ယနေ့ (11.10.2020) တစ်နေ့ထဲ ဆေးရုံဆင်းခွင့်ရသူ ၂၆၀၀ ကျော်နဲ့ စံချိန်သစ်တင်
|ယနေ့ (11.10.2020) တစ်နေ့ထဲ ဆေးရုံဆင်းခွင့်ရသူ ၂၆၀၀ ကျော်နဲ့ စံချိန်သစ်တင်
ဒီနေ့အောက်တိုဘာလ (၁၁) ရက်နေ့ ညပိုင်း အစိုးရ ထုတ်ပြန်ချက်မှာ ဆေးရုံက ဆင်းခွင့်ရတဲ့ ကိုဗစ်လူနာဟာ (၂၆၉၂) ယောက်ရှိခဲ့တဲ့အတွက် တစ်ရက်ထဲနဲ့ အများဆုံးစံချိန်တင် ဆေးရုံကဆင်းခွင့်ရတဲ့ စာရင်းဖြစ်ပါတယ်။
ကိုဗစ်ကာလ တစ်ခုလုံးမှာ အရင်တုန်းကတော့ ဆေးရုံက ဆင်းခွင့်ရတဲ့သူဟာ အများဆုံး (၄၀၀) ကျော်အထိပဲ ရှိခဲ့တာပါ။ မနေ့က အောက်တိုဘာလ (၁၀) ရက်နေ့ ညပိုင်း စာရင်းအထိတော့ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်းစာရင်းဟာ အယောက် (၇၀၅၀) ရှိခဲ့တာက နေ ဒီနေ့မှာတော့ (၉၇၄၂) ယောက်အထိ ရှိသွားခဲ့ပါတယ်။
ဒါပေမဲ့ မနေ့ကတော့ ဓာတ်ခွဲနမူနာပေါင်း (၁၆၀၀၀) ကျော်ကိုစစ် ဆေးခဲ့တာမှာ ပိုးတွေ့သူ (၂၁၅၈) ယောက်ရှိခဲ့ပြီး သေဆုံးသူကတော့ (၃၂) ယောက်ပဲ ရှိခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့မှာတော့ ဓာတ်ခွဲ နမူနာပေါင်း (၁၅၀၀၀) နီးပါးကိုစစ် ဆေး ခဲ့ချိန်မှာတော့ ပိုးတွေ့သူ (၁၉၁၀) ယောက် ရှိခဲ့ပြီး သေဆုံးသူကတော့ (၄၈) ယောက်အထိ စံချိန်တင် လာပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာစုစုပေါင်း (၂၇၉၇၄) ယောက်ရှိနေပြီး အဲဒီထဲမှာ ဆေးရုံက ဆင်းခွင့်ရတဲ့သူ (၉၇၄၂)နဲ့ သေဆုံးသူ (၆၄၆) ယောက် ရှိနေပါတယ်။ Source ; O Media
Unicode … ဒီနေ့တစ်နေ့ထဲ ဆေးရုံဆင်းခွင့်ရသူ (၂၆၀၀) ကျော်နဲ့ စံချိန်တင်
ဒီနေ့အောက်တိုဘာလ (၁၁) ရက်နေ့ ညပိုင်း အစိုးရ ထုတ်ပြန်ချက်မာ ဆေးရုံက ဆင်းခွင့်ရတဲ့ ကိုဗစ်လူနာဟာ (၂၆၉၂) ယောက်ရခဲ့တဲ့အတွက် တစ်ရက်ထဲနဲ့ အများဆုံးစံချိန်တင် ဆေးရုံကဆင်းခွင့်ရတဲ့ စာရင်းဖြစ်ပါတယ်။
ကိုဗစ်ကာလ တစ်ခုလုံးမာ အရင်တုန်းကတော့ ဆေးရုံက ဆင်းခွင့်ရတဲ့သူဟာ အများဆုံး (၄၀၀) ကျော်အထိပဲ ရခဲ့တာပါ။ မနေ့က အောက်တိုဘာလ (၁၀) ရက်နေ့ ညပိုင်း စာရင်းအထိတော့ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်းစာရင်းဟာ အယောက် (၇၀၅၀) ရခဲ့တာက နေ ဒီနေ့မာတော့ (၉၇၄၂) ယောက်အထိ ရသွားခဲ့ပါတယ်။
ဒါပေမဲ့ မနေ့ကတော့ ဓာတ်ခွဲနမူနာပေါင်း (၁၆၀၀၀) ကျော်ကိုစစ် ဆေးခဲ့တာမာ ပိုးတွေ့သူ (၂၁၅၈) ယောက်ရခဲ့ပြီး သေဆုံးသူကတော့ (၃၂) ယောက်ပဲ ရခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့မာတော့ ဓာတ်ခွဲ နမူနာပေါင်း (၁၅၀၀၀) နီးပါးကိုစစ် ဆေး ခဲ့ချိန်မာတော့ ပိုးတွေ့သူ (၁၉၁၀) ယောက် ရခဲ့ပြီး သေဆုံးသူကတော့ (၄၈) ယောက်အထိ စံချိန်တင် လာပါတယ်။ အခုအချိန်မာတော့ မြန်မာနိုင်ငံမာ ပိုးတွေ့လူနာစုစုပေါင်း (၂၇၉၇၄) ယောက်ရနေပြီး အဲဒီထဲမာ ဆေးရုံက ဆင်းခွင့်ရတဲ့သူ (၉၇၄၂)နဲ့ သေဆုံးသူ (၆၄၆) ယောက် ရနေပါတယ်။ Source ; O Media