ရန်ုကုန်တွင် ကိုဗစ်ကိုစတင်ထိန်းနိုင်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

ရန်ုကုန်တွင် ကိုဗစ်ကို စတင်ထိန်းနိုင်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ဖြစ်ပွားမှုကို စတင်ပြီးတော့ ထိန်းနိုင်ပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ (၂၃) ရက် ညပိုင်းက COVID-19 အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူကို တင်ပြတဲ့ အစီရင်ခံစာ မိန့်ခွန်းမှာ ထည့်သွင်းပြောကြား လိုက်ပါတယ်၊၊

ဒါပေမယ့်ထိန်းနိုင်ပြီဆိုတာ ထိန်းနိုင်သွားတယ်လို့ ပြောတာမဟုတ်ပဲ အခုမှစပြီး ထိန်းနိုင်တာပဲ ရှိသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားပါတယ်၊၊

“ ရန်ကုန်မှာ အခုဆိုရင်ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး စပြီးတော့ ထိန်းနိုင်ပါပြီ၊၊ စရုံပဲ ရှိပါသေးတယ်၊၊ ထိန်းနိုင်သွားပြီလို့ ပြောတာမဟုတ်ပါဘူး၊၊ စပြီးတော့ ထိန်းနိုင်ပြီဆိုတာ ဘယ်လိုပြောချင်တာလဲဆိုတော့ အရင်အမြင့်ဆုံးအဆင့်ကနေ ကျလာပြီ၊၊ သို့သော်လည်း အတက်အကျကတော့ ရှိသေးတာပဲ၊၊

လုံးဝဆက်ပြီးတော့ ကျတာမဟုတ်ပါဘူး၊၊ ကျလိုက်၊ နည်းနည်းတက်လိုက်၊၊ နည်းနည်းကျလိုက်၊ တက်လိုက်ပေါ့၊၊ အဲဒီတော့ စပြီးတော့ ထိန်းလို့ရပြီးလို့ ပြောနိုင်ပါတယ်၊၊ ဒါပေမယ့် တကယ့်ကိုပိုင်ပိုင်နိုင်နိုင် ထိန်းနိုင်ဖို့ဆိုရင် ဆက်ပြီးတော့ လုပ်ရအုံးမယ်လို့ ” ပြောပါတယ်၊၊

COVID-19 ဖြစ်ပွားမှုမှာ တစ်နိုင်ငံလုံးအနေနဲ့ကြည့်ရင် ရန်ကုန်တိုင်းဒေသကြီးက အရေအတွက် အရရော၊ ရာခိုင်နှုန်း အရပါ အများဆုံးဖြစ်ပြီး ဒီနောက့်မှာမှ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ပြီးရင် မန္တလေးတိုင်း ဒေသကြီးတို့ဖြစ်တယ်လို့ ပြောပါတယ်၊၊ ဒါပေမယ့် မန္တလေးတိုင်း ဒေသကြီးက အရေအတွက် အရသာ နံပါတ်လေး အဆင့်မှာ ရှိနေတာဖြစ်ပြီး ရာခိုင်နှုန်းအရတော့ မဟုတ်ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊၊

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့က တော့ အရေအတွက် အရရော၊ ရာခိုင်နှုန်းအရပါ ဖြစ်ပွားမှု များပြားတဲ့ ဒေသတွေ ဖြစ်တယ်လို့ ဆိုပါတယ်၊၊ ဒါကြောင့် ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ပြည်သူတွေအနေနဲ့က ဆက်လက်ပြီး သ တိထားရအုံးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကား ပြောကြားပါတယ်၊၊

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ဒေသကြီးနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ရေရှည် စီးပွားရေးအတွက် အချို့စက်ရုံ၊ အလုပ် ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ပေမယ့် ရန်ကုန်မှာ Stay at Home သတ်မှတ်မှု ဆက်လက်ရှိနေတာ ဖြစ်ပြီး ရန်ကုန်နေပြည်သူတွေအနေနဲ့ ဆက်လက်ပြီး စည်းမျည်းစည်းကမ်းတွေအတိုင်း သည်းခံနေထိုင်ပေးကြဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်၊၊ Source ; One News Myanmar

Tags:

Add a Comment

Your email address will not be published. Required fields are marked *