သူတို့လေးတွေ ဘာသိမှာလဲဗျာ ၄၅ ရက်သားပဲ ရှိသေးတဲ့ အမွှာကလေးတွေပါ ကူးစက်ခံရတဲ့အဖြစ်
|သူတို့လေးတွေ ဘာသိမှာလဲဗျာ ၄၅ရက်သားပဲ ရှိသေးတဲ့ အမွှာကလေးတွေပါ ကူးစက်ခံရတဲ့အဖြစ်
ယနေ့ည မော်လမြိုင် သံလွင်အေး စက်ရုံအဆက် ပိုးထပ်တွေ့လူနာပေါင်း (၄၈) ဦးထဲမှာ သီရိမြိုင် (၅) လမ်းမှ (၄၅) ရက်သားပဲ ရှိ သေးတဲ့ အမွှာကလေး အပါအဝင် (၁၀) နှစ်အောက် ကလေးငယ် (၈) ဦးထိ ပါဝင်လာပါတယ်။
မိခင်တွေဖြစ်တဲ့ အလုပ်သမတွေက ပိုးအရင်တွေ့ပြီး ဆေးရုံကြိုရောက်နေတယ်။ ကလေးတွေက Contact တွေအဖြစ် Q ဝင်ခဲ့ရပြီး ပိုးတွေ ထပ်ကူးစက် ခံရတယ်။
Positive လူနာတွေကို ဆေးရုံကြီး ကုသဆောင်ကို ပို့တော့ အသစ်လုပ်ထားတဲ့ Isolation Ward-3 ကို ပို့ရတော့ မိခင် နဲ့ ကလေးတွေ တကွဲ တပြား။
ရောဂါကြား ပူပင်မှုတွေကြား မိဘနဲ့ သားသမီးတွေ အတူ နေခွင့်မရ။ မိခင်တွေက တောင်းဆိုကြတော့ အားလုံး အဆင်ပြေအောင် Positive ထွက်တဲ့ ကလေးတွေကို မိခင် တွေရဲ့ ရင်ခွင်ဆီကိုတူတူ နေထိုင်ခွင့်ရဖို့ ညချင်းတွင်းကူညီ ဆောင်ရွက် ပို့ဆောင် ပေးခဲ့ပါတယ် …
ဒီကြားထဲ ကလေးငယ်လေး (၂) ယောက်က P ထွက်တယ်။ မိခင်က Negative ထွက်တယ် … ဒါပေမဲ့ ကလေးငယ်လေး (၂) ယောက်ကို စိတ်မချတဲ့ မိခင်ရဲ့ အပူ ရောဂါကူးချင် ကူးပါစေဆိုပြီး ကလေးတွေနဲ့ အတူလိုက်နေခွင့် တောင်းတဲ့ မိခင်ရဲ့အပူကြား ဗျာများခဲ့ရတဲ့ ညပါပဲဗျာ …
ဒီလိုတွေ ထပ်မဖြစ်ဖို့ လူစုလူဝေး ရှောင်ကြပါလို့သာ ပြောချင်ပါတော့တယ်။ တယောက်ကအစ မိသားစုပေါင်းများစွာ ဒုက္ခရောက်နိုင်ပါတယ်။ အဓိကကိုယ်ခံအား ကောင်းတဲ့သူတွေ အချိန်တန် ပြန်ကောင်းနိုင်ပေမဲ့ ရောဂါအခံရှိပြီး ကိုယ်ခံအား မကောင်းတဲ့ သက်ကြီး ရွယ်အိုတွေ … ဘာမှမသိတဲ့ ကလေးငယ် လေးတွေရဲ့အသက်ကို Covid ရဲ့ အစမ်းသပ်ခံ ဓါးစားခံတွေ မဖြစ်စေချင်ပါဘူး …
ဓါးစာခံ ဖြစ် မဖြစ် ဆိုတာက ခုချိန်ထိ မြန်မာပြည်မှာCovid ကြောင့် သေဆုံးသူ (၉၁၄) ဦးထိ ရှိလာပြီးဆိုတာက အကောင်းဆုံးသက်သေပါပဲ … ခရက်ဒစ် ; ဇင်မိုး မော်လမြိုင် RESCUE ကွန်ယက် / မော်လမြိုင် (၁၀) မြို့နယ်ဆောင် CBFQ စခန်း။