မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန် ချန်ပီယံကာကွယ်ပွဲထိုးရန် စင်ကာပူသို့ရောက်ရှိ

မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန် ချန်ပီယံကာကွယ်ပွဲထိုးရန် စင်ကာပူသို့ရောက်ရှိ

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည်ONE မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲထိုးသတ်ရန် အောက်တိုဘာ ၂၃ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိ လာသည်။

ယခုနှစ်အတွင်း ပထမဆုံး ထိုးသတ်ရသည့်ပွဲ အောင်လ အန်ဆန်သည် ချန်ပီယံ ကာကွယ်ပွဲထိုးသတ်ရန် စင်ကာပူနိုင်ငံသို့ တစ်ပတ်ကြိုတင် ရောက်ရှိလာခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန် သတ်မှတ်ထားသည့်အတိုင်း စစ်ဆေးမှုများ ပြုလုပ် ရမည် ဖြစ်သည်။

အောင်လအန်ဆန်သည် အောက်တိုဘာ ၃၀ ရက်တွင် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး နယ်သာလန် နိုင်ငံသား ဒီရစ်ဒါ နှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။ အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လေးပွဲမြောက် ကာကွယ်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီ နှင့်တစ်ပွဲ ထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ပထမဆုံး ထိုးသတ်ရသည့် ပွဲလည်းဖြစ်ပြီး ယခင်က ဧပြီလတွင် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေ အနေကြောင့် အောက်တိုဘာလ ကုန်မှသာ ထိုးသတ်ရခြင်းဖြစ်သည်။

စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည် Inside the Matrix ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲကို စင်ကာပူနိုင်ငံရှိ စင်ကာပူ အားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံ လုပွဲလေးပွဲနှင့် စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲ အဖြစ် လက်ရှိ ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိ ချန်ပီယံ ခရစ္စတီယန်လီနှင့် စိန်ခေါ်သူ လာပီကတ်စ်၊

ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအဖြစ် လက်ရှိ ချန်ပီယံ မာတင်ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရော ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအဖြစ် လက်ရှိ ချန်ပီယံ ရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယို တို့ ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲနှစ်ပွဲအဖြစ် လိုက်ဝိတ် တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊အမျိုးသမီးပွဲစဉ် တွင် ရီတူဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ် သည်။ Crd ; Aung La Nsang (Burmese Python)

Add a Comment

Your email address will not be published. Required fields are marked *