မင်္ဂလာဆောင်မှာ လူတွေကိုဖိတ်မကျွေးပဲ ခွေးအကောင် ၅၀၀ ကိုဧည့်ခံကျွေးမွေးခဲ့တဲ့ စုံတွဲ
မင်္ဂလာဆောင်မှာ လူတွေကိုဖိတ်မကျွေးပဲ ခွေးအကောင် ၅၀၀ ကိုဧည့်ခံကျွေးမွေးခဲ့တဲ့ စုံတွဲ
အိန္ဒိယနိုင်ငံ Odisha ပြည်နယ်က Eureka နဲ့Joanaတို့စုံတွဲဟာ လွန်ခဲ့သော ၃ နှစ်ကတည်းက ဒိတ်နေကြတာ။ သူတို့ မင်္ဂလာဆောင်ရင် တစ်ခုခုအမှတ်တရလေး ဖြစ်ချင်တယ် ။Eureka က ပိုင်းလော့ကနေ ရုပ်ရှင် ဒါရိုက်တာဖြစ်လာသူ တစ်ဦးဖြစ်ပြီး Joana ကတော့ သွားဆရာဝန် တစ်ဦးပဲ ဖြစ်ပါတယ် ။
စည်းကမ်းတကျနဲ့ Animal shelter သွားပြီး ကယ်ဆယ်ထားတဲ့ ခွေးအကောင် ၅၀၀ အတွက် ဆေးပစ္စည်းတွေနဲ့ ထမင်းနဲ့ဟင်းကို ပရိုတိန်းပြည့်ဝပြီး အရသာရှိအောင် သေချာစီစဉ်ပြီး လှူဒါန်း ခဲ့ပါတယ်။
သူတို့ဟာ ငွေစုပြီး အလှူလုပ်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ် ဖြစ်လိုက်တာကြောင့် လက်ထဲမှာ ငွေမကျန်သလောက် ဖြစ်သွားပါတယ်။ ဒါ ပေမယ့် ဘဏ်ကနေချေးငွေယူပြီး သူတို့လှူဖို့ ဆုံးဖြတ်ထားတဲ့ Animal Shelter ကိုသွားပြီး လှူခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ မင်္ဂလာပွဲအတွက် ဘာမှအထွေအထူး မစီစဉ်ခဲ့ပဲ သတို့ သမီး Joana က သတို့သား Eureka ရဲ့ အမေ မင်္ဂလာဆောင်တုန်းက ဆာရီကိုပဲ ပြန်ဝတ်ခဲ့ပါတယ်။ အဲ့ဒီအတွက် သတို့သား Eureka ရဲ့ ကင်ဆာနဲ့ သေဆုံးသွားတဲ့ အမေအတွက် အမှတ်တရ ဖြစ်ခဲ့ပါတယ်။
Unicode … မင်္ဂလာဆောင်မာ လူတွေကိုဖိတ်မကျွေးပဲ ခွေးအကောင် ၅၀၀ ကိုဧည့်ခံကျွေးမွေးခဲ့တဲ့ စုံတွဲ
အိန္ဒိယနိုင်ငံ Odisha ပြည်နယ်က Eureka နဲ့Joanaတို့စုံတွဲဟာ လွန်ခဲ့သော ၃ နစ်ကတည်းက ဒိတ်နေကြတာ။ သူတို့ မင်္ဂလာဆောင်ရင် တစ်ခုခုအမတ်တရလေး ဖြစ်ချင်တယ် ။Eureka က ပိုင်းလော့ကနေ ရုပ်ရင် ဒါရိုက်တာဖြစ်လာသူ တစ်ဦးဖြစ်ပြီး Joana ကတော့ သွားဆရာဝန် တစ်ဦးပဲ ဖြစ်ပါတယ် ။
သူတို့ဟာ လမ်းဘေးက ခွေးတွေကို လိုက်ကျွေးတာ မျိုးမလုပ်ဘူး။ လူတွေကိုလည်း အန္တရာယ်မရတဲ့ တိရစ္ဆာန်တွေကိုလည်း စနစ်တ ကျ ကယ်ဆယ်ထားတဲ့ နေရာကို ရွေးချယ်ခဲ့တယ်။
စည်းကမ်းတကျနဲ့ Animal shelter သွားပြီး ကယ်ဆယ်ထားတဲ့ ခွေးအကောင် ၅၀၀ အတွက် ဆေးပစ္စည်းတွေနဲ့ ထမင်းနဲ့ဟင်းကို ပရိုတိန်းပြည့်ဝပြီး အရသာရအောင် သေချာစီစဉ်ပြီး လဒါန်း ခဲ့ပါတယ်။
သူတို့ဟာ ငွေစုပြီး အလလုပ်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ် ဖြစ်လိုက်တာကြောင့် လက်ထဲမာ ငွေမကျန်သလောက် ဖြစ်သွားပါတယ်။ ဒါ ပေမယ့် ဘဏ်ကနေချေးငွေယူပြီး သူတို့လဖို့ ဆုံးဖြတ်ထားတဲ့ Animal Shelter ကိုသွားပြီး လခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ မင်္ဂလာပွဲအတွက် ဘာမအထွေအထူး မစီစဉ်ခဲ့ပဲ သတို့ သမီး Joana က သတို့သား Eureka ရဲ့ အမေ မင်္ဂလာဆောင်တုန်းက ဆာရီကိုပဲ ပြန်ဝတ်ခဲ့ပါတယ်။ အဲ့ဒီအတွက် သတို့သား Eureka ရဲ့ ကင်ဆာနဲ့ သေဆုံးသွားတဲ့ အမေအတွက် အမတ်တရ ဖြစ်ခဲ့ပါတယ်။
မင်္ဂလာပွဲအတွက် Animal Shelter ကို နစ်ရက်စောပြီးသွားလခဲ့ကာ စက်တင်ဘာ ၂၅ ရက်နေ့မ ဟိန္ဒူ ဘုရားကျောင်းလေးမပဲ လက်ထပ်ခဲ့ကာ Animal Shelter ကို သွားပြီး ကျွေးမွေးခဲ့ပါသတဲ့။ Source ; Richard Myo Thant
Add a Comment
Your email address will not be published. Required fields are marked *