တိမ်းမှောက်လုဆဲဆဲ အခြေအနေဆိုက်ရောက်နေသည့် ဗင်နီဇွဲလား ရေနံတင်သင်္ဘောကြီး

တိမ်းမှောက်လုဆဲဆဲ အခြေအနေဆိုက်ရောက်နေသည့် ဗင်နီဇွဲလား ရေနံတင်သင်္ဘောကြီး

ထရီနီဒက်အန်တိုဘားကိုးရဲ့ ပါရီယာပင်လယ်ကွေ့မှာ ရေနံစိမ်းစည် ၁ သန်းကျော် တင်ဆောင်လာသော သင်္ဘောဟာ တိမ်းမှောက်လုဆဲဆဲ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အချိန်မီ မထိန်းနိုင်ရင် ဒေသတွင်းရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေဖို့ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

ဗင်နီဇွဲလားရဲ့ ရေနံတင်သင်္ဘောဟာ ပျက်စီးမှုတွေ ဖြစ်စပြုနေပြီး ပင်လယ်တွင်းက အခြေအနေကို မျက်မြင်တွေ့သူတွေက ပြန်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ သင်္ဘောအမည်က နာဘာရီမာဖြစ်ပြီး ၂၆၄ မီ တာ ရှည်လျားကာ ဗင်နီဇွဲလားကမ်းလွန် – ထရီနီဒက်အန်တိုဘားကိုး ရေပြင်မှာ ရှိနေတာ ဖြစ်ပါတယ်။

သင်္ဘောပေါ်က ရေနံတွေကို အပြောင်းအရွေ့ မလုပ်ရင် သင်္ဘောနစ်မြုပ်သွားတဲ့ အခါ ညစ်ညမ်းမှုတွေ ဖြစ်လာနိုင်ကြောင်း သိရပြီး ဒီသင်္ဘောကို PDVSAက ၇၄% နဲ့အီတလီကုမ္ပဏီEni S.p.A က ၂၆% ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

အခုအခါ သင်္ဘော၂ စင်းကို ရေနံတွေကဲ့ဖို့ စေလွှတ်ပြီးဖြစ်ကြောင်းသိရပြီး၊ ဗင်နီဇွဲလာ အနေနဲ့ တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း ၃.၂ သန်း ထုတ်လုပ်နေကြောင်းလည်း သိရပါတယ်။ Source – AFP / MRTV

Unicode … တိမ်းမာက်လုဆဲဆဲ အခြေအနေဆိုက်ရောက်နေသည့် ဗင်နီဇွဲလား ရေနံတင်သင်္ဘောကြီး

ထရီနီဒက်အန်တိုဘားကိုးရဲ့ ပါရီယာပင်လယ်ကွေ့မာ ရေနံစိမ်းစည် ၁ သန်းကျော် တင်ဆောင်လာသော သင်္ဘောဟာ တိမ်းမာက်လုဆဲဆဲ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အချိန်မီ မထိန်းနိုင်ရင် ဒေသတွင်းရဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ပျက်စီးစေဖို့ ခြိမ်းခြောက်မတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

ဗင်နီဇွဲလားရဲ့ ရေနံတင်သင်္ဘောဟာ ပျက်စီးမတွေ ဖြစ်စပြုနေပြီး ပင်လယ်တွင်းက အခြေအနေကို မျက်မြင်တွေ့သူတွေက ပြန်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ သင်္ဘောအမည်က နာဘာရီမာဖြစ်ပြီး ၂၆၄ မီ တာ ရည်လျားကာ ဗင်နီဇွဲလားကမ်းလွန် – ထရီနီဒက်အန်တိုဘားကိုး ရေပြင်မာ ရနေတာ ဖြစ်ပါတယ်။

သင်္ဘောပေါ်က ရေနံတွေကို အပြောင်းအရွေ့ မလုပ်ရင် သင်္ဘောနစ်မြုပ်သွားတဲ့ အခါ ညစ်ညမ်းမတွေ ဖြစ်လာနိုင်ကြောင်း သိရပြီး ဒီသင်္ဘောကို PDVSAက ၇၄% နဲ့အီတလီကုမ္ပဏီEni S.p.A က ၂၆% ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

အခုအခါ သင်္ဘော၂ စင်းကို ရေနံတွေကဲ့ဖို့ စေလွတ်ပြီးဖြစ်ကြောင်းသိရပြီး၊ ဗင်နီဇွဲလာ အနေနဲ့ တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း ၃.၂ သန်း ထုတ်လုပ်နေကြောင်းလည်း သိရပါတယ်။ Source – AFP / MRTV

Add a Comment

Your email address will not be published. Required fields are marked *