Project K အဖွဲ့အား ဆန္ဒပြစုဝေးသည့် ဦးပညာဝံသအပါအဝင် အနည်းဆုံးငါးဦးကို အမှုဖွင့်ထားဟုဆို

Project K အဖွဲ့ကို ဆန္ဒပြစုဝေးသည့် ဦးပညာဝံသအပါအဝင် အနည်းဆုံးငါးဦးကို အမှုဖွင့်

Project K အဖွဲ့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ရှေ့၌ ဆန္ဒပြစုဝေးမှု ပြုလုပ် သည့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ သံဃာတော် ဦးပညာဝံသ အပါအဝင် အနည်းဆုံးငါးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း၌ အမှုဖွင့်ထား သည်။မင်္ဂလာဒုံရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှူးဇော်မိုးက တရားလိုပြုလုပ်၍ အမှုတိုင်ကြားခြင်းဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဒီမနက်မှ ၈ နာရီမှ ဖွင့် တာ။ ငြိမ်းစုစီမတင်တော့ အမှုဖွင့် ခံရမှာပဲ’’ဟု ၎င်းက ပြောသည်။ ထိုသို့ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်း တို့အနေဖြင့် ဖြေကြားခွင့်မရှိကြောင်း ပြန်လည် ဖြေကြားသည်။

သံဃာတော်များအပါအဝင် အမျိုးသားရေး လှုပ်ရှားသည်ဟု ဆိုသူ အင်အား ၁၀၀ ခန့်က အောက်တိုဘာ ၁၃ ရက် ညတွင် လေဆိပ်၌ စုဝေးပြီး Asia Song Festival 2020 ဖျော်ဖြေပွဲ၌ ရွှေတိဂုံစေတီတော်ပုံကို ဖျော်ဖြေပွဲ စင်မြင့်အခင်း LED တွင် ပြသဖျော် ဖြေခဲ့သည့် Project K အဖွဲ့ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။

လာရောက်စောင့်ဆိုင်းနေ သူများက Project K အလိုမရှိ၊ ဗုဒ္ဓဘာသာစော်ကား အခွင့်အရေး ရယူသည့် Project K အဖွဲ့ မြန်မာပြည်က အမြန်ထွက်သွား စသဖြင့် ဆိုင်းဘုတ်များ ကိုင် ဆောင်ခဲ့သည်။ Project K အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်က ကိုရီးယားနိုင်ငံ၌ ပြုလုပ်သည့် Asia Song Festival 2020 တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဖျော်ဖြေရန် ဖိတ်ခေါ်ခံခဲ့ရသောကြောင့် ကိုရီးယားနိုင်ငံသို့ စက်တင်ဘာ လလယ်ပိုင်းကတည်းက သွား ရောက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။

၎င်းတို့ဖျော်ဖြေသောအခါ စင်မြင့်၏ နောက်ခံအပြင် အောက် ခြေ LED တွင် ရွှေတိဂုံစေတီတော် ပုံကို ပြသထားရာ ယင်းအပေါ်၌ Project K အဖွဲ့က ကပြခဲ့ သော ကြောင့် ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Project K အဖွဲ့က အောက်ခံ LED ၌ ရွှေတိဂုံစေတီပုံ ပြသခဲ့ခြင်းကို ကပြနေသည့်အချိန်တွင် မသိခဲ့ဘဲ ယင်း ပွဲပြီး၍ ဖျော်ဖြေရေး အစီအစဉ်ကို ပြန်လည်ကြည့်ရှုသည့်အချိန်မှ သာ သိရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ လွဲချော်မှုဖြစ်သည့်အ ပေါ် အောက်တိုဘာ ၁၁ ရက်တွင် တောင်းပန်ခဲ့သည်။

အဆိုပါပွဲ စီစဉ်သည့် တာဝန် ရှိသူများအား ထိုဖြစ်ရပ်ကို ပြောပြ သည့်အခါ သိသိချင်း ချက်ချင်းအနူးအညွတ် တောင်းပန်ကြောင်း Project K ကထုတ်ပြန်ထားသည် ။ ပွဲကျင်းပသည့် အဖွဲ့အစည်းဘက်သို့ ယင်းကိစ္စကို ပြောကြားခဲ့သည့် အချိန်တွင် ပထမတင်ထား သည့် ဗီဒီယိုဖိုင်ကိုဖြုတ်ချ၍ အသစ်ပြန်လည် ပြင်ဆင်ကာတင်ပေးခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၁၄ ရက်တွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ Project K အဖွဲ့က ‘‘ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံ ကြည်သော ဗုဒ္ဓဘာသာအပေါ် တွင်လည်းကောင်း ဗုဒ္ဓဘာသာနှင့်ဆက်နွှယ်သည့် သာသနိကအ ဆောက်အအုံ ဘုရားကျောင်းကန်ေ စတီပုထိုးများအပေါ်တွင်လည်း ကောင်း အစဉ်ထာဝရ ဂါရဝ ထားလျက်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံသားများ ဖြစ်ကြပါ သည်။

မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် အမျိုးဘာသာ သာသနာအပေါ် တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ ခြင်းမဟုတ်ပါကြောင်းကို ဗုဒ္ဓဘာသာဝင် မိသားစုများမှ မွေးဖွားခဲ့ သည့် ကျွန်တော်တို့ Project K အဖွဲ့အနေဖြင့် ရိုးသားစွာ လေးမြတ်ရိုကျိုးစွာ ဂါရဝပြု တောင်းပန်အပ်ပါသည်’’ဟုထပ်မံ၍ တောင်းပန်စကား ရေးသားထားသည်။ ထို့အပြင် ယင်းကိစ္စနှင့်ပတ် သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟုဆိုကာ သတင်းအမှားဖြန့်ဝေမှုများလည်း ရှိခဲ့ သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ‘‘ Project-K အဖွဲ့နဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သဘောထားမှတ် ချက် တစ်စုံတစ်ရာ ပြောကြားထားခြင်း လုံးဝမရှိပါ။ လူမှုကွန်ရက်မှာ ဖော်ပြနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားတယ် ဆိုတာတွေ လုံးဝသတင်းအမှား သာဖြစ်ပါသည်’’ဟု ပြောသည်။ Source ; 7DAY NEW JOURNAL

Add a Comment

Your email address will not be published. Required fields are marked *