အခုအချိန်မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ သက်ကြီး ရွယ်အိုတွေကို ပိုပြီးအထိနာစေတာကြောင့် အများစုဟာ ကိုယ့်အိမ်က မိဘဘိုးဘွားတွေကို ဂရုတစိုက်နဲ့ စောင့်ရှောက်နေရတဲ့ ကာလပါ။ ဘိုးဘွားမိဘ တွေဆီ ကိုဗစ်ပိုးမကူးအောင် လူငယ်တွေက ဂရုတစိုက် နေထိုင်နေရသလို အရိပ်တကြည့်ကြည့်နဲ့လည်း စောင့်ရှောက်နေရပါတယ်။
ပုလိပ်ချည်မျှင်စက်ရုံ စတင်လည်ပတ်တော့ ၎င်း၏ခင်ပွန်းဖြစ်သူက စက်ရုံ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ရင်း လက်ရှိနေထိုင်ရာ မန္တလေးမြို့ ၇၂ လမ်း ၃၂ လမ်းထောင့်ရှိ စိတ္တရမဟီ ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ နေထိုင်လာခဲ့ကြတာ အခုဆိုနှစ်ပေါင်း ၅၀ကျော်ခဲ့ပြီ။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားချိန်မှာတော့ အားလုံးစီးပွားရေးလုပ်ငန်းများ ထိုက်ခိုက်မှုများရှိရာ ဒေါ်ညိုလဲ ပါဝင်လာခဲ့တယ်။ ၎င်း နေထိုင်ရာ ၈ ပေပတ်လည် ဆိုင်ခန်းလေးအား နှစ်စဉ် လိုင်စင်ခွန်နှင့် လစဉ်ကြေးပေးဖို့ပါ ဒေါ်ညို အခက်အခဲရှိလာတယ်။ ၎င်းဆိုင်လေးမှ ရှာဖွေစုဆောင်းထားသည့် ငွေကြေးအနည်းငယ်နဲ့ ယခင်ကအများလာရောက် ပေးကမ်းလှူဒါန်းကြသည့် ငွေကြေးများကလည်း စားသောက်စရိတ်အတွက် ပါသွားခဲ့တယ်။
ကိုဗစ်ကာလ စားရေးသောက်ရေးအတွက် ရပ်ကွက်မှပေးသည့် ဆန် ဆီဆား ထောက်ပံ့ကြေးများရရှိသလို စေတနာရှင်အချို့ကစားစရာများ လာရောက်ပေးကမ်းသည့်အတွက် စားရေးမှာ အဆင်ပြေ သော်လည်း နှစ်စဉ် မြို့တော်စည်ပင် အခွန်ဌာနသို့ ပေးသွင်းနေရသည့် လိုင်စင်ခွန်နှင့် လစဉ်ကြေး ၂ သိန်း ၈ သောင်းကျပ်ကို မပေးသွင်းနိုင်လျှင် ၎င်းနေထိုင်ရာနေရာလေး ပျောက်သွားမည်ကို လည်း အဖွားအို ဒေါ်ညိုတစ်ယောက် ရတက်မအေးနိုင်ဘဲ ရှိနေတယ်။
အဖွားဒေါ်ညိုဟာ ၎င်း၏ ၈ ပေပတ်လည် အခန်းလေး နေစရာပျောက်သွားမှာ စိုးရိမ်နေသည့် အကြောင်းတရားကလည်း လမ်းပေါ်မှ တခြားသူများ လာရောက်စွန့်ပစ်ထားသည့် ကြောင်ကလေးများနှင့် ခွေးလေးများအား ခေါ်ယူမွေးစားထားသည့်အတွက် ၎င်းတို့ခိုကိုးရာမဲ့သွားမယ့် အရေးကိုလည်း တွေးပူနေပါတယ်။
ယခင် အချိန်များက တစ်နေကုန် တစ်ကုတ်ကုတ် အပ်ထည်တွေနဲ့ အလုပ်ရှုပ်နေတက်တဲ့ ဒေါ်ညိုတစ်ယောက် လက်ရှိကိုဗစ်ကာလမှာ တော့ အပ်ထည် အပ်မည့်သူများကို မျှော်နေရပါတယ်။ တစ်ယောက်တည်း စိတ်ဓါတ်မကျစေဖို့ ကိုးကွယ်ရာ တရားစာများ ဖတ်ကာကိုယ့်ကိုယ်ကို အားပေးနေနေလေ့ရှိတယ်။
လက်ရှိအချိန်မှာတော့ ဒေါ်ညိုဟာ အဆိုပါ ၈ ပေပတ်လည် စက်ချုပ်ဆိုင်လေးထဲတွင် တစ်ဦးတည်းနေထိုင်ကာ ၎င်း၏ဖောက်သည်တို့ အပ်သည့် လူကြီးအထည် (ရင်ဖုန်းအကျီ) လေးများကိုချုပ်ရင်း ရပ်ကွက်အတွင်းမှ ချုပ်ခိုင်းသည့် အထက်ဆင်တပ်ခြင်း အပေါက်အပြဲ အထည်လေးများကိုလည်း ထမင်းဖိုးဟင်းဖိုးအဖြစ်ချုပ်ကာ ဒေါ်ညိုတစ်ယောက် ကပ်ဘေးကို တစ်ယောက်တည်း ရင်ဆိုင်ရင်းဘဝကို ဖြတ်သန်းလျက် ရှိနေပါတယ်။ Source ; ဧရာဝတီ
Unicode … ကပ်ဘေးကို အန်တုရင်ဆိုင်နေတဲ့ အခန်းငယ်လေးထဲက အထီးကျန်အမေအို
အခုအချိန်မာ ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ သက်ကြီး ရွယ်အိုတွေကို ပိုပြီးအထိနာစေတာကြောင့် အများစုဟာ ကိုယ့်အိမ်က မိဘဘိုးဘွားတွေကို ဂရုတစိုက်နဲ့ စောင့်ရာက်နေရတဲ့ ကာလပါ။ ဘိုးဘွားမိဘ တွေဆီ ကိုဗစ်ပိုးမကူးအောင် လူငယ်တွေက ဂရုတစိုက် နေထိုင်နေရသလို အရိပ်တကြည့်ကြည့်နဲ့လည်း စောင့်ရက်နေရပါတယ်။
ဒါပေမယ့် အသက် ၇၂ အရွယ်ရပြီဖြစ်တဲ့ ဒေါ်ညိုမာတော့ သူ့အခန်းကျဉ်းလေးထဲမာ သက်မဲ့စက်ချုပ်စက်လေး တစ်လုံးကလွဲလို့ အ ဖော်ရမနေပါဘူး။ ဒေါ်ညို ဒီအခန်းငယ်လေးထဲမာ စက်ချုပ်စက်က လေးကို အဖော်ပြုနေလာခဲ့တာ ကြာခဲ့ပါပြီလေ။ ဒေါ်ညိုက မြင်းခြံဇာတိ။
ပုလိပ်ချည်မျင်စက်ရုံ စတင်လည်ပတ်တော့ ၎င်း၏ခင်ပွန်းဖြစ်သူက စက်ရုံ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ရင်း လက်ရနေထိုင်ရာ မန္တလေးမြို့ ၇၂ လမ်း ၃၂ လမ်းထောင့်ရ စိတ္တရမဟီ ရပ်ကွက်အတွင်းသို့ ပြောင်းရွ နေထိုင်လာခဲ့ကြတာ အခုဆိုနစ်ပေါင်း ၅၀ကျော်ခဲ့ပြီ။
ဒေါ်ညိုတို့ မိသားစုလေးဟာ သားလေးယောက်နင့် ပျော်ရွင်စရာမိသားစုလေးအဖြစ် ဖြတ်သန်းခဲ့ရဖူးပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ ၁၅ နစ်မာ ဒေါ်ညိုခင်ပွန်း ကွယ်လွန်သွားခဲ့တယ်။ မုဆိုးမဘဝနဲ့ သား လေးယောက်မိခင် ဒေါ်ညိုဟာ စက်ကလေးချုပ်ရင်း ရုန်းကန်ခဲ့ပါသေးတယ်။ သားလေးယောက်ဟာလည်း အကြောင်းအမျိုးမျိုးတွေကြောင့် ဒေါ်ညိုနဲ့ သေကွဲတွေကွဲကွာသွားခဲ့ကြတယ်။နောက်ဆုံး တော့ အခန်းကျဉ်းလေးထဲမာ ဒေါ်ညိုတစ်ယောက်တည်း ကျန်ခဲ့ပြီး တစ်ယောက်တည်းနေလာတာ ခုဆို ၅ နစ်ကျော်ပြီပေါ့။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားချိန်မာတော့ အားလုံးစီးပွားရေးလုပ်ငန်းများ ထိုက်ခိုက်မများရရာ ဒေါ်ညိုလဲ ပါဝင်လာခဲ့တယ်။ ၎င်း နေထိုင်ရာ ၈ ပေပတ်လည် ဆိုင်ခန်းလေးအား နစ်စဉ် လိုင်စင်ခွန်နင့် လစဉ်ကြေးပေးဖို့ပါ ဒေါ်ညို အခက်အခဲရလာတယ်။ ၎င်းဆိုင်လေးမ ရဖွေစုဆောင်းထားသည့် ငွေကြေးအနည်းငယ်နဲ့ ယခင်ကအများလာရောက် ပေးကမ်းလဒါန်းကြသည့် ငွေကြေးများကလည်း စားသောက်စရိတ်အတွက် ပါသွားခဲ့တယ်။
ကိုဗစ်ကာလ စားရေးသောက်ရေးအတွက် ရပ်ကွက်မပေးသည့် ဆန် ဆီဆား ထောက်ပံ့ကြေးများရရသလို စေတနာရင်အချို့ကစားစရာများ လာရောက်ပေးကမ်းသည့်အတွက် စားရေးမာ အဆင်ပြေ သော်လည်း နစ်စဉ် မြို့တော်စည်ပင် အခွန်ဌာနသို့ ပေးသွင်းနေရသည့် လိုင်စင်ခွန်နင့် လစဉ်ကြေး ၂ သိန်း ၈ သောင်းကျပ်ကို မပေးသွင်းနိုင်လျင် ၎င်းနေထိုင်ရာနေရာလေး ပျောက်သွားမည်ကို လည်း အဖွားအို ဒေါ်ညိုတစ်ယောက် ရတက်မအေးနိုင်ဘဲ ရနေတယ်။
အဖွားဒေါ်ညိုဟာ ၎င်း၏ ၈ ပေပတ်လည် အခန်းလေး နေစရာပျောက်သွားမာ စိုးရိမ်နေသည့် အကြောင်းတရားကလည်း လမ်းပေါ်မ တခြားသူများ လာရောက်စွန့်ပစ်ထားသည့် ကြောင်ကလေးများနင့် ခွေးလေးများအား ခေါ်ယူမွေးစားထားသည့်အတွက် ၎င်းတို့ခိုကိုးရာမဲ့သွားမယ့် အရေးကိုလည်း တွေးပူနေပါတယ်။
ယခင် အချိန်များက တစ်နေကုန် တစ်ကုတ်ကုတ် အပ်ထည်တွေနဲ့ အလုပ်ရပ်နေတက်တဲ့ ဒေါ်ညိုတစ်ယောက် လက်ရကိုဗစ်ကာလမာ တော့ အပ်ထည် အပ်မည့်သူများကို မျနေရပါတယ်။ တစ်ယောက်တည်း စိတ်ဓါတ်မကျစေဖို့ ကိုးကွယ်ရာ တရားစာများ ဖတ်ကာကိုယ့်ကိုယ်ကို အားပေးနေနေလေ့ရတယ်။
ရပ်ကွက်နင့် တခြားလာရောက် ကျွေးမွေးကြသူများ အတွက်လည်း အဖွားဒေါ်ညိုသည့် နေ့စဉ် ဘုရားဝတ်တက်ကာ အမျပေးဝေဆုတောင်း ပေးတတ်တယ်။ တခါတရံတော့ သားတွေကို သတိရလို့ မျက်ရည်ဝဲကာ ဓါတ်ပုံလေးတွေ ထုတ်ကြည့်ပြီး မျက်ရည်ဝဲချင်ဝဲနေတတ်တယ်။
လက်ရအချိန်မာတော့ ဒေါ်ညိုဟာ အဆိုပါ ၈ ပေပတ်လည်စက်ချုပ်ဆိုင်လေးထဲတွင် တစ်ဦးတည်းနေထိုင်ကာ ၎င်း၏ဖောက်သည်တို့ အပ်သည့် လူကြီးအထည် (ရင်ဖုန်းအကျီ) လေးများကိုချုပ်ရင်း ရပ်ကွက်အတွင်းမ ချုပ်ခိုင်းသည့် အထက်ဆင်တပ်ခြင်း အပေါက်အပြဲ အထည်လေးများကိုလည်း ထမင်းဖိုးဟင်းဖိုးအဖြစ်ချုပ်ကာ ဒေါ်ညိုတစ်ယောက် ကပ်ဘေးကို တစ်ယောက်တည်း ရင်ဆိုင်ရင်းဘဝကို ဖြတ်သန်းလျက် ရနေပါတယ်။ Source ; ဧရာဝတီ
Add a Comment
Your email address will not be published. Required fields are marked *