

ရန်ကုန်တိုင်း ဒေသကြီးထဲမှာ စားဝတ်နေရေး ခက်ခဲပြီး လူမှုဖူလုံရေးစနစ်မှာ အကျုံးမဝင်တဲ့ အလုပ်သမားတွေ အနေနဲ့သက်ဆိုင်ရာ မြို့နယ်စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးတွေကို စာရင်းပေးသွင်းနိုင်ပြီလို့ မြန်မာနိုင်ငံ စားသောက်ကုန် အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် (FWFM) ထုတ်ပြန်ထားပါတယ်။

လူမှုဖူလုံရေးစနစ်မှာ အကျုံးမဝင်တဲ့ ဆောက်လုပ်ရေးလုပ်သား၊ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ အနှေးယာဉ်နဲ့ ဆိုင်ကယ်တက္ကစီ အလုပ်သမားတွေကို နိုင်ငံတော်က တစ်ယောက်ကို ကျပ် (၃၀၀၀၀) ထောက်ပံ့မှာ ဖြစ်တဲ့အတွက် လျှောက်ထားကြဖို့ တိုက်တွန်းလိုက်တာပါ။

လူမှုစီးပွားရေး အခြေအနေကြပ်တည်းနေကြတဲ့ အလုပ်သမားတွေအနေနဲ့ နာမည်၊ အဖေနာမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ၊ နေရပ်လိပ်စာ ၊ အလုပ်အကိုင်နဲ့ လက်မှတ်၊ မှတ်ချက် ပါတဲ့ Form ကို ဖြည့်သွင်းပြီးတော့ သက်ဆိုင်ရာမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံးတွေကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

လူမှုဖူလုံရေး အကျုံးမဝင်တဲ့ အလုပ်သမားတွေ တစ်ယောက်ကိုကျပ် (၃၀၀၀၀) ပေးမယ်လို့ အောက်တိုဘာလ (၈) ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံချိန် အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့တာပါ။

ရန်ကုန်မှာတော့ အစိုးရခွင့်ပြုထားတဲ့ လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့ လုပ်ငန်းကဝန်ထမ်းတွေ အလုပ်မသွားကြဖို့နဲ့ အထည်ချုပ်လုပ်ငန်းက ဝန်ထမ်းတွေအနေနဲ့လည်း အောက်တိုဘာ (၂၁) ရက်နေ့ အထိ အလုပ်မသွားဖို့ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ထားပါတယ်။ Source ; O Media

Unicode … ထောက်ပံ့ကြေး သုံးသောင်းအတွက် နေ့စားအလုပ်သမားများစာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း ဒေသကြီးထဲမ စားဝတ်နေရေး ခက်ခဲပြီး လူမဖူလုံရေးစနစ်မာ အကျုံးမဝင်တဲ့ အလုပ်သမားတွေ အနေနဲသက်ဆိုင်ရာ မြို့နယ်စက်မဇုန် စီမံခန့်ခွဲမ ကော်မတီရုံးတွေကိုစာရင်းပေးသွင်းနိုင်ပြီလို့ မြန်မာနိုင်ငံ စားသောက်ကုန်အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် (FWFM) ထုတ်ပြန်ထားပါတယ်။

လူမဖူလုံရေးစနစ်မ အကျုံးမဝင်တဲ့ ဆောက်လုပ်ရေးလုပ်သား၊ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ အနးယာဉ်နဲ့ ဆိုင်ကယ်တက္ကစီ အလုပ်သမားတွေကို နိုင်ငံတော်က တစ်ယောက်ကို ကျပ် (၃၀၀၀၀) ထောက်ပံ့မာ ဖြစ်တဲ့အတွက် လျာက်ထားကြဖို့ တိုက်တွန်းလိုက်တာပါ။

လူမစီးပွားရေး အခြေအနေကြပ်တည်းနေကြတဲ့ အလုပ်သမားတွေအနေနဲ့ နာမည်၊ အဖေနာမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမတ် ၊ နေရပ်လိပ်စာ ၊ အလုပ်အကိုင်နဲ့ လက်မတ်၊ မတ်ချက် ပါတဲ့ Form ကို ဖြည့်သွင်းပြီးတော့ သက်ဆိုင်ရာမြို့နယ် စက်မဇုန်စီမံခန့်ခွဲမ ကော်မတီရုံးတွေကို လျာက်ထားရမာ ဖြစ်ပါတယ်။

လူမဖူလုံရေး အကျုံးမဝင်တဲ့ အလုပ်သမားတွေ တစ်ယောက်ကိုကျပ် (၃၀၀၀၀) ပေးမယ်လို့ အောက်တိုဘာလ (၈) ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ အစိုးရတာဝန်ရသူတွေ တွေ့ဆုံချိန် အလုပ်သမား လူဝန်မကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့တာပါ။

ရန်ကုန်မတော့ အစိုးရခွင့်ပြုထားတဲ့ လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့ လုပ်ငန်းကဝန်ထမ်းတွေ အလုပ်မသွားကြဖို့နဲ့ အထည်ချုပ်လုပ်ငန်းက ဝန်ထမ်းတွေအနေနဲ့လည်း အောက်တိုဘာ (၂၁) ရက်နေ့ အထိ အလုပ်မသွားဖို့ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ထားပါတယ်။ Source ; O Media

Add a Comment

Your email address will not be published. Required fields are marked *