သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းသား (၁၅၇) ဦး အပါအဝင် ၁၆၀ ဦး ကိုဗစ်ကူးစက်ခံရ

သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းသား (၁၅၇) ဦး အပါအဝင် ၁၆၀ ဦး ကိုဗစ်ကူးစက်ခံရ

ပဲခူးတိုင်း ဒေသကြီး ၊ သာယာဝတီ ဗဟိုအကျဉ်းထောင်က အကျဉ်းသားနဲ့ဝန်ထမ်း စုစုပေါင်း (၁၆၀) မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရတယ်လို့ သာယာဝတီမြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူက အောက်တိုဘာ ( ၂၂) ရက်က ပြောပါတယ်။ အကျဉ်းသား (၂၄၁) ဦး အပါအဝင် (၂၅၂) ဦးကို Test kit နဲ့ စစ်ဆေးခဲ့ရာ စုစုပေါင်း (၁၆၀) မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရတယ်လို့ သိရပါတယ်။

အကျဉ်းထောင် အိပ်ဆောင်အမှတ် (၁၁) က အကျဉ်းသား (၂၄၁) ဦး ၊ သင်တန်းကျောင်းက အကျဉ်းသား (၁၀) ဦး နဲ့ ဝန်ထမ်း (၂) ဦး စုစုပေါင်း ( ၂၅၂) ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး အိပ်ဆောင်အကျဉ်းသား (၁၅၇) ဦး၊ သင်တန်းကျောင်း အကျည်သား(၁)ဦးနဲ့ ဝန်ထမ်း (၂) ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ (၁၉) ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သာယာဝတီက အတည်ပြုလူနာ (၂၆) ဦးထဲမှာ သာယာဝတီထောင်က အကျဉ်းသား(၁၆) ဦးပါဝင်တယ်လို့လည်း သာယာဝတီမြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

သာယာဝတီမြို့နယ်မှာ အောက်တိုဘာ (၂၃) ရက်ထိ အတည်ပြုလူနာ စုစုပေါင်း (၂၆၀) ရှိပြီး ပဲခူးတိုင်းဒေသကြီး ကူးစက်မှု ဒုတိ ယ အများဆုံးမြို့နယ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ Crd ; သတင်း သန့်ဇော်(သာယာဝတီ)

Add a Comment

Your email address will not be published. Required fields are marked *