ပြော ကြားထားသည်။ Source ; 7 Day

Add a Comment

Your email address will not be published. Required fields are marked *