I Ph 11 Pro Max နဲ့ Surprise လုပ်ပြီး ကန်တော့ကြလို့ ပျော်နေတဲ့ ခင်လှိုင်








Unicode

ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားကြတဲ့ ဝါရင့်သရုပ်ဆောင်ပြည်သူ့အချစ်တော်တွေထဲမှာ ဆယ်စုနှစ်တွေကတည်းက ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ ယနေ့အချိန်ထိ နေရာယူထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ခင်လှိုင်ကလည်း တစ်ဦးအပါအဝင်ပါပဲ..။

သရုပ်ဆောင်ပိုင်နိုင်ပီပြင်တဲ့အပြင် ရယ်စရာဟာသပြက်လုံးတွေကို မရိုးနိုင်အောင် ဖန်တီးတတ်တဲ့ ဝါရင့်အနုပညာရှင်ဖြစ်သလို အလှူအတန်းတွေမှာလည်း ရက်ရောတတ်ပြီး “ဇဝန” အသင်းကိုလည်း တည်ထောင်ထားတာလည်း ပရိသတ်တွေ သိမြင် မြင်တွေ့ရမှာပါနော်..။

ကျားမ ကြီးငယ် ပရိသတ်မရွေး အားလုံးက ချစ်ခင်ကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်ခင်လှိုင်ကတော့ I phone 11 Pro Max နဲ့ Surprise လုပ်ကာ ကန်တော့ခံရလိုက်ရလို့ အံ့သြဝမ်းသာနေပါတယ်နော်..။

အရမ်းလိုချင်နေတဲ့ I phone 11 Pro Max ကို မိသားစုတွေက သီတင်းကျွတ် အထမ်းအမှတ်လေးအဖြစ် Surprise လုပ်ပြီး ကန်တော့ခဲ့တာဖြစ်ပြီး Surprise မိသွားတဲ့ ခင်လှိုင်ကတော့ အတိုင်းမသိ အံ့သြဝမ်းသာနေတာ ဖြစ်ပါတယ်နော်..။

ချစ်ရတဲ့ မိသားစုလေးရဲ့ Surprise လုပ်ပေးတဲ့ အပျော်လေးတွေနဲ့ အမှတ်တရလေးတွေကိုလည်း ခင်လှိုင်က ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေ ပြောပြထားပါသေးတယ်နော်..။

“ကျွန်တော်အရမ်းချစ်တဲ့ မိသားစုက သီတင်းကျွတ် အထိမ်းအမှတ် ကို မထင်မှတ်ထားပဲ အရမ်းလို ချင်နေ တဲ့ ဖုန်းနဲ့ surprise လုပ်ပြီး ကန်တော့ကြလို့ အရမ်းပျော်မိပါတယ်…….. ဖုန်းဝယ်လို့ လက်ဆောင်တွေအများကြီး ထည့်ပေးတဲ့ Super Mobile MANDALAY က ကိုဆန်းမြင့်အောင်နဲ့ မကြည်ပြာ တို့ကို လည်း ကျေးဇူးတင်ပါတယ်……….” ဆိုပြီး အပျော်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။Photi Credit – Khin Hlaing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *