လာမယ့်ရက်သတ္တပတ်တွင် မြန်မာတနိုင်ငံလုံး မိုးများမည်၊ စပါးရိတ်သိမ်းမည့် တောင်သူများ အထူးသတိထားရန်လိုအပ်ဟု မိုးလေဝသ ပညာရှင်ဦးချစ်ကျော် သတိပေး
လာမယ့်ရက်သတ္တပတ်တွင် မြန်မာတနိုင်ငံလုံး မိုးများမည်၊ စပါးရိတ်သိမ်းမည့် တောင်သူများ အထူးသတိထားရန်လိုအပ်ဟု မိုးလေဝသ ပညာရှင်ဦးချစ်ကျော် သတိပေး
အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက် တပတ်အတွင်းမိုးလေဝသအခြေအနေ (19/10/2020 11:45am mst)
ဒေသတချို့ (ရန်ကုန်တိုင်း ပဲခူးတိုင်း) မိုးများခဲ့လို့ တချိုဆည်/ ရေကန်ကြီးများ ရေပြည့်မှတ်ရောက် နေတာလည်း တွေ့ရပါတယ်။သတိပြုလိုတာက ဒီတပါတ်အတွင်းလည်း ရန်ကုန်တိုင်း ပဲခူးတိုင်းအပြင် မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်တွေ ၂၀ ရက်မှ ၂၄ ရက် အတွင်း လေပွေလှိုင်းကြောင့် မိုးထပ်ရနိုင်လို့ ဆည်/ကန်များ ရေလွတ်ရေထိမ်း သတိပြုစေ လိုပါတယ်။
အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်းမှတော့ အလယ်ပိုင်းက စစ်ကိုင်းအောက်ပိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တွေ မိုးအသင့်အတင် ထပ်မံရွာနိုင်ပါတယ်။ အဲဒီရက်များမှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းက နေရာကျဲကျဲ မှ နေရာကွက်ကျား မိုးအနည်းငယ်မှ အသင်အတင့် ရွာနိုင်ပါကြောင်း အသိပေးလိုပါတယ်။
မြန်မာနိုင်ငံ အောက်ပိုင်းမှ လယ်သမားများ လယ်ကွင်းအတွင်း ရေသွင်းရေထုတ် ဂရုစိုက်သင့်သလို လာမဲ့ စပါးရိတ်သိမ်းချိန်တွင် လည်း ချိန်ခါမဟုတ် မိုးများကို အထူးသတိပြုရန် ရှိနေပါကြောင်း ကြိုတင် အသိပေး လိုပါတယ်။
မုတ္တမကွေ့ မြစ်ဝကျွန်းပေါ် ရေလုပ်သားများ နေ့စဉ် မိုးလေဝသသတင်း နားထောင်၍ မိုးလေလှိုင်း ပြင်းထန်ချိန် ဘေးကင်းရာ ခိုလှုံနိုင်ရေး အလေးထား စေလိုပါတယ်။ နောက်တပတ်မှာ ထပ်မံတင်ပြပါမယ်။ ခရက်ဒစ်
Unicode … လာမယ့်ရက်သတ္တပတ် မြန်မာတနိုင်ငံလုံး မိုးများမည်၊ စပါးရိတ်သိမ်းမည့် တောင်သူများ အထူးသတိထားရန်လိုအပ်ဟု မိုးလေဝသ ပညာရင်ဦးချစ်ကျော် သတိပေး
အောက်တိုဘာလ ၂၀ ရက်မ ၂၆ ရက် တပတ်အတွင်းမိုးလေဝသအခြေအနေ (19/10/2020 11:45am mst)
ဒီတပါတ်လည်း လေဖိအားနည်း သိုမဟုတ် လေပွေလင်းဖြစ်ပေါ်နိုင်သေးတဲ့ ရက်သတ္တပါတ် ဖြစ်နေဆဲပါ။ အလယ်ပိုင်းဒေသ တချို့ ( စစ်ကိုင်းအောက်၊ မန္တလေးတိုင်း၊ မကွေးတိုင်း) မိုးရခဲ့လို့ စိတ်သက်သာပါတယ်။
ဒေသတချို့ (ရန်ကုန်တိုင်း ပဲခူးတိုင်း) မိုးများခဲ့လို့ တချိုဆည်/ ရေကန်ကြီးများ ရေပြည့်မတ်ရောက် နေတာလည်း တွေ့ရပါတယ်။သတိပြုလိုတာက ဒီတပါတ်အတွင်းလည်း ရန်ကုန်တိုင်း ပဲခူးတိုင်းအပြင် မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်တွေ ၂၀ ရက်မ ၂၄ ရက် အတွင်း လေပွေလင်းကြောင့် မိုးထပ်ရနိုင်လို့ ဆည်/ကန်များ ရေလွတ်ရေထိမ်း သတိပြုစေ လိုပါတယ်။
အောက်တိုဘာ ၂၄ ရက်မ ၂၆ ရက်အတွင်းမတော့ အလယ်ပိုင်းက စစ်ကိုင်းအောက်ပိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တွေ မိုးအသင့်အတင် ထပ်မံရွာနိုင်ပါတယ်။ အဲဒီရက်များမာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းက နေရာကျဲကျဲ မ နေရာကွက်ကျား မိုးအနည်းငယ်မ အသင်အတင့် ရွာနိုင်ပါကြောင်း အသိပေးလိုပါတယ်။
မြန်မာနိုင်ငံ အောက်ပိုင်းမ လယ်သမားများ လယ်ကွင်းအတွင်း ရေသွင်းရေထုတ် ဂရုစိုက်သင့်သလို လာမဲ့ စပါးရိတ်သိမ်းချိန်တွင် လည်း ချိန်ခါမဟုတ် မိုးများကို အထူးသတိပြုရန် ရနေပါကြောင်း ကြိုတင် အသိပေး လိုပါတယ်။
မုတ္တမကွေ့ မြစ်ဝကျွန်းပေါ် ရေလုပ်သားများ နေ့စဉ် မိုးလေဝသသတင်း နားထောင်၍ မိုးလေလင်း ပြင်းထန်ချိန် ဘေးကင်းရာ ခိုလနိုင်ရေး အလေးထား စေလိုပါတယ်။ နောက်တပတ်မ ထပ်မံတင်ပြပါမယ်။ ခရက်ဒစ်
Tags:
Add a Comment
Your email address will not be published. Required fields are marked *