ယင်းမာပင်မြို့မှ ကိုဗစ်လူနာနှစ်ဦးက ဆေးရုံမှအပြင်ထွက်ပြီးဈေးဝယ်
|ယင်းမာပင်မြို့မှ ကိုဗစ်လူနာနှစ်ဦးက ဆေးရုံမှအပြင်ထွက်ပြီးဈေးဝယ်
ယင်းမာမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်လူနာနှစ်ဦး ယနေ့ညပိုင်း ၆ နာရီခန့် က ဆေးရုံနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးဆိုင်သို့ ဈေးဝယ်ထွက်ရာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။
ယင်းတို့နှစ်ဦး ဈေးဝယ်ရာတွင် ထိတွေ့ခဲ့သော ဈေးဆိုင်ရှင် မိသားစုနှင့် ဈေးဝယ်လာသူ တစ်ဦးကိုလည်း ချက်ချင်းပင် Stay at Home နေထိုင်စေပြီး Swab ယူ စစ်ဆေးသွားမည်ဟု ဆိုသည်။ လူနာနှစ်ဦးသည် ဈေးဝယ်ထွက်စဉ် တလျောက်လုံး Mask များ တပ်ဆင်ထားသည်ဟု ကြက်ခြေနီ ဝန်ထမ်းတစ်ဦးကပြောသည်။
ယင်းမာပင်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့အနေဖြင့် လူနာနှစ်ဦး ထွက်ခွာရာနှင့် ပြန်လာရာ လမ်းတလျှောက် ဆေးဖြန်း ထားကြောင်းသိရသည်။ Source ; MonywaGazette
Unicode … ယင်းမာပင်က ကိုဗစ်လူနာနစ်ဦး အပြင်ထွက် ဈေးဝယ်
ယင်းမာမြို့ ဆေးရုံတွင် ဆေးကုသမ ခံယူနေသည့် ကိုဗစ်လူနာနစ်ဦး ယနေ့ညပိုင်း ၆ နာရီခန့် က ဆေးရုံနင့် မျက်နာချင်းဆိုင်ရ ဈေးဆိုင်သို့ ဈေးဝယ်ထွက်ရာ သဘာဝဘေးစီမံခန့်ခွဲမ ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ကနဦး သတင်းရရသည်။
အဆိုပါ လူနာနစ်ဦးမာ အုံတုံပင် ရဲတပ်ရင်း (၂၈) မ ဖြစ်ပြီး ယခုလ ၁၁ ရက်က ပိုးတွေ့ အဖြေရထားသူများဖြစ်သည်။ “အဓိကတော့ လုံခြုံရေးအင်အား နည်းတယ်။ ဝန်ထမ်းအိမ်ရာက ဝန်ထမ်းတွေကတွေ့လို့ လမ်းအကြောင်းကြားတယ်။ အခုသူတို့ကို ကုတင်နဲ့ လက်ထိပ်နဲ့ တွဲခတ်ထားတယ်။ ရောဂါပျောက်ရင်လည်းသက်ဆိုင်ရာကော်မတီတွေက ဘေးစီမံနဲ့ အရေးယူသွားမယ်လို့သိရပါတယ် ” ဟု ယင်းမာပင်မြို့နယ် ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မး ဦးမင်းနိုင် ဇော်က ပြောပါသည်။
ယင်းတို႕နစ်ဦး ဈေးဝယ်ရာတွင် ထိတွေ့ခဲ့သော ဈေးဆိုင်ရင် မိသားစုနင့် ဈေးဝယ်လာသူ တစ်ဦးကိုလည်း ချက်ချင်းပင် Stay at Home နေထိုင်စေပြီး Swab ယူ စစ်ဆေးသွားမည်ဟု ဆိုသည်။ လူနာနစ်ဦးသည် ဈေးဝယ်ထွက်စဉ် တလျောက်လုံး Mask များ တပ်ဆင်ထားသည်ဟု ကြက်ခြေနီ ဝန်ထမ်းတစ်ဦးကပြောသည်။
ယင်းမာပင်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့အနေဖြင့် လူနာနစ်ဦး ထွက်ခွာရာနင့် ပြန်လာရာ လမ်းတလျာက် ဆေးဖြန်း ထားကြောင်းသိရသည်။ Source ; MonywaGazette