အသေးစားငွေချေးလုပ်ငန်းတစ်ခု၏ အမည်တပ်၍ ငွေကြေးလိမ်လည်မှုများရှိနေ

အသေးစားငွေချေးလုပ်ငန်း တစ်ခု၏အမည်တပ်၍ ငွေကြေးလိမ်လည်မှုများရှိနေ

အသေးစား ငွေချေးလုပ်ငန်း တစ်ခု၏ Logo ဖြင့် Acc တစ်ခုဖွင့်၍ massengerမှ လိုက်လံ ဆက်သွယ်ကာ ယုံကြည်အောင်မက်လုံးပေး စည်းရုံးခံရသဖြင့် ငွေအလိမ်ခံခဲ့ရကြောင်း မင်္ဂလာဒုံမြို့နယ်၊ ထောင်ကြံ့၊ တိလောကရပ်ကွက်နေ ကာယကံရှင် အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“သူက အွန်လိုင်းကတဆင့် fb အကောင့်ကိုလှမ်း ဂျွိုင်းတာ၊ ပြီးတော့ massanger ကနေ Hiတယ်။ သူတို့ဆီကနေ ပိုက်ဆံချေးလို့ရတဲ့ အကြောင်းမိတ်ဆက် ပြောတယ်။ ငွေချေးမယ်ဆိုရင် အဖွဲ့ဝင်မဟုတ်တဲ့ လူသစ် တစ်ဦးအေနနဲ့ ပိုက်ဆံ ၅ သိန်းချေးမယ်ဆိုရင် menber ကြေး ငွေကျပ် (၇၀၀၀၀ိ/-) ကို wave money ကနေ အရင်လွှဲပေးရမယ်ပြောတော့ ညီမလည်း ဆိုင်အတွက် အရင်းအနှီးထည့်ဖို့ ငွေလိုနေတာနဲ့ စိတ်ဝင်စားပြီး ဆက်သွယ်မိတာပါ။

သူတို့က ဖုန်းနံပတ် ပေးထားပေမယ့် ဖုန်းနဲ့ ဆက်ပြောတာမဟုတ်ဘူး။ massangerက နေပဲ စာရေးပြောတာ၊ ဖုန်းဆက်ရင် ဖုန်းဝင်တယ်။ ပိုက်ဆံ ခုနစ်သောင်းလွှဲပီးတဲ့အချိန် Pass Word နံပတ်ပြောတဲ့၊ အချိန်လေးပဲ ဖုန်း နဲ့စကားပြောလိုက်ရတယ်။

နာရီဝက်ကြာရင် ငွေငါးသိန်း ပြန်ပို့ပေးလိုက်မယ် ပြောပြီးတာနဲ့fb acc ကို တခါတည်း Blok သွားတယ်။ ဖုန်းလည်း ဆက်လို့မရတော့ဘူး ” ဟု ငွေအလိမ်ခံ ရလိုက်ရသူ မခိုင် (အမည်လွှဲ) ကပြောသည်။

အဆိုပါ ငွေကြေးလိမ်လည်သူသည် ” မေတ္တာရှင် ချေးငွေလုပ်ငန်း ” ဟု အမည်တပ်ထားပြီး ထိုသူနှင့် စကားပြောဆိုခွင့် ရသည့်အချိန်တွင် မိန်းကလေတစ်ဦး၏ အသံဖြစ်ကြောင်း ငွေလွှဲသူက ငွေလွှဲ Password ကို ပြောပြပြီးချိန်နောက်ပိုင်း ဖုန်းဆက်သွယ်၍ မရ တော့ကြောင်း သိရသည်။

၎င်းအနေဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားလိုခြင်းထက် အများပြည်သူ အလိမ် မခံရစေရန် ပြန်လည် မျှ ဝေခြင်းသာဖြစ်ကြောင်း မခိုင် က ပြောဆိုသည် ။ မူရင်းသတင်းရေးသားသူ Top Phonix Media Group အားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ခင်မျာ ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *