အများအားဖြင့် မိုးသစ်တောတွေထဲမှာ ပေါက်ရောက်လေ့ရှိတဲ့ ဒီအပင်တွေရဲ့ ပင်စည်တွေဟာ သက်တန့် ယူကလစ်ဆိုတဲ့ နာမည်နဲ့ လိုက်အောင် အပြာ ၊ အစိမ်း ၊ လိမ္မော် ၊ ကြက်သွေးရင့် ၊ ခရမ်းပြာနု စတဲ့ အရောင်ပေါင်းများစွာ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒီလို အရောင်စုံ ဖြစ်ပေါ်နေရခြင်းကတော့ ယူကလစ်ပင်ရဲ့ သစ်ခေါက်က အခွံလဲတဲ့အချိန်မှာ အရောင်တစ်မျိုးချင်းစီ ပြောင်းလဲသွားတာကြောင့် ဖြစ်ပါတယ်။
Eucalyptus deglupta တွေဟာ ကြီးထွားမြန်တဲ့အပင်တွေထဲမှာ ပါဝင်နေပြီး အမြင့်ပေ ၂၅၀ ခန့် နဲ့ ပင်စည်အချင်း ၉၄လက်မ ခန့်အထိ မြင့်မားကြီးထွားလေ့ရှိပါတယ်။ ချောမွတ်တဲ့ပင်စည်ရှိပြီး သူ့ရဲ့အကိုင်းအခက်တွေဟာ အခြားအပင်အများစုလို ယှက်လိမ်ခြင်းမရှိပဲ ပင်စည်မှ ဘေးဘက်အသီးသီးကို ခွဲဖြာသွားလေ့ရှိပါတယ်။
အရွက်တွေကတော့ မျက်နှာချင်းဆိုင် တစ်စုံပုံစံနဲ့ ရှိနေပြီး အရှည် ၆ လက်မခန် အကျယ် ၃ လက်မခန့် အရွယ်အစားရှိပါတယ်။ အကိုင်းအခက်တွေရဲ့ ထိပ်အဆုံးမှာတော့ ပန်းအဖူးခိုင်တွေ ရှိနေပြီး တစ်ခိုင်မှာ ပန်းဖူး ၇ ခုစီပါဝင်နေပါတယ်။ ပန်းဖူးတွေဟာ အဖြူဘက်ကို သန်းနေတဲ့ စိမ်းဖျော့ရောင်ရှိပြီး ပန်းပွင့်ချိန်ကတော့ အပင်ပေါက်ရောက်တဲ့ နေရာအလိုက် တစ်ပင်နဲ့တစ်ပင် တူညီမှုမရှိပါဘူး။
ဒီသစ်ပင်အကြောင်းကို ပထမဆုံး အနေနဲ့ ၁၈၅၀ခုနှစ်မှာ ဂျာမန်-ဒတ်ခ်ျ ရုက္ခဗေဒပညာရှင် Carl Ludwig Blume က ဖော်ထုတ်ကြေငြာ ခဲ့တာဖြစ်ပါတယ်။  deglupta ကတော့ သစ်ပင်အခွံကို လက်တင် ဘာသာနဲ့ ခေါ်ဆိုတာဖြစ်တဲ့ အတွက် Eucalyptus deglupta ကတော့ အခွံနွှာနေတဲ့ ယူကလစ်ပင် လို့ အဓိပ္ပါယ် ရပါတယ်။
ယနေ့အချိန်မှာတော့ ဒီအပင်တွေကို ကမ္ဘာအနှံ့မှာ မျိုးပွားစိုက်ပျိုးလျှက်ရှိပါတယ်။ ဒီအပင်တွေကနေ စက္ကူတွေကို ထုတ်လုပ်လျှက်ရှိပြီး ဖိလစ်ပိုင်ရဲ့ စက္ကူထုတ်လုပ်ရေးမှာ ဒီအပင်တွေဟာ မပါမဖြစ်ပါ ဝင် နေပါတယ်။ ယူကလစ်ဆီတွေကိုတော့ ဆေးဝါးလုပ်ငန်း နဲ့ရေ မွှေးလုပ်ငန်းတွေမှာ အသုံးပြုလေ့ရှိပါတယ်။ ခရက်ဒစ် ; သုတဇုန်
Unicode … ထူးထူးဆန်းဆန်း သက်တန့်ရောင်ဖြစ်နေတဲ့ ယူကလစ်ပင်မျိုးစိတ်အကြောင်း
ကမ္ဘာပေါ်မာ ယူကလစ်ပင် မျိုးစိတ်ပေါင်း ခုနစ်ရာကျော် ရနေတဲ့ပြီးအဲ့ထဲမာ deglupta ယူကလစ်တွေဟာ တမူထူးခြား ပါတယ်။သူ့ကိုတော့ သက်တန့် ယူကလစ်ပင်  rainbow eucalyptus လို့ လူသိ များပါတယ်။ ဒီအပင်ရဲ့ သိပ္ပံနာမည်ကတော့ Eucalyptus deglupta ဖြစ်ပါတယ်။
ဒီသက်တန့် ယူကလစ်တွေရဲ့ မူရင်းပေါက်ရောက်တဲ့ ဒေသတွေက တော့ ဖိလစ်ပိုင် ၊ အင်ဒိုနီးရး နဲ့ ပါပူအာနယူးဂီနီ နိုင်ငံတွေဖြစ်ပါတယ်။ ဒီအပင်တွေကို သက်တန့်သစ်စေး ၊ မင်ဒန်နာရို သစ်စေး (Mindanao gum) လို့လည်း ခေါ်ကြပါတယ်။ မင်ဒန်နာရိုကတော့ ဒီအပင်များ ပေါက်ရောက်ရာ ဖိလစ်ပိုင်တောင်ပိုင်းက ကျွန်းတစ်ကျွန်းရဲ့ နာမည်ဖြစ်ပါတယ်။
အများအားဖြင့် မိုးသစ်တောတွေထဲမာ ပေါက်ရောက်လေ့ရတဲ့ ဒီအပင်တွေရဲ့ ပင်စည်တွေဟာ သက်တန့် ယူကလစ်ဆိုတဲ့ နာမည်နဲ့ လိုက်အောင် အပြာ ၊ အစိမ်း ၊ လိမ္မော် ၊ ကြက်သွေးရင့် ၊ ခရမ်းပြာနု စတဲ့ အရောင်ပေါင်းများစွာ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒီလို အရောင်စုံ ဖြစ်ပေါ်နေရခြင်းကတော့ ယူကလစ်ပင်ရဲ့ သစ်ခေါက်က အခွံလဲတဲ့အချိန်မာ အရောင်တစ်မျိုးချင်းစီ ပြောင်းလဲသွားတာကြောင့် ဖြစ်ပါတယ်။
Eucalyptus deglupta တွေဟာ ကြီးထွားမြန်တဲ့အပင်တွေထဲမာ ပါဝင်နေပြီး အမြင့်ပေ ၂၅၀ ခန့် နဲ့ ပင်စည်အချင်း ၉၄လက်မ ခန့်အထိ မြင့်မားကြီးထွားလေ့ရပါတယ်။ ချောမွတ်တဲ့ပင်စည်ရပြီး သူ့ရဲ့အကိုင်းအခက်တွေဟာ အခြားအပင်အများစုလို ယက်လိမ်ခြင်းမရပဲ ပင်စည်မ ဘေးဘက်အသီးသီးကို ခွဲဖြာသွားလေ့ရပါတယ်။
အရွက်တွေကတော့ မျက်နာချင်းဆိုင် တစ်စုံပုံစံနဲ့ ရနေပြီး အရည် ၆ လက်မခန် အကျယ် ၃ လက်မခန့် အရွယ်အစားရပါတယ်။ အကိုင်းအခက်တွေရဲ့ ထိပ်အဆုံးမာတော့ ပန်းအဖူးခိုင်တွေ ရနေပြီး တစ်ခိုင်မာ ပန်းဖူး ၇ ခုစီပါဝင်နေပါတယ်။ ပန်းဖူးတွေဟာ အဖြူဘက်ကို သန်းနေတဲ့ စိမ်းဖျော့ရောင်ရပြီး ပန်းပွင့်ချိန်ကတော့ အပင်ပေါက်ရောက်တဲ့ နေရာအလိုက် တစ်ပင်နဲ့တစ်ပင် တူညီမမရပါဘူး။
ဒီအပင်ရဲ့ အရွက်တွေကို ကိုလာဝက်ဝံ ၊ Greater Glider လိုအကောင်တွေကသာ စားနိုင်ပြီး အခြားတိရစ္ဆာန်တွေ စားမယ်ဆိုရင်တော့ အဆိပ်ဖြစ်စေပါတယ်။ အရွက်တွေဟာ အမျင်ဓာတ်နည်းသလို အဟာရလည်း များများစားစားပါဝင်မ မရပါဘူး။
ဒီသစ်ပင်အကြောင်းကို ပထမဆုံး အနေနဲ့ ၁၈၅၀ခုနစ်မာ ဂျာမန်-ဒတ်ချ် ရုက္ခဗေဒပညာရင် Carl Ludwig Blume က ဖော်ထုတ်ကြေငြာ ခဲ့တာဖြစ်ပါတယ်။  deglupta ကတော့ သစ်ပင်အခွံကို လက်တင် ဘာသာနဲ့ ခေါ်ဆိုတာဖြစ်တဲ့ အတွက် Eucalyptus deglupta ကတော့ အခွံနွာနေတဲ့ ယူကလစ်ပင် လို့ အဓိပ္ပါယ် ရပါတယ်။
ယနေ့အချိန်မာတော့ ဒီအပင်တွေကို ကမ္ဘာအနမာ မျိုးပွားစိုက်ပျိုးလျက်ရပါတယ်။ ဒီအပင်တွေကနေ စက္ကူတွေကို ထုတ်လုပ်လျက်ရပြီး ဖိလစ်ပိုင်ရဲ့ စက္ကူထုတ်လုပ်ရေးမာ ဒီအပင်တွေဟာ မပါမဖြစ်ပါ ဝင် နေပါတယ်။ ယူကလစ်ဆီတွေကိုတော့ ဆေးဝါးလုပ်ငန်း နဲ့ရေ မွလုပ်ငန်းတွေမ အသုံးပြုလေ့ရပါတယ်။ ခရက်ဒစ် ; သုတဇုန်
Add a Comment
Your email address will not be published. Required fields are marked *