အသစ်ဖြစ်လာသော တောင်တရုပ်ပြင်လယ်က မုန်တိုင်းငယ် (သို့) မြန်မာနိုင်ငံ အလယ်ပိုင်းကို ရွေမိုးငွေမိုးပေးနိုင်သော “TD 17 W “

အသစ်ဖြစ်လာသော တောင်တရုပ်ပြင်လယ်က မုန်တိုင်းငယ် (သို့) မြန်မာနိုင်ငံ အလယ်ပိုင်းကို ရွေမိုးငွေမိုးပေးနိုင်သော “TD 17 W ”

JTWC ရဲ့ ယနေ့နံက် ၉ နာရီ ၃၀ မိနစ် ထုပ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်ဘက် ဗီယက်နမ်နိုင်ငံရဲ့ အရှေ့တောင်ဘက် တောင်တရုပ်ပြင်လယ်တွင် မုန်တိုင်းငယ် တစ်လုံး ဖြစ်ပေါ်နေပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံရှိရာ အနောက်ဘက်ကို ဦးတည် ရွေ့လျာ့နေ ပါတယ်။

မုန်တိုင်းငယ်ရဲ့လက်ရှိ လေတိုက်နှုန်းမှာ တစ်နာရီ ၃၀ မိုင် နှုန်းဖြစ်ပါတယ်။ ဆက်လက် အားကောင်းလာကာ မနက်ဖြန် ၁၁ ရက်နေ့ မှာတော့ တစ်နာရီ ၄၅ မိုင်နှုန်းဖြင့် ဗီယက်နမ် ကမ်းခြေအနီးသို့ ရောက်ရှိ လာနိုင်ပါတယ်။ ကျွန်တော် ကြိုတင်ခန့်မှန်းပေးခဲ့တဲ့ရက်ထက် တစ်ရက်စောပြီး ဖြစ်လာတာကိုလဲ တွေ့ရပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ အရင်မုန်တိုင်းငယ်လိုပဲ ဘင်္ဂလားပင်လယ်အော်ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေအပါအဝင် မိုးနည်းရပ်ဝန်း အားလုံးနီးပါးကို မိုးပေမှာဖြစ်ပါတယ်။ အရင်မုန်တိုင်းငယ်နဲ့ မတူ တာက အလယ်ပိုင်းကို မိုးပေးမှာပဲ ဖြစ်ပါတယ်။

အရင်မုန်တိုင်းငယ်က မာနကြီးတဲ့ သူဌေးသမီးနဲ့တူတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကို လှည့်တောင်ကြည့် မသွားမဲ့ အပြင် အလယ်ပိုင်းကို မိုးမပေးပဲ အပူတွေပဲပေးမဲ့ မုန်တိုင်းငယ်လို ဖြစ်နေပါတယ် ။ အခုအသစ်ဖြစ်လာတဲ့ မုန်တိုင်းငယ်ကတော့ တောင်တရုပ်ပြင်လယ်မှာ မွေးဖွားပြီး ဘင်္ဂလားပင်လယ်အော်မှာ ကြီးပြင်းကာ မိုးကိုချစ်တဲ့ ရိုးသားကြိုးစားတဲ့ အလယ်ပိုင်းသားနဲ့ ဖူးစာပါမဲ့ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့ အိမ်မက်ထဲက မိန်းလှလေးလို ဖြစ်လာမှာပါ။

မြန်မာနိုင်ငံ တောင်ပိုင်းကနေ ဖြတ်မှာဆိုတော့ မိုးမလိုတဲ့ တောင်ပိုင်ဒေသတွေကတော့ မိုးမပြတ်လို့ စိတ်ညစ်ရနိုင်တယ်။ အလယ်ပိုင်းကို မိုးပေးမဲ့ မုန်တိုင်းငယ်ကို တောင်ပိုင်းကတော့ သဘောတူမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောင်ပိုင်းကို မိုးများစွာ ရွာသွန်းကာ စိတ်ဒုက္ခ အမျိုးမျိုးပေးပြီးမှ ဘင်္ဂလားပင်လယ်အော်ကိုရောက်မို့လို့ မိဘတွေသဘောမတူဘဲ ခိုးရာလိုက်ပြေးမဲ မိန်းကလေးလို ဖြစ်နေပါတယ်။

သို့သော် တောင်တရုပ်ပြင်လယ်မှာ အသစ်ဖြစ်လာတဲ့ မုန်တိုင်းငယ်မိုးပေးမဲ့ အထဲမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တော့မပါဘူး။ ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့ ဘယ်မုန်တိုင်းလာလာ China High ရှိနေတော့ အခုရက်ပိုင်းထဲ မိုးရဖို့ မလွယ်ဘူး။ဥပမာ ပြောရရင် အချစ်ဦးနဲ့လွဲခဲ့တဲ့ လူပျိုကြီးမိန်းမမုန်းတီးရေး ဖြစ်သနေသလိုပဲ ဘင်္ဂလားပင်လယ်အော်မှာဖြစ်မဲ့ မုန်တိုင်းငယ်ရော အခု တောင်တရုပ်ပင်လယ်မှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ရော ၂ ခုလုံးနဲ့ လွဲပြီးမိုးအရ နည်းနိုင်တယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိုးနည်းရပ်ဝန်းအပါအဝင် တစ်ပြည်လုံးနီးပါး မိုးရမဲ့ရက်ကို အသေးစိပ် တွက်ချက်ပြီး ညနေပိုင်းမှာ ဆက်တင်ပေးသွားပါ မည် ခင်ဗျာ။ ခရက်ဒစ် ဝေဖြိုးဟန် ( လေကြောင်းမိုးလေဝသ)

Tags:

Add a Comment

Your email address will not be published. Required fields are marked *