ခင်ပွန်းဖြစ်သူမှဇနီးသည်အား အိမ်သာထဲမှာ ၁၈ လကြာအထိ တံခါးပိတ်သော့ခတ်ထားမှု အိန္ဒိယတွင် ဖြစ်ပွား

ခင်ပွန်းဖြစ်သူမှဇနီးသည်အား အိမ်သာထဲမှာ ၁၈ လကြာအထိ တံခါးပိတ်သော့ခတ်ထားမှု အိန္ဒိယတွင် ဖြစ်ပွား

အိန္ဒိယနိုင်ငံမြောက်ပိုင်း Haryana ပြည်နယ်၊ Rishpur ရွာမှာ ခင်ပွန်းဖြစ်သူက စတုရန်းပေ ၉ ပေထိသာ ကျယ်ဝန်းတဲ့ အိမ်သာ တစ်ခုမှာ ၁၈ လကြာထိ တံခါးပိတ် သော့ခတ်ထားတဲ့ ဇနီးသည်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ရက်များစွာကြာထိ အစာရေစာ ပြတ်လပ် အားနည်းနေတဲ့ အသက် ၃၅ နှစ်အရွယ် ယင်းအမျိုးသမီးကို ရဲတပ်ဖွဲ့နဲ့ လူမှုဖူလုံရေး အရာရှိများက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ သူမဟာ လမ်းကောင်းကောင်း မလျှာက်နိုင်လောက်အောင် အားနည်းနေတယ်” “ သူမကို အစားအစာတွေပေးတော့ သူမဟာ ချာပါတီ ၈ ခုထိ စားသောက်ခဲ့ပါတယ် ” လို့ ခရိုင်ရဲ့ အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေး အရာရှိ Rajni Gupta က ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ Naresh Kumar ကတော့ ဇနီးသည်ဟာ စိတ်ရောဂါသည် ဖြစ်ကြောင်း ပြောဆိုကာ သူ့ရဲ့ အပြစ်ကို ဖုံးကွယ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က နေရာမှာတင် ဖမ်းဆီးခဲ့ပါတယ်။ သက်သေ အထောက်အထားတွေဟာ Kumar ရဲ့ ပြောဆိုချက် တွေကို ထောက်ပံ့ပေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု ရှိနေတယ်ဆိုတာ မမှန် ကန်ကြောင်း၊ သူမနဲ့ စကားပြောကြည့်ရာမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု မရှိဘူးဆိုတာ ထင်ရှားကြောင်း Gupta က ပြောကြားခဲ့ပါတယ်။

၎င်းတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၇ နှစ်ထိ ရှိနေပြီ ဖြစ်ပြီး အသက် ၁၁ နှစ်မှ ၁၅ နှစ်ကြားအရွယ် ကလေး ၃ ဦးထွန်းကားခဲ့ပါတယ်။ အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို ရဲများက စုံစမ်းစစ်ဆေး နေချိန်မှာ အမျိုးသမီးကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။crd ; အကုန်သိ

Add a Comment

Your email address will not be published. Required fields are marked *