ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အခြေအနေနှင့် မြန်မာနိုင်ငံဘက်သို့ ဦးတည်နေသော တောင်တရုပ် ပင်လယ်မှ အားကောင်းသောမုန်တိုင်း အခြေအနေ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အခြေအနေနှင့် မြန်မာနိုင်ငံဘက်သို့ ဦးတည်နေသော တောင်တရုပ် ပင်လယ်မှ အားကောင်းသောမုန်တိုင်း အခြေအနေ

၂၃.၁၀.၂၀၂၀ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ် ကမ်းလွန် – ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မုန်းတိုင်းငယ် မဖြစ်ပေါ်မီ အောက်တိုဘာလ ၁၉ ရက်နေ့က ခန့်မှန်းခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ မြောက် – အရှေ့မြောက်ဘက်သို့ရွေ့လျားကာ၊

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားမှ ဖြတ်ကျော်ပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်ကို ဝင်ရောက်ဖို့အတွက် ကမ်းကပ်နေပါပြီဖြစ်ပါတယ်။ ယနေ့ညပိုင်းတွင် ကမ်းတက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

မနက်ဖြန် နံနက်အထိ မိုးရွာသွန်းမှု ခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်သလို ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နေပြည်တော်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှာ နေရာ စိပ်စိပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေရာ ကွက်ကျား ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့ မှာ နေရာကျဲကျဲ မိုးရရှိနိုင် ပါတယ်။

မုန်တိုင်းငယ် ဖြတ်သန်းစဉ် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီး နိုင်ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင်မှ ရေလုပ်သားများ လှေငယ်လေများ သတိထားသင့်ကြောင်း အကြံပြု တင်ပြလိုပါတယ် ။

တစ်ဆက်တည်းမှာပဲ တောင်တရုပ် ပင်လယ်ဘက်က အားအောင် သော မုန်တိုင်းဟာလဲ မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားနေလို့ မြန်မာနိုင်ငံကို အကျိုးသက် ရောက်မှု ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ် ။ ပြောချင် တာက ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေ သော မုန်တိုင်းကပေးတဲ့မိုး မရလိုက်တဲ့ နေရာများ တောင်တရုပ်ပြင်လယ်ဘက်ကလာတဲ့ အားအောင်သော မုန်တိုင်းက မိုးရရှိအုံးမှာ ဖြစ်ပါတယ် ။ Source ; ဝေဖြိုးဟန် ( လေကြောင်းမိုးလေဝသ )

Tags:

Add a Comment

Your email address will not be published. Required fields are marked *